Thursday, May 2, 2013

မြန်မာသတင်းလောက တိုးတက်လာကြောင်း အမေရိကန်အဖွဲ့က ပြောဆို

Thursday,May02,2013

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်အခြေစိုက် Freedom House ကမ္ဘာ့လွတ်လပ်မှု စောင့်ကြည့်ရေးအဖွဲ့က ၂ဝ၁၃ ခုနှစ်အတွက် နိုင်ငံတကာမီဒီယာ သတင်းလောက လွတ်လပ်မှု အစီရင်ခံစာကို မနေ့ကထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံရဲ့ သတင်းလောကဟာ ပြီးခဲ့တဲ့နှစ်အတွင်း အထူးတိုးတက်လာခဲ့ကြောင်း ဖေါ်ပြထားပါတယ်။

Freedom House အဖွဲ့ရဲ့ အစီရင်ခံစာမှာ အကျဉ်းကျစာနယ်ဇင်းသမားတွေ ပြန်လွတ်လာမှု၊ စာပေစိစစ်ရေး ဖျက်သိမ်းမှု၊ နိုင်ငံတကာ မီဒီယာ အဖွဲ့အစည်းတွေ ပြည်တွင်းဝင်ရောက်ခွင့်ပြုမှုနဲ့ ဧပြီလကစပြီး ပုဂ္ဂလိကသတင်းစာတွေ ထုတ်ဝေခွင့်ပြုမှု စတာတွေကို တိုးတက်မှုအဖြစ် ဖေါ်ပြထားပါတယ်။

တပြိုင်နက်မှာ မီဒီယာလောက လွတ်လပ်မှုကို ထိခိုက်ချုပ်ချယ်တဲ့ ဥပဒေတွေလည်း ရှိနေဆဲဖြစ်ကြောင်း၊ ပြီးခဲ့တဲ့နှစ်အတွင်း ဂျာနယ်တချို့ကို အစိုးရဌာနတွေက တရားစွဲခဲ့သလို ပုံနှိပ်ထုတ်ဝေရေး ဥပဒေမူကြမ်း ရေးဆွဲရာမှာလည်း စာနယ်ဇင်း အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ဆွေးနွေးခဲ့ခြင်း မရှိကြောင်းနဲ့ အစိုးရပိုင်ရေဒီယိုတွေ ရုပ်မြင်သံကြားတွေရှိလင့်ကစား မြန်မာပြည်သူလူထုဟာ RFA, DVB, VOA စတဲ့ ပြည်ပအသံလွှင့်ဌာနတွေကို နှစ်ခြိုက်စွာ နားဆင်နေကြဆဲဖြစ်ကြောင်း ဖေါ်ပြထားပါတယ်

Ref:RFA

0 comments:

Post a Comment