Friday, May 17, 2013

နေပြည်တော်မှ ကျိုက်ထီးရိုးပုံစံတူ စေတီတော်မြတ်ကြီး (သို့) လောကပါလ ကျောက်စက်တော်ရာ စေတီတော်မြတ်ကြီး




နေပြည်တော်မှ ကျိုက်ထီးရိုးပုံစံတူ စေတီတော်မြတ်ကြီး (သို့) လောကပါလ ကျောက်စက်တော်ရာ စေတီတော်မြတ်ကြီး

ဂျာနယ်များတွင် ဖော်ပြထားသော နေပြည်တော်ကျိုက်ထီးရိုးပုံစံတူ ကျောက်တုံကြီးအကြောင်းကို ဓာတ်ပုံနှင့်အတူ တွေ့ရှိရသဖြင့် ၅-၅-၂၀၁၃ ရက်နေ့တွင် ကျွန်တော်နှင့်အတူ ဌာနမှ အဖွဲ့များဖြင့် သတင်းရရှိ ရန် မော်တော်ယာဉ်ဖြင့် နေပြည်တော်မှ ထွက်ခွာလာခဲ့ပါသည်။

ပျဉ်းမနားသကြားစက်ဘက်မှ လမ်းကြောင်းသိသည့် မိတ်ဆွေအား ၀င်ခေါ်ပြီး ၄င်းသကြားစက်မှ အရှေ့စူးစူးသို့ ၄ မိုင်ခန့် ဆက်လက်ထွက်ခွာ လာရာ ပေါင်းလောင်းရေ လွှဲဆည်တာဘောင်ကို ဘယ်ဘက်အခြမ်း တွင်းတွေ့ရှိပြီး ၄င်းတာဘောင် အတိုင်းမော်တော်ကားဖြင့် ဆက်သွားရသည်။

ဆည်ကို တာဘောင်မှ ဖြတ်ကျော်ပြီးနောက် တောင်ကြောဘေးလမ်းအတိုင်း ဆင်ဖြူတောင်သို့မြေလမ်းအတိုင်း ခန့်မှန်း(၄) မိုင်ခန့်သွားပြီး ဆင်ဖြူတောင် သို့သွားရန် လမ်းညွှန်ဆိုင်းဘုတ်နှင့်
လောကပါလ ကျောက် စက်တော်ရာစေတီတော်လမ်းညွှန်ဆိုင်းဘုတ်ကို လမ်း၏ညာဘက်တွင်တွေ့ရှိရပါသည်။

၎င်းနေရာတွင် လမ်းခွဲတစ်ခုညာဘက်သို့ရှိသဖြင့် မေးမြန်းစုံ စမ်းရာ ကျောက် တုံးကြီးသို့သွားရာလမ်းဖြစ်ကြောင်းသိရသဖြင့် ၄င်းလမ်းအ တိုင်း တောင်ကြော လမ်းအတိုင်း တောင်များကိုကွေ့ဝိုက် ကာဖြင့် (၇) မိုင်ခရီးကို မော်တော်ယာဉ်ဖြင့် တက်လာခဲ့ရာ မိနစ်(၄၅)မိနစ်တိတိ ကြာသည်ကို မှတ်သားမိသည်။ လမ်းခရီးတွင် လိုက်ထရပ်ကားများ ၊Super roof Van ကားများကို အသွားအပြန် လမ်းကျဉ်းတွင် ကျွန်တော်တို့၏ လိုက်ထရပ်နဲ့ မနဲလွတ်အောင်ရှောင်
ရသည်။ နေပြည်တော် ကျိုက်ထီးရိုးပုံစံတူသို့ ၁၂း၃၀ တွင် ရောက်ရှိသော်အခါ ကျောက်တုံးကြီး ကို အသေအချာကြည်မိ၏။ ဂျာနယ်များတွင် ဖော်ပြထားသလို ကျောက်တုံးကြီး မဟုတ်ကြောင်းတွေ့ရှိရသည်။

ဆရာတော် ဥူးမာနိတ (ကျောက်တုံးကြီးအား အိပ်မက်မက်သည့် ဆရာတော်) အား ဦးခိုက်ယင်း ဆရာတော်မှပြောသည်မှာ ဆရာတော်သည် ၄င်ေးနရာသို့ ရောက်နေသည်မှာ တစ်နှစ်ခွဲခန့်ရှိပြီးဖြစ်ကြောင်းနှင့် မြေပြင်နှင့်ထိနေကြောင်းမိန့်ကြားပါသည်။

သတင်းများတွင် ဖော်ပြထားသော ကျောက်တုံးကြီး လေထဲတွင် လွတ်နေသည့်ပုံကို မစဉ်းစားတတ်အောင်ဖြစ်မိသည်။ လူစိတ်ဝင်စားအောင် Photoshop ဖြင့် လုပ်ဆောင်ထားသည့်ပုံပင်ဖြစ်ရပေမည်။ ထို့ကြောင်း နေပြည်တော် ကျိုက်ထီးရုံးပုံစံတူ ကျိုက်ထီးရိုးပုံစံ ကျောက်တုံးကြီးအား ကျွန်တော်အနေဖြင့် အမိအရ ဓာတ်ပုံရိုက်ယူပါတော့သည်။ ထူးဆန်းသည်ကတော့ အမှန်ပင်ဖြစ်ပါသည်။ ကျိုက်ထီးရိုးကဲ့သို့ အနည်းငယ် အစွန်းတွင် ထိနေသည်ကို တွေ့ရှိရသည်။ ဆရာတော်မှ လူတစ်ဦး လှုပ်လျှင်ပင် ကျောက်တုံးကြီး ယိမ်းကြောင်းမိန့်ကြား ပါသည်။ ကျောက်တုံးပေါ် တွင် စေတီငယ်တစ်ဆူတည်ထားပြီး ငြမ်းများဆင်ထားသဖြင့် မိမိအနေဖြင့် လှုပ်ခွင့်မသာခဲ့ပါ။ ဆရာတော်မှ ဘုရားဖူးလာရောက်သူများအား ထမင်းကျွေးရန် မိန့်ကြားမှုကြောင့် ကျွန်တော်တို့အဖွဲ့သည် အခြားဧည့်သည်များနှင့်ရောနှောပြီး ထမင်းစားခဲ့ရပါသည်။ ဆန်မှာ အနည်းငယ်ကြမ်းပြီး ဟင်းမှာ သတ်သတ်လွတ်ဖြစ်သော်လည်း လွန်စွာစားသောက်ကောင်းမွန်ပါသည်။ မရောက်ဖူးသေးသောသူများ၊ ကျောက်တုံးကြီး လေထဲလွတ်မလွတ်၊ ထိ မထိ ဇဝေဇ၀ါ ဖြစ်နေသူများအား ရှင်းလင်းရန်အတွက် မျှဝေဖော်ပြလိုက်ရပါသည်။

FROM-Tourism Myanmar

0 comments:

Post a Comment