Tuesday, April 30, 2013

သွေးတိုးနှင့် ကာယလေ့ကျင့်မှု

ယနေ.ကမ္ဘာပေါ်တွင် အသံတိတ် လူသတ်သမား (Silent Killer)ဟု တင်စား ခေါ်ဝေါ်နေကြသော သွေးတိုးရောဂါကို လူတိုင်းလို လိုသိကြပါသည်။ သွေးတိုးရောဂါဖြစ်ပါက ဇက်ကြောတက်ခြင်း၊ ခေါင်းအုံခေါင်းမူးခြင်း ၊ နောက်ကျော ထိုးခြင်း၊ မျက်လုံးများနီရဲကာ မျက်လုံးအစ်ခြင်း၊ သတိလစ်မေ.မြောခြင်းစသည်. ဝေဒနာများခံစားနိုင်သလို နောက်ဆုံးအဆင်.နှလုံးသွေးကြောကျဉ်းကာ နှလုံးသွေးကြောပိတ် သေဆုံးနိုင်ပါသည်။ သွေးတိုးရောဂါကို အနုစား (Mild)၊အလတ်စား (Moderate)၊ အပြင်းစား (Severe)ဟု (၃)မျိုး ခွဲခြားနိုင်ပြီး အနုစားသွေးတိုးခြင်းနှင်. အလတ်စားသွေးတိုးခြင်းကို သင်.တော်သော လေ.ကျင်မှု အားကစားတစ်ခုခုကို မှန်မှန်လေ.ကျင်ပေးခြင်းဖြင်. သွေးတိုးကို ကျစေနိုင်သည်။ မိမိအသက်အရွယ် မိမိခွန်အားနှင်. သင်.တော်သော အားကစားတစ်ခုကို စွဲစွဲမြဲမြဲ လေ.ကျင်ပေးရန် လိုသည်။ အထူးသဖြင်. ခွန်အားသိပ်မစိုက်ရသော အလေးနည်းနည်းဖြင်. အကြိမ်ရေ များများ ကစားပေးခြင်းဖြင်. သွေးတိုးကျဆင်းစေနိုင်သည်။ လူတစ်ယောက်သည် အသက်အရွယ်ကြီးလာသည်နှင်. အမျှ နှလုံးနှင်. သွေးလည်ပတ်မှုစနစ် ချွတ်ယွင်းလာပါသည်။ သွေးကြောများ မာလာခြင်း၊ သွေးကြောကျဉ်းခြင်း၊ နှလုံးအားနည်းခြင်းများ ဖြစ်လာပြီး သွေးတိုးရောဂါဖြစ်လာပါသည်။

လမ်းလျှောက်ခြင်း၊ ဖြည်းဖြည်းပြေးခြင်း(Jogging)၊ အလေးပေါပေါ.ဖြင်. ကာယအလှ အားကစားလုပ်ခြင်း၊ အိမ်တွင်နေရာမရွေ. စက်ဘီးနင်းခြင်း(Stationary bike)၊ အစရှိသည်. အားကစားတစ်မျိုးမျိုးကို ပုံမှန်ကစားပေးခြင်းသည် ကိုယ်တွင်းရှိ အဆီကိုကျစေပြီး ချွေးကို ထွက်စေသဖြင်. အဆီဓာတ်နှင်. ဆားဓာတ်ကို လျှော.နည်း သက်သာစေသဖြင်. သွေးတိုးကျဆင်းစေသည် သာမက ဆီးချိုရောဂါကိုလည်း သက်သာစေပါသည်။ သွေးတိုးရောဂါအတွက် ကုသသောတစ်ချို. ဆေးဝါးများသည် အားကစားသမား တစ်ဦးအတွက် ခွန်အားကျဆင်း စေပါသည်။ ထို.ကြောင်. ဖော်ပြပါ အားကစားတစ်မျိုးမျိုးကို မှန်မှန် ကစားပေးခြင်းဖြင်. သွေးကြောအတွင်းရှိ အာရုံကြောများ၏ လုပ်ငန်းဆောင်တာများ (Sympathetic never tone) ကိုလျှော.နည်းစေပြီး သွေးတိုးခြင်းကို ထိန်းချုပ်နိုင်သည်။

လေ.ကျင်ခန်းမည်မျှ ယူရမည်နည်း။
===============

အေရိုးဗစ် အားကစားနည်း (Aerobic Exercise) တစ်နည်းဆိုသော် အောက်ဆီဂျင် ဓာတ်ပါသော လေကို မှန်မှန်ရှုရိုက်ရသော အားကစား တစ်မျိုးမျိုးကို တစ်နေ.လျှင် မိနစ်(၂၀)မှ (၆၀)အတွင်း တစ်ပတ်လျှင် (၃)ကြိမ်မှ (၅)ကြိမ် ကစားနိုင်ပါသည်။ လေ.ကျင်.မှုလုပ်သည်. အခါတွင် မိမိ၏ အသက်အရွယ်နှလုံး ခုန်အားနှင်. ခွန်အားပေါ်မူတည်ကာ သင်.တော်သော လေ.ကျင်.ခန်းတစ်ခုကို ပြုလုပ်နိုင်ပြီး အသက်အောင်.ပြီး အချိန်တိုအတွင်း ပန်းတိုင်ရောက်အောင် ပြေးရသော တာတိုအပြေးပြိုင်ခြင်း၊ ၀န်အားများသော အလေးများကို အထက်သို. ပင်.တင်.ရသော အလေးမ ခြင်းစသည်. အားကစားများကို မပြုလုပ်ရပါဘူး။

ဒါကြောင်. ကျွန်တော်အထက်မှာ ဖော်ပြပြီးဖြစ်တဲ. အားကစားများထဲမှ မိမိနှင်. သင်.တော်သော အားကစားတစ်မျိုးမျိုးကို လေ.ကျင်သင်.ပါသည်။ နောက်ဆုံး အဆင်.နေဖြင်. တစ်နေ.လျှင် မိနစ် (၂၀) ခန်.ပုံမှန် လမ်းလျှောက်ပေးခြင်းဖြင်.လည်း သွေးတိုးရောဂါကို သက်သာစေပါသည်။ ကာယဗလ လေ.ကျင်.ခြင်းသည် သွေးတိုးရောဂါရှိနေသူနှင်. သင်.တော်ပါသလား သင်.တော်သည်ဟု ပြောနိုင်သလို မသင်.တော်ပါ ဟုလည်း ပြောနိုင်ပါသည်။ သင်.အနေဖြင်. သွေးတိုးရောဂါ ရှိနေလျှက်နှင်. မိမိ၏ခွန်အား မတရားစိုက်ထုတ်ရသော အလေးအများကြီးကို လေ.ကျင်.နေပါက သွေးတိုးရောဂါကို မသက်သာစေသည်.အပြင် သွေးကြောအတွင်းရှိ ဖိအားကို ပိုတိုးစေပြီး သွေးတိုးကို ပိုဆိုးစေပါသည်။ ထို.ကြောင်. အလေးအများကြီး မထည်.ဘဲ မိမိ၏ခွန်အားနှင်. သက်တောင်.သက်သာ ကစားနိုင်သော အလေးပေါ.ပေါ.ဖြင်. အကြိမ်ရေများများ ကစားပေးခြင်းသည်သာ အကောင်းဆုံးဖြစ်ပါသည်။

သင်.အနေနှင်. ကာယဗလ နှင်. ကာယအလှ ကစားသူများကို အားကျပြီး အလေးအများကြီး မ မချင်ပါနဲ.။ သူတို.သည် မိမိ၏ခွန်အားနှင်.မနိုင်သော အလေးဖြင်. လေ.ကျင်ပြီး ကြွက်သားများ ကြီးထွားကွဲပြားလာကာ လေ.ကျင့်ရက် များလာသည်.အတွက် လေ.ကျင်.နေသည်. အလေးချိန်လည်း ပေါ.လာသဖြင်. အလေးချိန်ထပ်တိုးကာ လေ.ကျင်.ရင်းဖြင်. အလေးချိန် အများကြီးကို မနိုင်ကာ ကြွက်သားထုထည် ၊ကြွက်သား ကွဲပြားပေါ်လွင်မှု၊ ကြွက်သား အချိုးအစားကျနမှုရှိအောင် လေ.ကျင်.ခြင်းဖြင်.တစ်ဆင်.ချင်း တိုးတက်လာသူများ ဖြစ်ပါသည်။ ထို.ကြောင်. ကာယဗလ အားကစားလေ.ကျင်သူ အများစုတွင် သွေးတိုးရောဂါ မရှိသလောက် ရှားပါးသည်။

သွေးကျဆေးများနှင်. အားကစားလေ.ကျင်.ခြင်း မည်သို.ဆက်နွယ်သလဲ

အချို. အားကစားများ ဥပမာ။ ။ကိုယ်အလေးချိန်နှင်. ကစားရသော အားကစားဖြစ်သည်. လက်ဝှေ.၊ ဂျူဒို၊ သိုင်း၊ ကရာတေး ၊အလေးမ အစရှိတဲ. အားကစားသမားများသည် သွေးတိုးရောဂါတွင် အသုံးပြုသည်. Diuretics ခေါ် ဆီးရွှင်ဆေးကို အသုံးပြုကြပါသည်။ ယခုအခါတွင် ဆီးဆေးကို တားမြစ်ဆေးအဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်ပါသည်။ ထိုဆေးကို အသုံးပြုပြီးလေ.ကျင်.မှု ပြုလုပ်သည်.အခါ နှင်. ပြိုင်ပွဲ ၀င်သည်.အခါတွင် အင်အားကုန်ဆုံးပြီး သက်လုံကျကာ ပင်ပန်းနွမ်းနွယ်စေပါသည်။ Dehydrationခေါ်တဲ. အရည် ခန်းခြောက်ခြင်းနှင်. Hypokelemia ခေါ် ပိုတက်ဆီယမ်ဓာတ် လျှော.နည်းတဲ.ဒဏ် ကိုခံရတဲ.အတွက် မောပန်းခြင်း၊ ခန္ဒာကိုယ် အပူချိန်တက်ခြင်းများ ဖြစ်နိုင်ပါသည်။

ထို.နည်းတူ သွေးတိုးရောဂါတွင် ကုသသည်. Beta blocker စိတ်ငြိမ်ဆေးသည့် အားကစား လေ.ကျင်.ရာတွင် ခွန်အားကို ကုန်လွယ်ပြီး ခံနိုင်ရည်အားကို ကျစေပါသည်။ ထို.ကြောင်. သွေးတိုး ရောဂါရှိနေသော(Diuretics) /( beta blocker) ဆေးများဖြင်. ကုသခံနေ၇သော အားကစားသမားများသည် ပြင်းပြင်းထန်တန် အားကစား မလုပ်သင်.ပေ ။ သွေးကျဆင်းများသောကြောင်. အရေပြားထဲတွင် သွေးလည်ပတ်မှု အားနည်းသဖြင်. လေ.ကျင်.ခန်း ယူနေစဉ် ကိုယ်အပူချိန် လွန်ကဲစွာ တက်တတ်ပါသည်။

အားကစား လေ.ကျင်စဉ် ဆေးကြောင်. ပိုတက်ဆီယမ်ဓာတ်ဆား ကိုယ်တွင်းမှ ယုတ်စေသကဲ.သို.  ဆေးများကြောင်. ပိုတက်ဆီယမ်ဓာတ် တိုးမြှင်.စေပါသည်။ ထို.သို. ကိုယ်အတွင်းတွင် ဓာတ်ဆားများ ကမောက်ကမ ဖြစ်ခြင်းကြောင်. ကြွက်သားများ အားနည်းခြင်း၊ စိတ်မကြည်သာခြင်း၊ ဗိုက်အောင်.ခြင်း၊ ဆီးသွားများခြင်း၊ နှလုံးတုန်ခြင်း၊ နှလုံရပ်ခြင်းများ ဖြစ်နိုင်ပါသည်။ ထို.ကြောင်. သွေးတိုး ရောဂါရှင်များအနေဖြင်. ပြင်းထန်သော အားကစားမျိုးကို ရှောင်ရှားပြီး မိမိတစ်နိုင် တစ်ပိုင် အားကစား တစ်မျိုးမျိုးကို လေ.ကျင်ကြပါလို. တိုက်တွန်းလိုက်ပါတယ်။

Diuretics ဆေးများ Diroton. Diamax. Laxis. Esidrex,

Betablocker ဆေးများ propranolol. oxprenolol.Metoprolol.
Atenolol.Acebutolol.nadolol. Sotalol. pindolol

သော်တာမောင်
Betablocker ဆေးများ propranolol. oxprenolol.Metoprolol.
Atenolol.Acebutolol.nadolol. Sotalol. pindolol

REF>>>သော်တာမောင်

0 comments:

Post a Comment