Friday, May 17, 2013

ကိုယ်ဝန် အရင့်အမာကြီးနဲ့ ဖာဂူဆန်ရဲ့ နှုတ်ဆက်ပွဲကို ရောက်လာတဲ့ ကောလင်းရွန်နီ

ကိုယ်ဝန် အရင့်အမာကြီးနဲ့ ဖာဂူဆန်ရဲ့ နှုတ်ဆက်ပွဲကို ရောက်လာတဲ့ ကောလင်းရွန်နီ

ပြီးခဲ့တဲ့ မေလ ၁၂ ရက်က အိုးလ်ထရက်ဖို့ဒ် ကွင်းမှာ ဖာဂူဆန်ရဲ့ နည်းပြဘ၀ နောက်ဆုံး အိမ်ကွင်းပွဲ ယှဉ်ပြိုင် ကစားခဲ့ပါတယ်။ ပွဲအပြီးမှာ ဖာဂူဆန်နဲ့ အတူ မန်ယူ အသင်းသားတွေ အားလုံး စုရုံးပြီး ဆုဖလားနဲ့ တကွ ဆုတံဆိပ်တွေ လက်ခံ ရယူခဲ့ကြ ပါတယ်။ သက်ဆိုင်ရာ ဘောလုံးသမားတွေရဲ့ ချစ်သူ၊ ဇနီး မယားတွေ၊ ရင်သွေးလေးတွေလည်း ဖာဂူဆန်ကို တက်ရောက် ဂုဏ်ပြု ခဲ့ကြ ပါတယ်။ အဲဒီအထဲမှာ ကိုယ်ဝန် အရင့်အမာ လွယ်ထားရပြီ ဖြစ်တဲ့ ကော လင်းရွန်းနီလည်း တစ်ယောက် အပါအ၀င် ဖြစ်ပါတယ်။ ကောလင်းဟာ ရွန်းနီနဲ့ ရထားတဲ့ ဒုတိယ ကိုယ်ဝန်ကို အရင့်အမာ လွယ်ထားရချိန် ဖြစ်ပေ မယ့် သားကြီး ကိုင်ဝိန်းရွန်းနီကို အိုးလ်ထ ရက်ဖို့ဒ်ကွင်း မြက်ခင်းပြင်ပေါ် ရောက်ရှိခဲ့ကာ ဖာဂူဆန်ရဲ့ ဂုဏ်ပြု နှုတ်ဆက်ပွဲကို အရောက် ချီတက်ခဲ့ပါ တယ်။

0 comments:

Post a Comment