Friday, April 26, 2013

အသင်းမှာ ဆက်နေမည်ဆိုသော တောရက်စ်

အက်သလက်တီကို အသင်းမှ တိုက်စစ်မှူး ဖယ်လ်ကာအိုကို ချဲလ်ဆီး အသင်းက ပစ်မှတ်ထားနေသော် လည်း ၎င်းအနေဖြင့်အသင်းမှာ နေရာ ရရန် အတွက် တိုက်ပွဲဝင်သွားမည်ဟု ချဲလ်ဆီးမှ တောရက်စ်က ဆိုသည်။ အက်သလက်တီကို အသင်းသည် ယခုရာသီ လာလီဂါတွင် အသင်း အတွက် ၂၅ ဂိုး သွင်းယူ ထားသည့် ဖယ်လ်ကာအို ကို ရောင်းထုတ်ဖွယ် ရှိနေသည်။ ချဲလ်ဆီး အသင်းသည် ဖယ်လ်ကာအိုကို အခိုင်အမာ စိတ်ဝင်စားနေပြီး အကယ်၍ ၎င်းတို့ နည်းပြဟောင်း ရီးရဲလ် နည်းပြ မော်ရင်ဟိုကို ခေါ်ယူခွင့် ရလျှင် လည်း ခေါ်ယူသွားမည် ဖြစ်သည်။ သို့သော် တောရက်စ်မှာ ချဲလ်ဆီး အသင်းတွင် ၃ နှစ် စာချုပ်ကုန်သည် အထိ ဆက်နေရန် မျှော်လင့်နေသည်။
တောရက်စ်က ချဲလ်ဆီး အသင်းမှာ မိမိ အနေဖြင့် ဆက်လက် ရှိနေစေလိုကြောင်း၊ အသင်းမှာ နောက်ထပ် နာမည်ကြီး ကစားသမားများ ရောက်လာနိုင်သည်ကို သိထားရမည် ဖြစ်ကြောင်း၊ အသင်း အနေဖြင့် ကစားသမားကောင်းတိုင်းကို ကြိုဆိုကြောင်း၊ အသင်းနှင့် မိမိ အကြား ဆက်ဆံရေး ကောင်းမွန်နေကြောင်း၊ ထိပ်တန်း ကစားသမားများကိုသာ ခေါ်ယူတတ်သည့် မိမိတို့ အသင်း အနေဖြင့် ဖယ်လ်ကာအိုကို ခေါ်ယူ လျှင်လည်း အထူးအဆန်း မဟုတ်တော့ကြောင်း ပြောကြားခဲ့သည်။
တောရက်စ်သည် ယခုရာသီ ဥရောပ ပြိုင်ပွဲများတွင် အသင်းအတွက် ၇ ဂိုး သွင်းယူထားပြီး ယနေ့ည ဘေဆယ် အသင်းနှင့် ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမ အကျော့ အဝေးကွင်း ပွဲစဉ်တွင် ဒမ်ဘာဘ cup-tied ဖြစ်နေ၍ အသင်း တိုက်စစ်ကို ဦးဆောင်မည် ဖြစ်သည်။ တောရက်စ်က ၎င်းအနေဖြင့် ချဲလ်ဆီး အသင်းအတွက် အနာဂတ်တွင် အောင်မြင်မှုများ ရယူပေးလိုကြောင်း ဆိုသည်။ အလားတူ စီးရီးအေကလပ် ဖီအိုရင်တီးနား အသင်းသည် တောရက်စ်ကို အပြောင်းအရွှေ့ သတင်းကြီးနေသော အသင်းတိုက်စစ် ကစားသမား ဂျိုဗက်တစ်၏ နေရာအတွက် အစားထိုး ခေါ်ယူရန် စိတ်ဝင်စားနေသည်။

0 comments:

Post a Comment