ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုလွှတ်တော်
ကြေညာချက်အမှတ်(၁/၂ဝ၁၃)
၁၃၇၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက်
(၂ဝ၁၃ ခုနှစ်၊ မေလ ၃ ရက်)
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမအထူးအစည်းအဝေး ကျင်းပရန် ခေါ်ယူခြင်း
နိုင်ငံတော်သမ္မတရုံး၏ ၂ဝ၁၃ ခုနှစ်၊ မတ်လ ၂၂ ရက်စွဲပါ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂ဝ၁၃)ကို ထုတ်ပြန်ပြီး အရေးပေါ် အခြေအနေ ကြေညာခြင်းနှင့် စပ်လျဉ်း၍ အတည်ပြုချက် ရယူနိုင်ရန် အတွက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၈၃ နှင့် ပုဒ်မ ၂၁၂ ပုဒ်မခွဲ(ခ)၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၆ နှင့် ပုဒ်မ ၅၂ တို့အရ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမအထူးအစည်းအဝေးကို နေပြည်တော်၌ ၁၃၇၅ ခုနှစ် ကဆုန်လဆန်း ၁၁ ရက်(၂ဝ၁၃ ခုနှစ်၊ မေလ ၂ဝ ရက်) တနင်္လာနေ့ နံနက်၁ဝ နာရီအချိန်တွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း ကြေညာလိုက်ပါသည်။
(ပုံ)ခင်အောင်မြင့်
နာယက
Saturday, May 4, 2013
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမအထူးအစည်းအဝေး ကျင်းပရန် ခေါ်ယူ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment