Saturday, May 4, 2013

ဘာစီလိုနာ ပစ်မှတ် ဖြစ်လာသည့် လုဇ်ကို ဆက်ထိန်းရေး ချယ်လ်ဆီး ကြိုးစားရဖွယ် ရှိနေ

Saturday, 04 May 2013 18:26
ချယ်လ်ဆီး အသင်း အနေဖြင့် ရာသီကုန်တွင် နောက်ခံလူ ဒေးဗစ်လုဇ်ကို ဆက်လက် ထိန်းသိမ်းနိုင်ရေး ခက်ခဲစွာ ရုန်းကန်ရဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

စပိန်ထိပ်တန်း ကလပ်အသင်း ဘာစီလိုနာသည် ဘရာဇီးလ် လက်ရွေးစင် ကစားသမားကို စတာလင်ပေါင် (၃၅)သန်းဖြင့် ကမ်းလှမ်း ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရှိရသည်။ ချန်ပီယံလိဂ်တွင် စိတ်ပျက်ဖွယ် ရလဒ်ဆိုးများဖြင့် ထွက်ခွာခဲ့ရသည့်နောက် ဘာစီလိုနာသည် အသင်းကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ရည်ရွယ်ထားပြီး ခံစစ်အတွက် လုဇ်ကို စိတ်ဝင်စားလာခြင်း ဖြစ်သည်။ ကာတာလန် အခြေစိုက် အသင်းကြီးသည် လုဇ်ကို လွန်ခဲ့သည့် (၁)နှစ်ကျော် ကတည်းက စောင့်ကြည့်လျှက် ရှိသည်။



အသက်(၂၅)နှစ်ရှိ လုဇ်၏ ယခုရာသီ စွမ်းဆောင်ရည်ကောင်းများသည် ခံစစ်ကစားပုံတွင်သာ မကဘဲ တိုက်စစ်ထိ လိုက်ပါ အားဖြည့်မှုတွင်ပါ မျက်စိကျလောက်စရာ ဖြစ်လာသည်။ လုဇ်သည် ချယ်လ်ဆီးတွင် (၂၀၁၇)ခုနှစ်ထိ စာချုပ်သက်တမ်း ရှိနေပြီး စတမ်းဖို့ဒ်ဘရစ်ဂ်ျတွင် ပျော်ရွှင်နေဟန် ရှိသော်လည်း ဘာစီလိုနာကမူ ကမ်းလှမ်းမှုတစ်ခု စတင်ရန် စိတ်ဆန္ဒ ရှိနေခြင်း ဖြစ်သည်။ ဘာစီလိုနာသည် ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲ အဆင့်တွင် ဘိုင်ယန်မြူးနစ်အား (၂)ကျော့ပေါင်း (၇)ဂိုး ပေးလိုက်ရခြင်းက ထိပ်တန်းပြိုင်ဘက်များနှင့် ယှဉ်လျှင် ခံစစ်အင်အား ယုတ်လျော့လွန်းကြောင်း အထောက်အထားလည်း ဖြစ်လာခဲ့သည်။

ချယ်လ်ဆီး အနေဖြင့် လုဇ်၏ ပြောင်းရွှေ့ကြေးကို ပေါင်စတာလင် သန်း(၄၀)မျှ သတ်မှတ်ထားပြီး ဘာစီလိုနာ အနေဖြင့်လည်း အလေးအနက် ကြိုးစားမှု ပြုလုပ်လာဖွယ် ရှိနေ...
ချယ်လ်ဆီး အနေဖြင့် လုဇ်၏ ပြောင်းရွှေ့ကြေးကို ပေါင်စတာလင် သန်း(၄၀)မျှ သတ်မှတ်ထားပြီး ဘာစီလိုနာ အနေဖြင့်လည်း အလေးအနက် ကြိုးစားမှု ပြုလုပ်လာဖွယ် ရှိနေသည်။ ချယ်လ်ဆီး အနေဖြင့် ရာသီကုန်တွင် မန်နေဂျာ အပြောင်းအလဲဖြင့် အသင်းကို ပုံစံပြောင်း ဖွဲ့စည်းမှုများ ပြုလုပ်လာဖွယ် ရှိနေကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။

0 comments:

Post a Comment