Saturday, May 4, 2013

AFC Cup အုပ်စုပွဲများ အပြီးတွင် ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် ကစ်ချီတိုက်စစ်မှူး ဦးဆောင်နေ~ရန်ကုန်မှ ကိုနေးက ဒုတိယနေရာတွင် ရပ်တည်

Friday, 03 May 2013 01:44

အာရှ ဘောလုံးအဖွဲ့ချုပ်၏ ဒေသတွင်း ဒုတိယမြောက် အဆင့်မြင့်ဆုံး ဘောလုံးပြိုင်ပွဲ တစ်ရပ်ဖြစ်သည့် AFC Cup ပြိုင်ပွဲ၏ အုပ်စုအဆင့် ပွဲစဉ်များကို ကျင်းပပြီးစီး ခဲ့ပြီဖြစ်ရာ အုပ်စု ပွဲစဉ်များ အပြီးတွင် ဂိုးအများဆုံး သွင်းယူထားသည့် ကစားသမားအဖြစ် ဟောင်ကောင်ကလပ် ကစ်ချီ၏ စပိန်တိုက်စစ်မှူး ဂျော်ဒီတားရက်စ်က သွင်းဂိုး(၁၀)ဂိုးဖြင့် ဦးဆောင်လျှက် ရှိနေကြောင်း သိရသည်။




ကစ်ချီ ဂိုးသွင်းစက် ဂျော်ဒီတားရက်စ်


အက်စ်ပန်ညို (ခ)အသင်း၊ ဟာကျူးလက်စ် အစရှိသည့် စပိန်ကလပ်များတွင် ကစားခဲ့ဖူးသည့် တားရက်စ်သည် ကစ်ချီနှင့် အတူ အုပ်စုတွင်း ပွဲစဉ်(၆)ပွဲစလုံးကို ပါဝင်ကစားခဲ့ပြီး ပွဲတိုင်းတွင် ဂိုးသွင်းယူနိုင်ခဲ့သည့် ကစားသမား ဖြစ်သည်။ တားရက်စ်ကဲ့သို့ ပွဲတိုင်း ဂိုးသွင်းယူနိုင်သည့် ကစားသမားမှာ တားရက်စ် အပါအ၀င် (၂)ဦးသာ ရှိခဲ့ပြီး နောက်တစ်ဦးမှာ ရန်ကုန် ယူနိုက်တက်၏ ကိုနေးအဒမာ ဖြစ်သည်။ ကိုနေးမှာ လက်ရှိ အချိန်တွင် သွင်းဂိုး(၉)ဂိုးဖြင့် ဂိုးသွင်းဘုရင် စာရင်းတွင် ဒုတိယနေရာ၌ ရပ်တည်လျှက် ရှိသည်။ ကိုနေးသည် ရန်ကုန်အတွက် AFC Cup အုပ်စုပွဲစဉ်တိုင်းကို ပွဲချိန်ပြည့် ကစားပေးထားသည့် ကစားသမား ဖြစ်ပြီး ပွဲတိုင်းတွင် အသင်းအတွက် အရေးပါသည့် သွင်းဂိုးများကို သွင်းယူပေးနိုင် ခဲ့သည်။ ကိုနေးသည် အဖွင့်ပွဲ ဖြစ်သည့် ပါစီဘိုကို အနိုင်ရခဲ့သည့် ပွဲတွင် ဟက်ထရစ် ရယူနိုင်ခဲ့ပြီး ဒုတိယ ပွဲစဉ်ဖြစ်သည့် ဆန်ဟီနှင့် ပွဲတွင် တစ်ဂိုး၊ ရေးဒီးယန့်နှင့် အိမ်ကွင်း၊ အဝေးကွင်း ပွဲများတွင် (၁)ဂိုးစီ သွင်းယူပေးခဲ့သည်။ ထို့အပြင် အုပ်စု နောက်ဆုံး ပွဲစဉ်(၂)ပွဲ ဖြစ်သည့် ပါစီဘိုနှင့် ပွဲတွင် (၂)ဂိုး၊ ဆန်ဟီနှင့် ပွဲတွင် (၁)ဂိုး သွင်းယူခဲ့သောကြောင့် အုပ်စု ပွဲများ အပြီးတွင် ဒုတိယမြောက် ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။


0 comments:

Post a Comment