Saturday, May 11, 2013

ချောင်းသာ ဟိုတယ် အများစု မုန်တိုင်း အသိပေးကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေ

ရန်ကုန် မေ ၁၁ ရက်

မုန်တိုင်းသတင်းကြောင့် ချောင်းသာရှိ ဟိုတယ် အများစုတွင် သတိပေးမှုများ နှင့် ကြိုတင်ပြင်ဆင်မှုများ ရှိနေသည်။

ချောင်းသာကမ်းခြေ ၊ ACE ဟိုတယ်မှ တာဝန်ရှိသူတစ်ဦးက "မုန်တိုင်းသတင်ူးကြောင့် လာတဲ့ ဧည့်တွေနည်းပါတယ် ။ သူတို့ကို အချိန်နဲ့ တပြေးညီ မုန်းတိုင်းသအတင်း နဲ့ ပတ်သတ်ပြီး သတိပေးပြောပါတယ်။ ကျွန်တော် တို့ အဆောင်ရဲ့ အနောက်ဘက်မှာ တောင်တွေရှိတဲ့အတွက် မုန်တိုင်းကျလာရင်လည်း ဘေးကင်းနိုင်အောင် ဆောင်ရွက်သွားမှာပါ" ဟုပြောသည်။

ယခုလအတွင်း ကမ်းခြေသို့ ဧည့်ဝင်နည်းသော ကာလ ဖြစ်ပြီး ကြိုတင် အခန်းမှာယူမှု များ ၌ လည်း ရာသီဥတု အခြေအနေကို မေးမြန်းပြီးမှ မှာ ယူကြကြောင်း ၊ သို့ဖြစ်၍ ယခုလတွင် ဟိုတယ်တစ်ခုလျှင် အခန်း ၃ ၊ ၄ ခန်းသာ ဧည့်သည် ရှိကြောင်းသိရသည်။

ချောင်းသာဟိုတယ် ဇုန်မှ တာဝန်ရှိသူ တစ်ဦးကလည်း ချောင်းသာ ကမ်းခြေတွင်ယခု ချိန်ထိ မိုးရွာသွန်းမှုလုံးဝ မရှိသေးကြောင်း ၊ ထို့ပြင် စနေ ၊ တနင်္ဂနွေ နေ့များတွင် ကမ်းခြေ၌ လာေ၇ာက်သ်ည့ ဧည့်မှာ ၅၀ ရာခိုင်နှုန်း အထိရှိကြောင်း ၄င်းကပြောသည်။ချောင်းသာ ကမ်းခြေတွင် သတိပေးပြင်ဆင်မှုများရှိသော်လည်း ငွေဆောင်ကမ်းခြေရှိ Sunny Paradise Resort ဟိုတယ်မှ ကိုထွန်းဇော်ဦးက တော့ မုန်တိုင်းက စစ်တကောင်း ဘက်ကနေ၀င်လာမှာ ဆိုတော့ ကျွန်တော်တို့ငွေဆောင် ဘက်ကို ဘာသက်ရောက်မှုမှ မှရှိနိုင်ပါဘူး။ အကုန်လုံးက တော့ ပုံမှန်ပဲ လည်ပတ်နေတယ်" ဟု ပြောသည်။

ထက်ထက်မိုးမြင့်

0 comments:

Post a Comment