Saturday, May 4, 2013

အချုပ်ကျနေသူ၏ ညီမဖြစ်သူကို အဓမ္မပြုကျင့်သည့်ရဲအား ဖမ်းဆီးချုပ်နှောင်ထား

ရန်ကုန်၊ဧပြီ၊ ၂၉
မန္တလေးတိုင်းဒေသကြီး၊မြင်းခြံမြို့ တွင် အမှတ် ၁ ရဲစခန်းတွင် ခိုးမှုဖြင့် အချုပ်ခံနေရသော အစ်ကိုဖြစ်သူ လွတ် မြောက်ရေးအတွက် ဆောင်ရွက်ပေးမည် ဟုအယုံသွင်းပြောဆိုကာ ညီမဖြစ်သူကို အဓမ္မပြုကျင့်သည့် ရဲဝန်ထမ်းအား ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေချိုး ဖောက်မှုဖြင့် ဖမ်းဆီးအရေးယူထားကြောင်း မြင်းခြံ အမှတ်(၁)စခန်းမှ စခန်းမှူး ရဲအုပ် အောင်ကြီးက လူထုပုံရိပ်သို့ပြောသည်။
]]ရဲတပ်သား ဟန်မင်းထွန်းကို ရဲစည်း ကမ်းထိန်းသိမ်းရေးဥပဒေနဲ့အညီ အရေး ယူထားပါတယ်။ ချုပ်ထားတာလည်း တစ် လကျော်သွားပါပြီ၊ ထောင်ကျမလား၊ဘာ လားဆိုတာတော့ မသိသေးဘူး။ မိန်း ကလေးဘက်ကအမှုဖွင့်ချင်ရင် တရား ရုံးကို ဦးတိုက်လျောက်ရမယ်}}ဟု ၎င်းင်းက ပြောသည်။
ရဲစခန်း၌ ဖမ်းဆီးချုပ်နှောင်ခံရသည့် အစ်ကိုဖြစ်သူထံ ထမင်းချိုင့်ပို့ရာမှ ရဲ တပ်သားဟန်မင်းထွန်းကို သိရှိခဲ့ကြောင်း၊ ၎င်းင်းက အစ်ကိုဖြစ်သူ လွတ်မြောက်ရန် ကူညီပေးမည်ဟုဆိုကာ မတ်လ ၁၈ ရက် တွင် ဒေါ်---ဆိုသည့် အမျိုးသမီးအား ခေါ်ခိုင်း၍ယင်းနှင့်အတူလိုက်သွားခဲ့ ကြောင်း၊ လမ်းထိပ်တွင် ဟန်မင်းထွန်းနှင့် အပေါင်းအပါနှစ်ယောက်တို့ စောင့်ဆိုင်းနေ သည်ကိုတွေ့ရှိရပြီး ဆိုင်ကယ်ပေါ်သို့တက် ခိုင်းပြီးနောက် ဟန်မင်းထွန်း၏ အပေါင်း အပါနှစ်ယောက်က အနောက်မှပိတ်ထိုင် ကာ နွားထိုးကြီးမြို့သို့ ခေါ်ဆောင်သွား ကြောင်း ကာယကံရှင်အသက် ၁၉ နှစ် အရွယ် မ---က လူထုပုံရိပ်သို့ ရင်ဖွင့် ပြောဆိုသည်။
]]ကျန်မက သိသိချင်းခုန်ချမယ်လုပ် တော့ အနောက်ဘက်က ၂ ယောက်က ကျန်မကိုချုပ်ထားတယ်။ ဆိုင်ကယ်တစ်စီး တည်းလေးယောက်စီးသွားတာပါ။ နွားထိုး ကြီးရောက်တော့ အလိုမတူပဲသားမယားပြု ကျင့်တယ်။ ကျန်မကို ပြန်ပို့ပေးဆိုတော့ လည်း မပို့ပေးဘူး။ အစ်ကိုလွှတ်မယ်ဆိုလို့ လိုက်လာတာပါ။ ရည်းစားလည်းမဖြစ်ပါ ဘူး။ အရင်ကသိဖူးတာလည်းမရှိပါဘူး။ ကျန်မကိုလေးရက်ပေါင်းသင်းခဲ့ပါတယ်၊ သူ့မှာမယားနဲ့သားနဲ့ပါ}}ဟု ၎င်းင်းက ဆက် ပြောသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ သား ဖြစ်သူ ဆိုးသွမ်းမှုကြောင့် အချုပ်ထဲကျ ရောက်နေသည်ကို စိတ်ဆိုး၍သွားမကြည့် သောကြောင့် သမီးဖြစ်သူက ထမင်းပို့သွား ရောက်ခဲ့ကြောင်း၊ မတ် ၁၈ ရက်နေ့ည တွင် သမီးဖြစ်သူအား အမျိုးသမီးတစ်ဦး လာရောက်ခေါ်ဆောင်သွားရာမှ ပျောက် ဆုံးသွား၍ လူပျောက်မှုဖြင့် သွားရောက် တိုင်တန်းရာ ရဲစခန်းမှ လက်မခံကြောင်း၊ မတ် ၂၂ ရက်တွင် သမီးဖြစ်သူ ယင်း ရဲစခန်းဝင်းအတွင်း ရောက်ရှိနေကြောင်း ကြားသိရသဖြင့် မြို့နယ်မှူးအား အကူအ ညီတောင်းရာမှ သမီးဖြစ်သူကို ပြန်လည် တွေ့ရှိခဲ့ရကြောင်း၊ သမီးဖြစ်သူမှာ အလို မတူပဲ သားမယားအဖြစ် ပေါင်းသင်းခံခဲ့ရ ကြောင်း ကာယကံရှင်၏ဖခင်ဖြစ်သူ ဓာတ် ဘူးဟောင်းပြင်သည့်လုပ်ငန်းဖြင့် အသက် မွေးဝမ်းကျောင်းပြုလျက်ရှိသော ဦးသန်း မြင့်က ရင်ဖွင့်ပြောဆိုသည်

0 comments:

Post a Comment