Tuesday, May 21, 2013

မြောက်ကိုးရီးယားက စတုတ္ထမြောက် ဒုံးကျဉ်ပစ်လွှတ်

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြောက်ကို ရီးယားနိုင်ငံကို ဒုံးကျဉ်စမ်းသပ် ပစ်လွှတ်မှု ရပ်တန့်ဖို့နဲ့ စားပွဲပေါ်မှာ ပြန်လည်ညှိနှိုင်းဆွေးနွေးဖို့ တိုက်တွန်းပြောဆို လိုက်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ရက်ကပဲ မြောက်ကိုးရီးယားနိုင်ငံက ဒုံးကျဉ် လေးစင်းကို စမ်းသပ် ပစ်လွှတ်ခဲ့တယ်လို့ သိရပါ တယ်။

မြောက်ကိုးရီးယားနိုင်ငံက ဒုံးကျဉ်တွေကို စမ်းသပ်ပစ်လွှတ်နေတာနဲ့ ပတ်သက်လို့ ဒေသတွင်းက လုံခြုံရေး စိုးရိမ်စရာတွေဖြစ်နေတဲ့ အတွက် ဘန်ကီမွန်းက အခုလို တိုက်တွန်းပြောဆိုလိုက်တာဖြစ်ပါတယ်။

မြောက်ကိုးရီးယားကို နျူးကလီးယားစမ်းသပ် ပစ်လွတ်မှုအစီအစဉ်တွေ နဲ့ပတ်သက်ပြီး ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ ပြန်လည်ဆွေးနွေး ညှိနှိုင်းဖို့ ရုရှားနိုင်ငံမှာ ရောက်ရှိနေစဉ် အတွင်း ပြေကြား လိုက်တာဖြစ်ပါတယ်။

မြောက်ကိုးရီးယားနိုင်ငံက စားပွဲဝိုင်းပေါ် ညှိနှိုင်းဆွေးနွေးမှုပြန်လည်ပြု လုပ်လာအောင် ကူညီပေးဖို့ကိုလည်း အင်အားကြီးနိုင်ငံတွေကို တိုက်တွန်း လိုက်ပါတယ်။

0 comments:

Post a Comment