Tuesday, April 30, 2013

"ချစ်သူ"

"ချစ်သူ"
~~~~
အခါတစ်ပါးမှာဖြင့်
ချစ်ထားသူ တူနှစ်ကိုယ်တို့
သပြေညိုနေခိုရိပ်မှာလ
ချိန်း တိတ်တဆိတ်တွေ့ကြတယ်။

ရွှေသျှောင်းစောင်းဟာက
ချစ်ဟောင်းကို ပြန်ကာသစ်ချင်လို့
အချစ်ရယ် ပျို့ဆင်ပန်း
ပေးစမ်းပါ ချိုစကား
ကြွားမြွက်လို့ကြွယ်။

မောင့်နှယ်ရူးပါဘိ
ချစ်ဦးမယ် အပျိုက
ရယ်သလို သို့အပြောရယ်နဲ့
မြချောရောင် ကေသီလဲ့ဆီက
ကြည်နွဲ့ကာနေတဲ့ပန်းကို
လှမ်းဆွတ်၍ ပေးလိုက်တယ်
ရယ်ချင်ငဲ့ ပျို့စိတ်ထဲ။

ကြာင်ဆင်တဲ့သူ
ကြယ်ပွင့်ကို အသာယူ၍
အပြာဖြူ လွမ်းဂူလဲ့ဆီသို့
လှမ်းတဲ့ခါ သူခိုဝင်လျက်
အပျိုစင် ဆွတ်ခြွေပေးလိုက်တဲ့
ပွင့်သေး အပြာလျှံငဲ့ပြင်
ရွှေဝတ်ဆံ ဝါဝါဝင်း
ပျံ့သင်းသည်မာလာနဲ့
ရယ်တစ်ခါ ငိုတစ်လှည့်သာပါ့
ဆိုဖွဲ့ကာ သူဖြင့်ရူးရှာသတဲ့
အရူး သည်လိုဟာဖြင့်
သည်လောက ဘုံအနှမ်းပေမို့
ယုံတမ်းပင်ဆိုနိုင်သင့်သော်လည်း
မသင့်မလျော်ပေလို့
ဘယ်ကဝေ ဘယ်ဥာဏ်မင်းငယ်တို့
ငြင်းကြမလဲ။

ဇော်ဂျီ ( ၁၉၃၄ )

0 comments:

Post a Comment