Saturday, May 18, 2013

ဒေဝဒဟ ဘဝါနီပါ ရှိဘူမိဗေဒသမားများ တူးဖော်နေသည့် နေရာတခုတွင် ဗုဒ္ဓခေတ်မှ လက်ရာရှေးဟောင်းပစ္စည်းများ တွေ့ရှိ

ဘူမိဗေဒပညာရှင်များသည် ရုပန်ဒေဟီခရိုင် ၂၀ ကီလိုမီတာခန့်ဝေးသည့် လုမ္ဘနီနှင့် ဒေဝဒဟ ဘဝါနီပါ ရှိဘူမိဗေဒသမားများ တူးဖော်နေသည့် နေရာတခုတွင် ဗုဒ္ဓခေတ်မှ လက်ရာရှေးဟောင်း ပစ္စည်းများ တွေ့ရှိသည်။

ဘူမိဗေဒဌာနမှအဖွဲ့တဖွဲ့သည် ဒေဝဒဟအနီးတဝိုက်တွင်ဗုဒ္ဓနေခဲ့ရာအိမ်ရာအဖြစ်ယူဆသည့်  နေရာတွင်မြေတူးရှာဖွေသည့်လုပ်ငန်းတခု လွန်ခဲ့သည့်နှစ်နှစ်ကစတင်လုပ်ဆောင်ခဲ့သည်။

၎င်းဘဝါနီပါရှိ မြေတူးရှာဖွေသည့်လုပ်ငန်းကို လွန်ခဲ့သည့် ရက်သတ္တပတ်သုံးပတ်က စတင်ခဲ့သည်။

နံရံများ၊ အုပ်များ၊ ငွေနှင့် သစ်သားလက်ကောက်များ၊ ရွှံ့စေးအသုံးအဆောင်များ၊
ထောပတ်သုံးမီးအိမ်များနှင့် ကျောက်တုံးများအပါအဝင် ပစ္စည်းများကို တွေ့ရှိခဲ့သည်။

ဘူမိဗေဒဌာနမှ အရာရှိတဦးဖြစ်သူ ပရာခါဒါနယ်က ကိုယ်တပိုင်းဗုဒ္ဓရုပ်တုတခု၊ ရေတွင်းတခုနှင့် နန်းတော်၏အပျက်အစီးများစသည့် ရှေး ဟောင်းပစ္စည်းများက ယခုနေရာသည် ဗုဒ္ဓနှင့် ဆက်နွယ်သည့် နေရာတခုအဖြစ်အတည်ပြုရန် ကူညီနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

“ဒီနေရာဟာ ဂေါတမဗုဒ္ဓရဲ့နေထိုင်ခဲ့တဲ့အိမ်ဖြစ်တယ်ဆိုတာ ရှာဖွေတွေ့ရှိဖို့က နောက်ထပ်လေ့လာစရာတွေတူးဖော်စရာတွေ လိုအပ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ဗုဒ္ဓနှင့်ဆက်နွယ်သည့် နေရာ ၁၄ခုတွင် ကန်ယာမိုင်၊ ဘာဝနီပါနှင့် ပန်ဒီပါရှိအချို့နေရာများကို သာ
လက်ရှိတွင်တူးဖော်ခဲ့ပြီးဖြစ်သည်။

“ကျွန်တော်တို့တွေ ၁၀ရာစု၊ ၁၁ရာစု နဲ့ ၁၂ရာစု တွေက ရှေးဟောင်းပစ္စည်းကို တွေ့ရှိပြီးပါပြီ”
ဟု ၎င်းက ဆိုသည်။

ဗုဒ္ဓသည် ၆၂၃ ဘီစီတွင် လုမ္ဘနီဥယာဉ်တွင်း၌ ဖွားမြင်တော်မူကြောင်း ၂၄၉ ဘီစီတွင် ပေါ်လာသော မော်ယန်အင်ပါယာမှ အာသောကမင်း ကြီး၏ အာသောက ကျောက်စာတွင် ဖော်ပြချက်တွင် သက်သေပြထားသည်။

လုမ္ဘနီကို ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာအဖြစ်ထိန်းသိမ်းထားပြီး ကမ္ဘာ့ ဘာသာကြီးများထဲမှ တခု၏အမြင့်မြတ်ဆုံးနေရာအဖြစ် သတ် မှတ်ထားသော်လည်း ဘူမိဗေဒအရသာမက ဘာသာရေးအတွက်ပါအရေးပါသည့်ဗုဒ္ဓနေထိုင်ခဲ့ရာနေရာကို မတူးဖော် မထိန်းသိမ်းရသေးပေ။

ယခုဒေဝဒဟမှ တွေ့ရှိရသောပစ္စည်းများကို လေ့လာရေးအတွက် ဘူမိဗေဒဌာနသို့ပို့ဆောင် ပြီးကြောင်း သိရသည်။

လေ့လာပြီးပါက လုမ္ဘနီ ဖွဲ့ဖြိုးရေး အဖွဲ့(LDT)သို့ယူဆောင်လာမည်ဖြစ်ကြောင်း အရာရှိတဦးက ပြောကြား သည်။

(LDT)မှ ဘူမိဗေဒအရာရှိတဦးက ရရှိလာသောရှေးဟောင်းပစ္စည်းများကိုလုမ္ဘနီနိုင်ငံတကာပြတိုက်တွင်ထား ရန်သို့မဟုတ် ဒေဝဒဟတွင်ထားရှိရန်ကို ဒေသခံများဆုံးထံမှအကြံဥာဏ်များတောင်းမည် ဖြစ်ကြောင်း ပြော ကြားသည်။

လက်ရှိတွင် ဒေသခံများက တူးဖော်သည့်နေရာကို ကြာမြင့်စွာ တူးဖော်နေပြီး LDT၏အကာအကွယ် မပေးနိုင်မှုကြောင့် တွေ့ရှိသည့် ပစ္စည်းများ အခိုးခံနေရကြောင်း ဝေဖန်ကြသည်။

LDTသည် တူးဖော်သည့်နေရာကို သံဆူးကြိုးများနှင့်သာ ကာရံထားသည်။

0 comments:

Post a Comment