Tuesday, May 7, 2013

နှစ်နိုင်ငံအကြားရှိ စက်မှုဇုန်၏ အနာဂတ်သည် တောင်ကိုရီးယား အာဏာပိုင်များ၏ သဘောထား အပေါ်တွင်သာ မူတည်ကြောင်း မြောက်ကိုရီးယား နိုင်ငံက မေလ ၅ ရက်နေ့တွင် ပြောကြား

ကိုရီးယား နှစ်နိုင်ငံအကြားရှိ စက်မှုဇုန်၏ အနာဂတ်သည် တောင်ကိုရီးယား အာဏာပိုင်များ၏ သဘောထား အပေါ်တွင် သာ မူတည်ကြောင်း မြောက်ကိုရီးယား နိုင်ငံက မေလ ၅ ရက်နေ့တွင် ပြောကြားခဲ့သည်ဟု အစိုးရပိုင် သတင်းဌာန ဖြစ် သည့် KCNA က ဖော်ပြခဲ့ပါသည်။

တောင်ကိုရီးယား နိုင်ငံအနေဖြင့် Kaesong စက်မှုဇုန်၏ အနာဂတ်နှင့် ပတ်သက်၍ အမှန်တကယ်သာ စိုးရိမ်သည် ဆိုလျှင် မြောက်ကိုရီးယား နိုင်ငံအပေါ် ရန်လိုသော မူဝါဒ အားလုံးကို ရပ်တန့်ရန်နှင့် ရန်စသည့်သဘော သက်ရောက် သည့် စစ်ရေး လေ့ကျင့်မှု အားလုံးကို ရပ်ဆိုင်းရန် လိုအပ်ကြောင်း မြောက်ကိုရီးယား အမျိုးသားကာ ကွယ်ရေး ကော်မရှင် (NDC) က ထုတ်ပြန်ချက် တစ်ခုတွင် ပြောကြားခဲ့ ပါသည်။

ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားရန် တောင်ကိုရီးယား နိုင်ငံ က မေလ ၁ ရက်နေ့တွင် အဆိုပြုခဲ့ခြင်းကို တုံ့ပြန်သည့် အနေဖြင့် ကော်မရှင်က အဆိုပါ ထုတ်ပြန်ချက်ကို ထုတ်ပြန် ခဲ့ခြင်း ဖြစ်ပါသည်။


0 comments:

Post a Comment