Saturday, June 1, 2013

လားရှိုးပဋိပက္ခလျော့ပါး - ဒုက္ခသည်တထောင်ခန့်ရှိနေဆဲ

Saturday, June 01, 2013


သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်၃ ရက်တာ ဖြစ်ပွါးခဲ့သော ဘာသာရေး ဆိုင်ရာပဋိပက္ခမှာ ယနေ့တွင်လျော့ပါး သွားပြီဖြစ်သော်လည်း မန်ဆူ ဘုန်းကြီးကျောင်းတွင် ဒုက္ခသည် တထောင်ခန့်ရှိနေကြောင်း လားရှိုးမြို့ သတင်း ရပ်ကွက်က ဆိုပါသည်။

“ ဒီနေ့တော့ မြို့ထဲမှာ ဈေးဆိုင်တချို့ပြန်ဖွင့်နေပြီ ။ လမ်းမပေါ်မှာ လူသွား လူလာလဲနဲနဲကျဲကျဲ တွေ့နေရတယ်။ ရိုက်မှု နှက်မှုတော့ ထပ်မကြား ရသေး ဘူး။ အိမ်တိုင်းလိုလိုမှာ ရွှေတိဂုံဘုရားပုံတော်တွေ မဟာမြတ်မုနိဘုရား ပုံတော် တွေကိုအိမ် ရှေ့မှာ ထင်ထင်ရှားရှားကပ်ထားတယ်။ သျှမ်းအိမ်တွေ ဆိုရင်တော့ သျှမ်းအလံ ထူထားတယ်” ဟု လားရှိုးမြို့ခံ စိုင်းဆိုင် က ပြောသည်။

မေလ၂၈၊ ၂၉ နှင့် ၃၀ ရက်နေ့အတွင်းဖြစ်ပွါးခဲ့သော မူစလင်ဘာသာဝင် များနှင့် လူတစုတို့၏ ရိုက်နှက်သတ်ဖြတ် မှု နေအိမ်နှင့်ဗလီများ မီးရှို့မှုတို့ ကြောင့် အစိုးရထုတ်ပြန်ခဲ့သော အရေးပေါ် ဥပဒေ ပုဒ်မ ၁၄၄ ကြောင့် လားရှိုးမြို့တွင်း ဆိတ်ငြိမ်လျှက်ရှိခဲ့သည်။

ထိုပဋိပက္ခများကြောင့် ဆုံးရှုံးမှုသိန်းပေါင်းထောင်ချီပြီး လူတဦးသေ ဆုံးမှုရှိေ ကြာင်း၊ အများအပြားဒဏ်ရာရှိကြောင်း၊ မူစလင်ဘာသာဝင်(အများ စုပါ ဝင်သော) ဒုက္ခသည် ၁၀၀၀ ခန့် မန်ဆူဘုန်းကြီးကျောင်း တွင်ခို လှုံနေ လျက် ရှိကြောင်း ၊ ၎င်းတို့အား ပြည်သူ့အားကစားကွင်း မိုးလုံလေလုံခန်းမ သို့ပြောင်းရွှေ့မည်ဆိုသည့် သတင်းလည်းထွက်ပေါ်နေကြောင်း မြို့ခံလူငယ် အမျိုးသမီးတဦးက လည်းပြော သည်။

“ဒုက္ခသည်တွေကိုတော့ မြို့ထဲကလူတွေနဲ့ ယူနီဆက်က အစား အသောက်တွေ လာပေးတယ်။ လမ်းပေါ်မှာ သွားလာမှုရှိ နေတယ် ဆိုပေ မယ့် သတိတော့ထားနေတုန်းဘဲပေါ့နော်။ ဆူပူမှုဖြစ်အောင်လုပ်တဲ့လူတွေရဲ့ စိတ်ကို မှမခန့်မှန်းတတ်တာ။ သူတို့ဘယ်ချိန်ဘယ်နေရာမှာ ဘာကိုမီး ထပ်ရှို့မလဲ စိုးတထိတ်ထိတ်နဲ့ပေါ့” ဟု အဆိုပါအမျိုး သမီးကပြောသည်။

မေလ ၂၈ ရက်ညက လားရှိုးမြို့၌ ဓါတ်ဆီရောင်းအမျိုးသမီး မအေးအေး ဝင်အား ကျိုင်းတုံမှတ်ပုံတင်ကိုင်ဆောင်သည့် ဦးနေဝင်းက ဓါတ်ဆီလောင်း မီးရှို့ရာမှာ လားရှိုးမြို့တွင်း ဗလီနှင့်လူနေအိမ်များမီးရှို့မှုဖြစ်ပွါးခဲ့သည်။

အဆိုပါ မီးရှို့မှုဖြစ်ပွားအောင်စတင်လုပ်ဆောင်ခဲ့သော တရားခံ ဦးနေဝင်း သည် ကျိုင်းတုံမြို့၌ လေယာဉ်လက်မှတ်ပွဲစား လုပ်ကိုင်နေသူတဦးဖြစ်ပြီး ၎င်း၏ အထက်စီးဆက်ဆံမှု ရိုင်းပျမှုကြောင့် ကျိုင်းတုံလူထုမှ အမြင်မကြည်ြ ဖစ်ကြ ကြောင်းလည်း ကျိုင်းတုံဒေသခံ အိုက်စိုင်းကလည်း သျှမ်းသံတော် ဆင့်အားပြောပြသည်။

၎င်းသည် မန္တလေး၊ ကျိုင်းတုံနှင့် တောင်ကြီးမြို့တို့တွင် ဆူပူမှု ဖြစ်ဖို့ ဖန် တီး ခဲ့ဖူးပြီး လားရှိုး၌ အမျိုးသမီးအား ဓာတ်ဆီ လောင်းမီးရှို့မှုမှသာ ပဋိပက္ခ ပေါ်လာကြောင်း မေလ ၂၉ ရက်နေ့က မြစ်ကြီးနား တွင် သတင်းထောက် များနှင့် တွေ့ဆုံစဉ် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က ပြောဆိုခဲ့ကြောင်း ဒီဗီဘီသတင်းဌာနကလည်း ဖော်ပြထားသည်။

သျှမ်းသံတော်ဆင့်

လားရှိုးမြို့ မန်ဆူကျောင်းတိုက်ရောက် ဒုက္ခသည်များ

0 comments:

Post a Comment