အမေရိကရှိ ကျောင်းတစ်ကျောင်းရဲ့စာသင်ခန်းတွင်ဖြစ်သည်။ဆရာက ကျောင်းသားများကို“ကျွန်တော်ရဲ့ရည်မှန်းချက်” ခေါင်းစဉ်ဖြင့်စာစီစာကုံးတစ်ပုဒ် ရေးခိုင်းခဲ့သည်။
ကျောင်းသားတစ်ဦးကသူ၏ရည်မှန်းချက်မှာ“ကျွန်တော်ကြီးပြင်းလာတဲ့အခါ မြေကွက်ကြီးတစ်ကွက်ကိုပိုင်ဆိုင်နိုင်ဖို့ မျှော်လင့်ပါတယ်။အဲဒီမြေကွက်ပေါ်မှာသစ်ပန်၊ပန်းမန်တွေကိုအပြည့်စိုက်ပြီးစိမ်းစိုတဲ့ဥယျာဉ်လုပ်ပါမယ်။ ပြီးတော့ပန်းခြံအလယ်မှာသစ်သားအိမ်လေးတွေဆောက်ပြီးအသားကင်ဖို့နေရာတွေထားရှိပါမယ်။ဟိုတယ်တစ်လုံးကိုလည်း ဆောက်ပြီးကိုယ့်မိသားစုအပြင်အခြားလာရောက်လည်ပတ်သူတွေကိုလည်းအနားယူပင်ပန်းဖြေစေပါမယ်”ဟုရေးသားထားသည်။
ထို့နောက်သူ၏စာစီစာကုံးကိုဆရာ့အားပြရာဆရာကတစ်ချက်ကြည့်ပြီးမင်နီဖြင့်ကြက်ခြေခတ်လိုက်သည်။ဆရာကသူ့အား နောက်စာစီစာကုံးတစ်ပုဒ်ကို ရေးခိုင်းစေခဲ့ပြန်သည်။
ကျောင်းသားကသူရေးထားတဲ့စာစီစာကုံးကို သေချာပြန်ဖတ်ပြီးအမှားမတွေ့သောကြောင့်ဆရာအားထပ်ပြလေသည်။
ဆရာက“မင်းကိုမင်းရဲ့ရည်မှန်းချက်တွေကို ရေးခိုင်းတာ။ဒီလိုအိမ်မက်ဆန်ဆန်စိတ်ကူးယဉ်တာကို ရေးခိုင်းတာမဟုတ်ဘူး၊မင်းရဲ့တကယ့်ရည်မှန်းချက်ကိုဆရာလိုချင်တယ်။မဖြစ်နိုင်တဲ့စိတ်ကူးယဉ်တာကိုဆရာမလိုချင်ဘူး၊နားလည်လား”လို့ ပြောသောအခါ
ကျောင်းသားက“ဆရာ...ဒါကျွန်တော့်ရဲ့တကယ့်ရည်မှန်းချက်ပါ”လို့အားတက်သရောပြန်ဖြေတယ်။“မဟုတ်ဘူး၊ဒါဘယ်လိုမှမဖြစ်နိုင်ဘူး။မင်းအသစ်ပြန်ရေးပါ။တကယ်လို့မင်းမရေးရင်မင်းကိုဆရာ အောင်မှတ်မပေးဘူး။မင်းသေချာစဉ်းစားပါ”
ကျောင်းသားကလည်းထပ်မရေးနိုင်ကြောင်း ခေါင်းခါပြသည်။ နောက်ဆုံးထိုစာစီစာကုံးမှာ“E”အဆင့်သာရခဲ့သည်။
ထိုအဖြစ်အပျက်ဖြစ်ပြီးနောက် နှစ်ပေါင်း(၃၀)အကြာတွင်ငှင်းဆ၇ာက ကျောင်းသားတစ်သိုက်နဲ့အပန်းဖြေပန်းခြံတစ်ခုသို့ ပျော်ပွဲစားရောက်ရှိလာခဲ့သည်။ဆရာက မြက်ခင်းစိမ်းနှင့်ပန်းပေါင်းစုံကို ငေးမောကြည့်ရှုရင်းသင်းပျံ့သောအသားကင်နံ့ကိုရှူရှိက် နေမိသည်။တစ်နေရာတွင်လူလတ်ပိုင်းလူရွယ်တစ်ဦးကဆရာ့ဆီဦးတည်လျှောက်လာပြီးဆရာ၏တပည့်ဖြစ်ခဲ့ဖူးသည်ဟု ပြောဆိုမိတ်ဆက်လေသည်။
လူရွယ်ကဆရာ့ကိုအကြောင်းစုံပြောပြပြီးသူသည်တစ်ချိန်ကစာစီစာကုံးမအောင်သော ကျောင်းသားဖြစ်ခဲ့သည်ဟု ပြောသည်။သို့သော်ယနေ့တွင်သူသည်စာစီစာကုံးထဲကသူ့ရည်မှန်းချက်ဖြစ်သည့်အပန်းဖြေဥယျာဉ်ကြီးတစ်ခုကိုတည်ဆောက်နိုင်ခဲ့ပြီဖြစ်သည်။
ဆရာမှလူငယ်၏စကားကြောင့်လွန်ခဲ့သောအနှစ်(၃၀)ကို ပြန်မြင်ယောင်မိသည။်“နှစ်(၃၀)အတွင်းမှာ ကျောင်းသားဘယ်နှစ်ယောက်ရဲ့ရည်မှန်းချက်အိမ်မက်တွေကိုငါချေဖျက်မိခဲ့သလဲမသိဘူး။မင်းကတော့မင်းရဲ့ရည်မှန်းချက်ကိုငါ့ကြောင့် ချေဖျက်မခံခဲ့တဲ့တစ်ဦးတည်းသော ကျောင်းသားဖြစ်တယ်”
သင်ရော၊သင့်ရည်မှန်းချက်အိမ်မက်တွေသူတစ်ပါးရဲ့ပါးစပ်ဖျားကြောင့် ပျောက်ဆုံးကုန်ခဲ့ရပြီလား။သင့်ရည်မှန်းချက်ကိုဂရုစိုက်ပါ။အခြားဘယ်သူ့ကြောင့်မှအဆုံးရှုံးမခံပါနဲ့။
Wednesday, May 1, 2013
အိမ်မက်တွေ အခိုးမခံရစေနဲ့။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment