Saturday, 04 May 2013 20:12
မန်ချက်စတာ စီးတီး အသင်းသည် မာလာဂါ ကွင်းလယ် ကစားသမား အစ္စကိုအား ခေါ်ယူရေးတွင် ထိပ်ဆုံး နေရာမှ တန်းစီနေကြောင်း သိရှိရသည်။
အသက်(၂၁)နှစ်ရှိ စပိန် ကစားသမားကို ကလပ်အသင်းက ပေါင်စတာလင် (၂၇)သန်း သတ်မှတ်ထားပြီး မန်စီးတီးကလည်း ယင်းငွေကြေးကို ပေးချေရန် တွန့်ဆုတ်နေဖွယ် မရှိဟု ဆိုသည်။ စပိန်၏ တက်သစ်စ ကြယ်ပွင့် Playmaker တစ်ဦးအဖြစ် ညွှန်းဆိုခံရသော အစ္စကိုအား ချယ်လ်ဆီးနှင့် PSG အသင်းများကလည်း စိတ်ဝင်စားနေသည်။ သို့သော်လည်း မန်စီးတီး အားကစား ဒါရိုက်တာ တစ်ကီ ဘီဂရင်စတိန်းသည် မာလာဂါ အသင်း တာဝန်ရှိသူများနှင့် ဆွေးနွေးမှုများ ပြုလုပ်ကာ အစ်တီဟတ်သို့ အစ္စကိုအား ခေါ်ယူရန် စတင် ကြိုးပမ်းနေပြီ ဖြစ်သည်။
အကယ်၍ မန်စီးတီးသည် မန်နေဂျာ ရာထူးတွင် လက်ရှိ မာလာဂါနည်းပြ မန်နျူရယ်လ် ပယ်လီဂရီနီကို ခန့်အပ်နိုင်ခဲ့ပါက အစ္စကိုအား ခေါ်ယူရေးမှာ ပိုမိုလမ်းပွင့်လာဖွယ် ရှိနေသည်။ မာလာဂါ အသင်း၏ အားကစား ဒါရိုက်တာ အာမန်ဒို မာရီယို ဟူစီလော့စ်က "ကျွန်တော်တို့ အသင်းရဲ့ ကစားသမား တချို့ကို မန်စီးတီးက စိတ်ဝင်စားနေတယ်။ အဲဒီအတွက် သူတို့ရဲ့ အားကစား ဒါရိုက်တာ ဘီဂရင်စတိန်းနဲ့လည်း ကျွန်တော်တို့ ဆွေးနွေးဖြစ်ခဲ့ပါတယ်" ဟု ပြောကြားသွားသည်။ မန်စီးတီးသည် ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို လက်လွှတ်လိုက်ရသည့်နောက် နွေရာသီတွင် ကစားသမား (၅)ဦးမျှထိ ခေါ်ယူရန် ပစ်မှတ်ထားလျှက် ရှိသည်။
ကျွန်တော်တို့ အသင်းရဲ့ ကစားသမား တချို့ကို မန်စီးတီးက စိတ်ဝင်စားနေတယ်။ အဲဒီအတွက် သူတို့ရဲ့ အားကစား ဒါရိုက်တာ ဘီဂရင်စတိန်းနဲ့လည်း ကျွန်တော်တို့ ဆွေးနွေးဖြစ်ခဲ့ပါတယ်...
ယင်းတို့အနက် ရှက်တာဒိုးနက်ခ် ကွင်းလယ် တိုက်စစ်သမား ဖာနန်ဒင်ဟိုလည်း ပါဝင်နေကြောင်း သတင်းများက ဖော်ပြလျှက် ရှိသည်။ မန်စီးတီး တောင်ပံလူ စကော့ဆင်ကလဲယားမှာမူ အဲဗာတန်၊ ဆွမ်ဆီးနှင့် အက်စ်တန်ဗီလာ အသင်းတစ်ခုခုသို့ အငှားပြောင်းရွှေ့ဖွယ် ရှိနေကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။
Saturday, May 4, 2013
အစ္စကိုအား ခေါ်ယူရန် မာလာဂါ အသင်းနှင့် မန်စီးတီး ဆွေးနွေး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment