Thursday, May 23, 2013

ဒီငြိမ်းအမျိုးသမီးကွန်ရက်နှင့် ဒီမိုအင်အားစုများပူးပေါင်း၍ ဆန္ဒထုတ်ဖော်မည်

Thursday, May 23, 2013

ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးအမျိုးသမီးကွန်ရက်အပါအဝင်အခြားသောဒီမိုကရေစီအင်အားစုများပူးပေါင်း၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က အမေရိကန်သို့ရောက်ရှိစဉ် ပြည်သူတို့၏ ရိုးသားစွာဆန္ဒပြတောင်းဆိုခဲ့မှု အပေါ်ပုတ်ခတ်ပြောဆိုခဲ့သဖြင့် ကန့်ကွက်တုံ့ပြန် ဆန္ဒထုတ်ဖော်မှုကို ယနေ့ မွန်းလွဲ ၃ နာရီတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ရန်ကုန်မြို့ ၊ တာမွေမြို့နယ် ရွှေဗဟိုဆေးရုံရှေ့မှ စတင် ချီတက် ဆန္ဒထုတ်ဖော် သွားမည်ဖြစ်ကြောင်းသိရသည်။ ထို့ပြင် လက်ပံတောင်းတောင်ဒေသအား ပုဒ်မ ၁၄၄ ထုတ်ပြန် ထားခြင်းနှင့် ပြည်သူတို့အား ဖမ်းဝရမ်းထုတ်ခြိမ်းခြောက်ခြင်း များကိုပါ ဖော်ထုတ်ကန့်ကွက်သွား မည်ဖြစ်ကြောင်းသိရသည်။

0 comments:

Post a Comment