Thursday, May 2, 2013

အရက်နှင့် ဘီယာ သောက်သုံးခြင်းကြောင့် အရေပြား ရောဂါများ ဖြစ်ပွားမှုနှုန်း မြင့်တက်လာ

ရန်ကုန် ၊ ၂-၅-၂၀၁၃

အရက် နှင့် ဘီယာ သောက်သုံးခြင်း များကြောင့် အသက်အရွယ် အပိုင်းအခြား မရှိ အရေပြား ရောဂါ ဖြစ်ပွားမှု မြင့်တက် လာလျက် ရှိကြောင်း အရေပြား ဆရာဝန် ကြီးများထံမှ သိရသည်။ အရက် နှင့် ဘီယာ သည် ခန္ဓာကိုယ် အတွင်း လည်ပတ်နေသော သွေးများ ဓာတ်မတည့် ခြင်းကြောင့် ခန္ဓာကိုယ် တွင် ယားနာဖုများ ၊ အစုအပြုံလိုက် ထွက်ခြင်း ၊ ခြေလက် အဆစ်များ ရောင်ယမ်းခြင်း စသည့် လက္ခဏာများ ဖြစ်ပွား တတ်ပြီး ထိုမှတစ်ဆင့် အခြား ရောဂါများ လွယ်ကူစွာ ၀င်ရောက် လာနိုင်ကြောင်း ဆရာဝန် ကြီးများ ထံမှ သိရသည်။

နွေရာသီတွင် အပူချိန် မြင့်မားကာ ခန္ဓာကိုယ်မှ ချွေးထွက် ခြင်းကြောင့် ပတ်ဝန်းကျင် ရောဂါပိုးများ လွယ်ကူစွာ တွယ်ကပ်ပြီး ယားယံခြင်း လက္ခဏာများ ဖြစ်ပွားပါက သန့်စင်သော ရေဖြင့် ဆေးကြောကာ သနပ်ခါး အရည်ကျဲ လိမ်းသင့်ကြောင်း ၊ နီးစပ်ရာ ဆရာဝန် များဖြင့် ပြသ ကုသ သင့်ကြောင်း ဆရာဝန် ကြီးများက အကြံပြု ပြောဆိုကြောင်း သိရှိရသည်။

0 comments:

Post a Comment