အီဗန်နိုဗစ်ကိုကိုက်ခဲ့တဲ့ ဆွာရက်ဇ်အပေါ် အက်ဖ်အေက ကာလ ရှည်ပွဲပယ် ပြစ်ဒဏ်ချမှတ်ဖို့ စီစဉ်နေသလို အားကစားသမား မပီသတဲ့သူ့ရဲ့လုပ်ရပ်ကို တစ်ကမ္ဘာလုံးက ၀ိုင်းဝန်းဝေဖန်နေကြပေမယ့် သူ့လိုအဖြစ်မျိုး
ကြုံခဲ့ဖူးသူတစ်ယောက်ကတော့ ဆွာရက်ဇ်ကို အားပေးသွားခဲ့ပါတယ်။ ဆွာရက်ဇ်ကို
အားပေးခဲ့သူက ဟိုလီဖီးလ်နဲ့ ထိုးသတ်တဲ့ပွဲမှာ နားရွက်ကိုက်ဖြတ်ခဲ့တဲ့
ဟဲဗီးဝိတ်လက်ဝှေ့ သမားဟောင်း မိုက်တိုင်ဆန် ပဲဖြစ်ပါတယ်။
ဆွာရက်ဇ်အနေနဲ့ သူ့အမှားကို ပြင်ဆင်နိုင်သေးတယ်လို့ မိုက်တိုင်ဆန်က အားပေးခဲ့ပြီး ဟိုလီဖီးလ်နဲ့ တုန်းက သူ့အဖြစ်ကိုလည်း ဖွင့်ဟခဲ့ပါတယ်။ “ဆွာရက်ဇ်အနေနဲ့ သူ ကိုက်ခဲ့တဲ့သူကို ပြန်တောင်းပန် လိမ့်မယ်လို့ ကျွန်တော်ယုံပါတယ်။ ကျွန်တော့်တုန်းကလဲ ဟိုလီဖီးလ်ကို ပြန်တောင်းပန်ခဲ့ပြီး အဲ့ဒီနောက်မှာ ကျွန်တော်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အကောင်းအတိုင်းဖြစ်ခဲ့ပါတယ်”လို့ ဆိုပါတယ်။

0 comments:
Post a Comment