Saturday, May 18, 2013

အနိုင်နဲ့ပိုင်းတော့မယ့် ဘက်ခမ်း

အထင်ကရ ဘောလုံးသမားအဖြစ် နှစ်ပေါင်းအတန်ကြာ ရပ်တည်ခဲ့တဲ့ ဒေးဗစ်ဘက်ခမ်း အနားယူပါတော့မယ်။
သူ့ကိုတော့ နိုင်ငံတကာမှာ အများအပြားက အမှတ်ရနေကြမှာပါ။

ဒီ ဘောလုံးရာသီပြီးရင် ဘောလုံးလောကထဲက နားတော့မယ်လို့ မနေ့က သူ ကြေညာခဲ့ပါတယ်။
သူက နိုင်ငံတကာဘောလုံးလောကမှာသာမက ဖက်ရှင်၊ စီးပွားရေးလောကမှာပါ ထင်ရှားသူတယောက်ပါ။
ကမ္ဘာ့ဖလားကို သုံးကြိမ် ဝင်ကန်ခဲ့၊ ပေါ်ပြူလာဖြစ်တဲ့ မော်ဒယ်တယောက်ကို လက်ထပ်ခဲ့၊ သူကိုယ်တိုင်လည်း ကြော်ငြာမော်ဒယ်တယောက် ဖြစ်ခဲ့သူပါ။

သူ့မိန်းမ ဗစ်တိုးရီးယားကလည်း နယ်ပယ် အတော်များများမှာ ထင်ပေါ်သူပါ။
လုပ်ငန်းရှင်၊ ဖက်ရှင်ဒီဇိုင်းဖန်တီးသူ၊ မော်ဒယ်၊ အဆိုတော် ဗစ်တိုးရီးယားဘက်ခမ်း ဖြစ်ပါတယ်။

အခု ကမ္ဘာကျော် ဘောသမား ဘက်ခမ်း အငြိမ်းစားယူမယ့် သတင်းက နိုင်ငံတကာသတင်းတွေမှာ ထိပ်တန်းမှာ ရှိနေဆဲပါ။

လန်ဒန်မြို့ဇာတိ ဘက်ခမ်းက မန်ယူအသင်းမှာ စပြီး ကန်ခဲ့တယ်လို့ Reuters သတင်းဌာန သတင်းတပုဒ်မှာ ရေးပါတယ်။ အဲဒီအချိန်က သူ အသက် ၁၇ သားပါ။

အနားယူတော့မယ် ဆိုပေမယ့် သူ့အသက်က ၃၈ နှစ်ပဲ ရှိပါသေးတယ်။
ခါတိုင်းလို ဘောလုံးမကန်တော့ဘူး ဆိုတဲ့ ဘက်ခမ်းကြီးတယောက် ရုပ်သံကလာမယ့် ဘောလုံးပွဲတွေကြည့်ရင်း သူ့မိသားစုအတွက် အချိန်ပိုပေးနိုင်ဖွယ် ရှိပါတယ်။

0 comments:

Post a Comment