ရန်ကုန်မြို့ပြ
ဖွံ့ဖြိုးမှုစီမံကိန်းတွင် ထပ်မံတိုးချဲ့မည့် မြေနေရာများတွင်
နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံလိုသူများကို စတင်ရင်းနှီးမြှုပ်နှံရန်
ဖိတ်ခေါ်လိုက် ပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပြည်
ထောင်စုဝန်ကြီးဦးကျော်လွင်က ပြောကြားသည်။
ယနေ့ပြုလုပ်သော ရန်ကုန်မြို့ပြ ပြုပြင်ဆောက်လုပ်ရေး ဆွေးနွေးပွဲတွင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ကိုယ် စားလှယ် ၂၀၀ ကျော်တို့ အဓိကတက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ ပညာရှင်များ၊ ဌာနဆိုင်ရာ အဆင့်မြင့် အရာရှိများက မိမိတို့နိုင်ငံတွင်မည်သည့်နေရာ၌ မည်ကဲ့သို့ ရင်း နှီးမြှုပ်နှံနိုင်ကြောင်းချပြဆွေးနွေး မိတ်ဆက်မှုများကိုလည်း တစ်ပါတည်း ပြုလုပ်ခဲ့သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အပါအ၀င် ပညာရှင်များနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှ ရန်ကုန်မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းကို ၂၀၁၂ သြဂုတ်လက စတင်ရေးဆွဲမှုများ ပြုလုပ်နေပြီး ယနေ့အချိန်ထိ ၅၀ ရာခိုင်နှုန်းခန့် ရေးဆွဲပြီးဖြစ်သည်။
ထို့ကြောင့် ရေးဆွဲမှုတွင် အဓိ က တိုးချဲ့မည်ဟု ကနဦးရေးဆွဲထားသည့် ကြည့်မြင်တိုင်တစ်ဖက်ကမ်း ဒလ၊ တွံတေး၊ သန်လျင်၊ ကျောက်တန်းနှင့် ရန်ကုန်မြို့စွန် မြောက်ပိုင်း ခရိုင်အတွင်းရှိ မှော်ဘီ၊ ထောက်ကြန့်၊ လှည်းကူးမြို့တွင် နိုင်ငံခြားသားလုပ်ငန်းရှင်များအတွက် ကောင်းမွန်စွာ ရင်းနှီးမြှုပ်နှံသင့်သည့် နေရာ များဖြစ်သည်ဟု သိရသည်။
ထို့အပြင် ကျယ်ပြန့်လာသည့် မြို့ဧရိယာအရ နောက်ပိုင်းတွင် ဖော်ဆောင်တော့မည့် မြို့လယ်စီး ပွားရေး အချက်အချာ နေရာများ တွင်လည်း ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများရှိကြောင်း ဥပမာ မကြာမီ ဖော်ထုတ်မည့် ဒုတိယစီးပွားရေး အချက်အချာနယ်မြေ မရမ်းကုန်းမြို့နယ်တို့တွင်လည်း အဓိကရင်းနှီးမြှုပ်နှံသင့်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမြို့ပြမြေယာဌာနမှ ဌာနမှူး ဦးတိုးအောင်က ယနေ့ပြုလုပ်သည့်ပွဲတွင် ပြောကြားသည်။
မြို့ပြ၏ အခြေခံလိုအပ်ချက်များဖြစ်သည့် လျှပ်စစ်မီး၊ လမ်းတံတား၊ အမှိုက်၊ မိလ္လာ၊ အိမ်ရာစီမံကိန်းများ၊ ရှေးဟောင်းအဆောက် အအုံ ထိန်းသိမ်းရေးလုပ်ငန်းများတွင် အဓိက ရင်းနှီးမြှုပ်နှံလိုသူများကို ယနေ့ပြုလုပ်သောပွဲတွင်ချပြ ဆွေးနွေးပြီး ရင်းနှီးမြှုပ်နှံရန် ဖိတ် ခေါ်ခဲ့ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ အကြီးတန်းအရာရှိ တစ်ဦးကပြောသည်။
ရန်ကုန်မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းတွင် JICA လတ်တလော အဆိုပြု ချက်များအရ ရန်ကုန်မြို့၏ အပြင်ဘက် ဧက ၃၇၀၀၀၀ ကျော်ကို တိုးချဲ့ရန်အကြံပြုထားကြောင်း သိရသည်။

0 comments:
Post a Comment