Tuesday, April 23, 2013

အသက်ကြီးလာစဉ် အရပ်ပုသွားရခြင်း အကြောင်း

အသက်ကြီး လာစဉ်မှာ မိမိဘဝရဲ့ နေထိုင်မှု ပုံစံဟာ အသက်ကြီး လာစဉ်မှာ မိမိရဲ့အရပ် ဘယ်လောက် လျော့နည်း သွားမလဲ ဆိုတာပေါ်မှာ လွှမ်းမိုးမှု ရှိတယ် လို့ ဟားဗတ် တက္ကသိုလ်မှ သုတေသီတွေ က ရှာဖွေတွေ့ရှိ ခဲ့ပါတယ်။ အရပ်အမြင့် နဲ့ ကျန်းမာရေးဟာ ငယ်စဉ် အရွယ်နဲ့ ကြီး လာစဉ် နှစ်မျိုးစလုံးမှာ ဆက်စပ်မှု ရှိပါ တယ်။သင်ရဲ့အရပ် ဘယ်လောက်ရှည် ရှည် ကြီးလာစဉ်မှာ အရပ် အမြင့်ပေ လျော့နည်း သွားတာဟာ ကျန်းမာရေးအ တွက် အရေးကြီးတဲ့ ညွှန်ပြချက်ဖြစ်တယ် လို့ ဆိုပါတယ်။ အသက်ကြီး လာစဉ်မှာ အရပ်ပု သွားတာဟာ ရေတို မှတ်ဥာဏ် ဆုံးရှုံးတာ၊ လွယ်ကူတဲ့ သင်္ချာ ဂဏန်းတွေ ကို တွက်ချက် နိုင်စွမ်း မရှိတာနဲ့ နေ့ရက် တွေကို မသိတာ လိုမျိုး ဥာဏ်ရည် နိမ့်ကျ သွားတတ် ပါတယ်။ အသက်ကြီး လာစဉ် အရပ်ပု သွားတာ ဟာလည်း ပညာအရည် အချင်းနဲ့ ဆက်စပ်မှု ရှိပါတယ်။
အမျိုး သားတွေအနေနဲ့ ပျမ်းမျှအားဖြင့် ၃ ပညာတတ် သူတွေမှာ ပိုပြီး အရပ်ပုတတ် တယ်လို့ သိရပါတယ်။ လူတိုင်း လူတိုင်းဟာ အသက်ကြီး လာရင် ခန္ဓာကိုယ်မှာ အဆီတိုး လာတာနဲ့ အရိုး သိပ်သည်းဆ နည်းလာတာ အပါ အဝင် ကိုယ်ကာယ ပြောင်းလဲမှုတွေ ဖြစ် ပေါ်တတ်ပါတယ်။ အသက်ကြီး လာတာ ကြောင့် အရပ်ပု သွားတတ်တာဟာ အ ဆစ်ရောင် ရောဂါ၊ ခါးဆစ်ရိုး ရောင်ရမ်း တာ ဒါမှမဟုတ် အရိုးပါး ရောဂါတွေ ကြောင့် ဖြစ်တတ်သလို့ အစားအစာ၊ လေ့ကျင့်ခန်း လုပ်တာနဲ့ ဆေးလိပ်သောက် တာလိုမျိုး ဘဝနေထိုင်မှု ပုံစံတွေကြောင့် လည်း ဖြစ်ပေါ် တတ်ပါတယ်။ 

0 comments:

Post a Comment