Thursday, May 9, 2013

မန္တလေးမှာ မိုးရွာပြီး စ ၊ မီးထလောင် ။

Thursday,May09,2013

(၈-၅-၁၃) ညနေ (၄း၃၀) နာရီ ခွဲခန့် က မန္တလေးမြို့ ၊ သိပ္ပံလမ်း နှင့် ၆၁လမ်း ထောင့် ၊ K T V ဖွင့်လှစ်ရန် ဆောက်လုပ်ပြင်ဆင်ဆဲ အဆောက်အဦမှာ မီးလောင်မှု ဖြစ်ပွား ခဲ့ပါတယ် ။ ဖြစ်ပွားပုံမှာ ဆောက်လုပ်မှု လုပ်ငန်းခွင် အတွင်း သံဂေဟေ ဆော်ရာ မွေ့ယာပေါ်သို့ ကျရောက်ရာက လောင်ကျွမ်းခြင်း ဖြစ်တယ် လို့ သိရပါတယ်။ သံဂဟေ ဆော်သူ ဟာ ဒီအဆောက်အဦ က ညစောင့် ဖြစ်သူ ရဲ့ ညီ တော်စပ်သူ ဖြစ်တယ် လို့ သိရပါတယ် ။

" မီးခိုးတွေက လုံးတက်ပြီး မည်းနေတာပဲ ၊ ကျွန်တော်တို့ ကားဆို မီးထိုးမောင်းတာတောင် ကောင်းကောင်း မမြင်ရဘူး " လို့ စည်ပင်ဌာနပိုင် မီးသတ်ယာဉ် မှ မီးသတ်ရဲဘော် တစ်ဦးမှ ပြောပါတယ် ။

" ကျွန်တော်က ဒီဘက်တိုက်က ညစောင့်ပါ ။ နေ့ ည တော့ သူတို့ အလုပ်လုပ်နေတာပဲ ၊ ကေတီဗွီ ဖွင့်ဖို့ ပြင်ဆင်နေတာ ၊ ကျွန်တော် လ္ဘက်ရည်ဆိုင် ထိုင်နေတုန်း မီးလောင်တယ် ဆိုလို့ ပြေးလာတာ ၊ လောင်တာက လှိုက်လောင်တာ ၊ ဆောက်လုပ်ဆဲ ဆိုတော့ သစ်တို ၊သစ်စ တွေ ကြောင့် လောင်နေတဲ့ မီးက အလျား လိုက်ကြီး ဆက်တိုက်လောင်ကုန်တာ .. " လို့ အနီးက တိုက်အိမ်မှာ နေထိုင်သူ တစ်ဦးက ပြောပါတယ် ။

မန္တလေးမှာ မိုးရွာပြီး မကြာခင် လောင်ခဲ့တဲ့ မီး ဖြစ်ပြီး ခြံဝင်းကျယ်ထဲမှာရှိတဲ့ အယ်လ်(L) ပုံသဏ္ဍာန် အဆောက်အဦ တခုတည်း လှိုက်လောင်ခဲ့တာ မို့ အခြားအိမ်များသို့ ကူးစက်ခြင်း မရှိပါဘူး ။

မီးလောင်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာက ဆက်လက် စုံစမ်း အရေးယူသွားမည် ဖြစ်ကြောင်းသိရသည် ။

မြန်မာဓိက

0 comments:

Post a Comment