Wednesday, May 1, 2013

ဥက္ကံပဋိပက္ခ ဒဏ်ရာရသူ တစ်ဦး ရန်ကုန်ဆေးရုံကြီးတွင်သေဆုံး

Wednesday, May 01, 2013

ဥက္ကံမြို့တွင်ဖြစ်ပွားခဲ့သောပဋိပက္ခကြောင့်ဒဏ်ရာရသူများထဲမှတစ်ဦးမှာယနေ့တွင် သေဆုံးသွားပြီဟုဥက္ကံမြို့ရဲစခန်းမှတာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။"အမျိုးသားပါ။ရန်ကုန်ဆေးရုံမှာတင်ထားတဲ့ရရှိတဲ့ဒဏ်ရာနဲ့ဆုံးသွားပါပြီ"ဟု၎င်းကဆက်ပြောသည်။ပဋိပက္ခဖြစ်စဥင်္ကြောင့်လူ(၁၀)ဦးကျော်ဒဏ်ရာရရှိခဲ့ပြီးထိုတစ်ဦးမှာ သေဆုံးခြင်း ဖြစ်ကြောင်း၎င်းထံမှသိရသည်။ဥက္ကံတွင်အခင်းစတင်ဖြစ်ပွားရာအချိန်မှစ၍ယနေ့အထိလူ(၁၈)ဦးကိုဥပဒေအရဖမ်းဆီးထိန်းသိမ်းထားပြီး၊ကျူးလွန်သူတို့ကိုထပ်မံဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေသည်ဟုသိရသည်။

0 comments:

Post a Comment