Saturday, May 4, 2013

ဘေးလ်ကို ခေါ်ယူရန် ရှေ့ဆုံးနေရာမှ ကြိုးပမ်းခဲ့ဖူးပြီး မအောင်မြင်ခဲ့ဟု ဖာဂူဆန် ဖွင့်ဟ

Saturday, 04 May 2013 20:15


တစ်ချိန်က ဂါရတ်သ်ဘေးလ်ကို ဝယ်ယူရန် မိမိတို့ ထိပ်ဆုံးနေရာမှ အခွင့်အရေး ရခဲ့ဖူးသော်လည်း မဖြစ်မြောက်ခဲ့ကြောင်း မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ပြောကြားခဲ့သည်။


မန်ယူ အသင်းသည် ဆောက်သမ်တန်တွင် အလားအလာ ကောင်းနေသည့် ဆယ်ကျော်သက် လူငယ်လေးကို ခေါ်ယူလိုကြောင်း ကလပ်အသင်း တာဝန် ရှိသူများထံ အတိအလင်း ဆက်သွယ် ချိတ်ဆက် ခဲ့သော်လည်း ဆောက်သမ်တန် ဘက်က တိတိကျကျ ပြန်ကြားမှု မရှိခဲ့ချေ။ ထို့နောက်တွင်မူ ဝေလလူငယ် တောင်ပံ ကစားသမားလေးသည် တော့တင်ဟမ် ဟော့စပါးသို့ ပြောင်းရွှေ့သွားခဲ့ပြီး ယနေ့ အချိန်တွင်မူ ကမ္ဘာ့အကောင်းဆုံး စာရင်းဝင် ကစားသမား တစ်ဦးအဖြစ် ရပ်တည် လာနိုင်ခဲ့သည်။



ဖာဂူဆန်က "အဲဒီတုန်းကတော့ ဆောက်သမ်တန်ရဲ့ လုပ်ပုံတွေကို ကျွန်တော်တို့ စိတ်ပျက်မိတာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ဘေးလ်အတွက် အရင်ဆုံး ကြိုးစားခဲ့တာ ကျွန်တော်တို့ အသင်းလေ။ ဒါပေမဲ့ သူတို့ဘက်က ဘာပြန်ကြားမှုမှ မရှိခဲ့ဘူး"ဟု ဆိုသည်။ ၎င်းက "အဲဒီတုန်းက ဘေးလ်ဟာ ဘယ်နောက်ခံလူဗျ။ စပါးကို ဟယ်ရီရက်နက်ပ် ရောက်မလာခင်ထိ သူ့ကို ဘယ်တောင်ပံ တိုက်စစ်မှာ နေရာပြောင်း ကစားခိုင်းတာမျိုး မရှိခဲ့သေးဘူး။ ကျွန်တော်တို့ လီရှပ်ကို လက်မှတ်ထိုး ခေါ်ယူခဲ့တုန်းက အခြေအနေကို ပြန်သတိရမိတယ်။ သူနဲ့ ဘေးလ်နဲ့ ကစားပုံ ဆင်တူတယ်လေ။ ရှပ်က သွယ်သွယ်လျလျ အခြေအနေလေးနဲ့ အသင်းကို ရောက်လာတယ်။ သိပ်တောင် မကြာဘူး၊ အမေရိကန် ဟဲဗီးဝိတ် လက်ဝှေ့သမား တစ်ယောက်လို အဆက်အပေါက် ဖြစ်လာတယ်။ ဘေးလ်လည်း ပြီးခဲ့တဲ့ (၂)နှစ်အတွင်း အဲဒီလိုပဲ ကာယအပိုင်းမှာ အများကြီး တိုးတက်လာခဲ့တယ်။ ပြီးတော့ အများကြီးလည်း ပိုရင့်ကျက်လာတယ်"ဟု မှတ်ချက်ပြုခဲ့သည်။

အဲဒီတုန်းကတော့ ဆောက်သမ်တန်ရဲ့ လုပ်ပုံတွေကို ကျွန်တော်တို့ စိတ်ပျက်မိတာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ဘေးလ်အတွက် အရင်ဆုံး ကြိုးစားခဲ့တာ ကျွန်တော်တို့ အသင်းလေ။ ဒါပေမဲ့ သူတို့ဘက်က ဘာပြန်ကြားမှုမှ မရှိခဲ့ဘူး...


ဖာဂူဆန်က "PFA အကောင်းဆုံး ဆုကို သူရသွားတာ ကျွန်တော် မအံ့ဩပါဘူး။ ဒီရာသီ သူ့ရဲ့ ဂိုးသွင်းနှုန်းက အပျံစားပဲလေ။ ရော်ဘင် ဗန်ပါစီအတွက် နည်းနည်း ကံမကောင်းခဲ့တာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မဲပေးကြတဲ့ အချိန်မှာ သူက ဂိုးပေါက် ပျောက်နေတာကိုး။ ဘေးလ်ကတော့ အတောက်ပဆုံး ဖြစ်နေခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ဘေးလ်အတွက် ဒီဆုမျိုး ထိုက်တန်တာ ငြင်းစရာ မရှိပါဘူး"ဟုလည်း ချီးကျူးသွားခဲ့သည်။
Ref: Daily Mail

0 comments:

Post a Comment