Friday, May 17, 2013

တုံမဏီရွှေမှော်လူသတ်မှုဖုံးဖိရန် ကြိုးစားနေ…


တုံမဏီရွှေမှော်လူသတ်မှုဖုံးဖိရန် ကြိုးစားနေ…

KIA အဖွဲ့မှ ဥပဒေမဲ့ရိုက်နှက်စစ်ဆေးရာတွင် လက်လွန်ပြီး သေဆုံးသွားသည့် ဆလန်မင်း လွင်ကိစ္စအားဖုံးဖိနိုင်ရန် ကြိုးစားနေကြောင်း KIA အဖွဲ့ တပ်မဟာ(၂)နှင့် အဆက်အသွယ်ရှိသူ တစ်ဦးက ပြောပြလာပါတယ်။“ ကျွန်တော်ကြားတာကတော့ (၁၁)ရက်နေ့က သေဆုံးသွားတဲ့ ဆလန်မင်းလွင်ကိစ္စ ကို မပေါက်ကြားဖို့နဲ့ သူတို့ KIO/KIA အဖွဲ့ရဲ့သိက္ခာမထိခိုက်အောင် ငွေသိန်း ၃၀ သုံးခွင့် ပေးထားတယ် လို့ကြားတယ်၊သေဆုံးသူရဲ့မိသားစုကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော်တော်ဝမ်းနည်းနေကြတယ်၊ အဖြစ်မှန်မပေါ်ခင်မှာ ကျူးလွန်မှန်း၊ မကျူးလွန်မှန်းလည်း သေချာ မသိဘဲ ဖြစ်သွားတာဆို တော့.. သူတို့ဘက်က တော်တော်စိတ်မကောင်းဖြစ်နေတယ်။ KIA ဗဟိုဌာနချုပ်ကိုလည်း တိုင်မယ်၊ လူ့ အခွင့်အရေးအဖွဲ့ကို လည်းတိုင်မယ် ကြားတယ် ” ဟု ရွှေမှော်လုပ်သားတစ်ဦးမှလည်း ပြောပြလာပါတယ်။၂၀၁၃ ခုနှစ်၊မေလ(၇)ရက်နေ့မှာ တုံမဏီရွှေမှော်ဈေးတန်းတစ်နေရာမှာ ဆိုင်ကယ် ခိုးမှု တစ် ခုဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ ပါဝင်ပတ်သက်တယ်ဆိုပြီး သံသယရှိခြင်းခံရတဲ့ သေဆုံးသူ ဆလန် မင်းလွင်ကိုKIAအဖွဲ့မှတန်ဘောင် ဂယုန်း ဇဲဆို သူကရိုက်နှက်စစ်ဆေးရာမှာလက်လွန်သေဆုံးခဲ့ရခြင်ြး ဖစ်ပါတယ်။

Credit to ►
Kachin Land

0 comments:

Post a Comment