ကိုရီးယားနှစ်နိုင်ငံ ကိုယ်စားလှယ်တွေ စစ်မဲ့ဇုန်မှာတွေ့

တောင်နဲ့မြောက်ကိုရီးယား နှစ်နိုင်ငံကြားက စစ်မဲ့ဇုန်ဖြစ်တဲ့ Panmunjom မြို့မှာနှစ်နိုင်ငံက ကိုယ်စားလှယ်တွေ ဒီကနေ့တွေ့ ဆုံကြပါတယ်။

တရုတ်နဲ့အမေရိကန်သမ္မတ အင်တာနက်တိုက်ခိုက်မှု ကာကွယ်ရေး သဘောတူ

Cybersecurity အင်တာနက်ကွန်ယက်တွေ လုံခြုံရေး၊ မြောက်ကိုရီး ယားအရေးနဲ့ ရာသီဥတုပြောင်းလဲ လာမှု အကြောင်းတွေ ကို ဆွေးနွေးကြတဲ့ အမေရိကန်သမ္မတ နဲ့ တရုတ်သမ္မတတို့ရဲ့ ၂ ရက်ကြာဆွေးနွေးပွဲ ဟာ

၂၀၀၈ ဖွဲ့စည်းပုံ ဒေါ်စု ကန့်ကွက်မဲပေးခဲ့

ပြင်ဦးလွင်ကိုရောက်နေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူတုန်းက သူ ကန့်ကွက်မဲထည့်ခဲ့တဲ့အကြောင်း

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း သမ္မတတာဝန်ယူဖို့ ဆန္ဒရှိ

အမေရိကန် ပြည်ထောင်စုကို ပထမဆုံးအကြိမ် လွှတ်တော် ကိုယ်စား လှယ် တဦးအဖြစ်နဲ့ ရောက်ရှိ လာတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း အနေနဲ့ အစိုးရအကြီးအကဲ သမ္မတတဦးအဖြစ်

ဆိုင်ကယ်ဖြင့် ဈေး လိုက်လံ ရောင်းချသူ တစ်ဦး အား ကေအိုင်အေ အဖွဲ့မှ အကြောင်းမဲ့ သတ်ဖြတ်

ရှမ်းပြည်နယ် (မြောက်ပိုင်း) မုံးကိုး၊ ကြူကုတ်၊ မုံးပေါ် ဒေသရှိ ဝိန်းဆိုင်ကျေးရွာ အုပ်စု၊ ဟူးကြီးရွာ၏ အနောက်ဘက် ချောင်း အနီး၌ ဇွန် ၈ ရက်က လက်နှစ်ဖက်၊ ခြေနှစ်ဖက်အား ကြိုးတုပ်ထားပြီး

Showing posts with label ကမ္ဘာ့စီးပွားရေး. Show all posts
Showing posts with label ကမ္ဘာ့စီးပွားရေး. Show all posts

Wednesday, September 28, 2016

ကမ္ဘာ့စီးပွားရေး မရေရာပေမယ့် ဖွံ့ဖြိုးဆဲ အာရှနိုင်ငံတွေရဲ့ စီးပွားရေး ဆက်လက်တည်ငြိမ်နေဆဲဟု အာရှဖွံ့ဖြိုးရေးဘဏ် ထုတ်ပြန်

တစ်ကမ္ဘာလုံးဆိုင်ရာ ကြမ်းတမ်းတဲ့ ရိုက်ခတ်မှုတွေရှိသော်ငြားလည်းအာရှဒေသက ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ စီးပွားရေးအခြေအနေကတော့ ဆက်လက်တည်ငြိမ်ခိုင်မာနေတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် ADB က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

Thursday, June 16, 2016

လက်စတာစီးတီး ပိုင်ရှင် King power လုပ်ငန်းစုက ၀ယ်ယူ ၂၂၅သန်းဖိုးThai Air Asia လေကြောင်းလိုင်း ရှယ်ယာတွေကို ၀ယ်ယူ


ပရီးမီးယားလိဒ် ချန်ပီယံ လက်စတာစီးတီးအသင်းကို ပိုင်ဆိုင်တဲ့
လုပ်ငန်းစုဖြစ်တဲ့ ထိုင်းအခြေစိုက် King Power International Group
ဟာ ယခုမှာတော့ နိုင်ငံရဲ့အကြီးဆုံး ဘက်ဂျက်လေကြောင်းလိုင်း Thai Air Asia ရဲ့ အစုရှယ်ယာတစ်ချို့ကို ဒေါ်လာ ၂၂၅ သန်း နဲ့ ၀ယ်ယူလိုက်ပြီဖြစ်တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

Monday, June 13, 2016

EU မှ ဗြိတိန်ထွက်မယ့်အရေးကြောင့် ပေါင်ဈေးကျပြီး ဒေါ်လာဈေးတက်

ဒီလထဲမှာ ဥရောပသမ္မဂ ကနေ ဗြိတိန်နိုင်ငံထွက်မယ့်အရေးမသေချာ
မှုတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေဟာ အမေရိကန်ဒေါ်လာ သုံးစီးပွား
ရေးတွေမှာပြောင်းလဲရင်းနှီးမြှုပ်နှံလာတာကြောင့် ဗြိတိန်ပေါင်နဲ့ ယူရိုငွေ
တွေကျဆင်းလာပါတယ်။

Tuesday, April 26, 2016

ပင်လယ်ကွေ့ နိုင်ငံတွေရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှု အစီအစဉ်တွေ အပေါ်မှာ ကျေနပ်အားရမိကြောင်းIMF ပြောကြား

ကမ္ဘာ့ရေနံဈေးကျဆင်းမှုကြောင့် ပို့ကုန်လုပ်ငန်းရဲ့ ၀င်ငွေရရှိမှုပိုင်း
ထိခိုက်ဆုံးရှုံးခဲ့ရတဲ့အချိန်မှာ ဆော်ဒီအာရေဗျအပါအ၀င် အခြား အာရတ်
ပင်လယ်ကွေ့ ရေနံတင်ပို့သူနိုင်ငံတွေရဲ့ ဘဏ္ဍာရေးပိုင်း
ပြန်လည် တည့်မတ်ဖို့ ကြိုးပမ်းချက်တွေအပေါ်မှာ အားရကျေနပ်မိတယ်ဆိုပြီး နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

Monday, January 18, 2016

ကမ္ဘာ့ဘဏ် အကူအညီဖြင့်ဆောင်ရွက်ရန် အိုင်စီတီဆိုင်ရာ ကိစ္စရပ်အများစုပါဝင်

ကမ္ဘာ့ဘဏ် အကူအညီဖြင့် ဆောင်ရွက်ရန် အိုင်စီတီဆိုင်ရာကိစ္စရပ် အများစုပါဝင်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောကြားသည်။

Friday, June 7, 2013

မြန်မာတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု သိသာစွာကျဆင်း

အရှေ့တောင် အာရှနိုင်ငံ များတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုများ အရှိန်နှင့်လှိမ့် ဝင်လာချိန်၌ တရုတ်-မြန်မာ ဆက်ဆံရေး အနည်းငယ် တင်းမာ ခဲ့သဖြင့် လွန်ခဲ့သည့် နှစ်များနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံ အတွင်း တရုတ် ရင်းနှီးမြှုပ်နှံမှုများ သိသာစွာ ကျဆင်း လျက်ရှိကြောင်း The Wall Street Journal သတင်းတွင် ရေးသား ဖော်ပြထားသည်။ မြန်မာနိုင်ငံ ဘင်္ဂလား ပင်လယ်အော်မှ တရုတ်တောင်ပိုင်းသို့ ဆက်သွယ် ပို့ဆောင်မည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပို့ဆောင်ရေး ပိုက်လိုင်းနှစ်သွယ် တည်ဆောက်ရေး လုပ်ငန်း စီမံကိန်းကို ယခုနှစ်အတွင်း ဖွင့်လှစ်ရန် သတ်မှတ် ထားသော်လည်း ခေတ္တ ရပ်ဆိုင်း သွားခဲ့ကြောင်း ယင်းသတင်းက ဆိုသည်။

တရုတ် ကုမ္ပဏီများသည် မြန်မာနိုင်ငံ အတွင်း ယခုဘဏ္ဍာနှစ် မတ်လ ၃၁ ရက်နေ့အထိ ရင်းနှီးမြှုပ်နှံငွေမှာ ဒေါ်လာ ၄၀၇ သန်းသာ ရှိတော့ပြီး လွန်ခဲ့သည့် ၂နှစ်ခန့်က ၈ ဒသမ ၂၇ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့သဖြင့် ၄ ဒသမ ၃၅ ဘီလီယံကျဆင်းခဲ့ကြောင်း မြန်မာအစိုးရက ထုတ်ပြန် ခဲ့သည့် အစီရင် ခံစာအရ သိရှိရသည်။ ယင်းကြောင့် မြန်မာနိုင်ငံ အတွင်း ရင်းနှီးမြှုပ်နှံမှုများကို တရုတ်တို့က ၂၉ ရာခိုင်နှုန်းခန့် လျှော့ချလိုက်သည့် သဘော ဖြစ်သည်။ မြန်မာနိုင်ငံ အတွင်း တရုတ်တို့ ရင်းနှီးမြှုပ်နှံမှု များသည် ကုန်ချော ထုတ်လုပ် သည့် လုပ်ငန်း၊ ရေအားလျှပ်စစ်၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ထုတ် လုပ်ခြင်းနှင့် ဟိုတယ် ခရီးသွား လုပ်ငန်းများ ဖြစ်သည်။

အထူးသဖြင့် အကြီးစား စက်ပစ္စည်းများ၊ လျှပ်စစ်နှင့် သယ်ယူပို့ဆောင်ရေး ယာဉ်ဆိုင်ရာ ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းလျက်ရှိပြီး ယင်းသည် တရုတ်သွင်းကုန် စုစုပေါင်း ဒေါ်လာ ၁၇၅ သန်းခန့်၏သုံးပုံတစ်ပုံခန့်ရှိသည်ဟု ယင်းသတင်းတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံ အာဏာရှင်တို့၏ မူဝါဒများကြောင့် အနောက်အုပ်စုက ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ခဲ့ချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သည် မြန်မာနိုင်ငံ၏ အနီးစပ်ဆုံးနိုင်ငံရေးနှင့် ကုန်သွယ်မိတ်ဖက်နိုင်ငံဖြစ်ခဲ့ပြီး ၂၀၁၁ ခုနှစ်မတိုင်မီအထိ နှစ်ပေါင်းများစွာ ဆက်ဆံခဲ့သည့်နိုင်ငံ တစ်နိုင်ငံ လည်းဖြစ်သည်။

ယင်းနောက် မြန်မာနိုင်ငံသည် အနောက်နိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့် လာခဲ့ပြီး တရုတ်ဆန့်ကျင်ရေး သဘောထားများကို ထင်ရှားစွာပြသလာ ခဲ့ကြောင်း The Wall Street Journal သတင်းတွင် ဖော်ပြထားသည်။ တရုတ်တို့နှင့် လုပ်ဆောင်နေသော စီမံကိန်းများကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ကန့်ကွက် ဆန္ဒပြမှုများ ရှိလာပြီးနောက် အိမ်နီးချင်းတရုတ်၏ စီးပွားရေး၊ စစ်ရေးနှင့် နိုင်ငံရေးလွှမ်းမိုးမှုများ အပေါ် မြန်မာတို့က ပြန်လည်သုံးသပ်မှုများ ပြုလာကြသည်။ ပြည်တွင်း၌ကန့်ကွက်ဆန္ဒပြမှုများကြောင့် မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်သည် တရုတ်တို့ နောက်ခံပြုထားသည့် ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံတန်ဖိုး ရှိသော ရေအားလျှပ်စစ် စီမံကိန်းကို ၂၀၁၁ ခုနှစ်တွင် ရပ်ဆိုင်းလိုက် သည်။

ယင်းစီမံကိန်းသည် တရုတ်နိုင်ငံသို့ လျှပ်စစ်ဓာတ်အား ထောက်ပံ့မည့် စီမံကိန်းဖြစ်သည်။ ယမန်နှစ် နိုဝင်ဘာလကစတင်ပြီး ကန့်ကွက်ဆန္ဒပြမှုများကြောင့် တရုတ် တို့ နောက်ခံပြုထားသည့် ကြေးနီစီမံကိန်းလည်း ယာယီ ရပ်ဆိုင်းထားလိုက် ရပြန်သည်။ ထို့ပြင်မြန်မာနိုင်ငံ အနောက်ဘက် ကမ်းရိုးတန်းမှသည် တရုတ်ပြည်တောင်ပိုင်း ကူမင်းအထိ ဆက်သွယ်မည့် ဒေါ်လာ ဘီလီယံနှင့် ချီပြီး လုပ်ဆောင်မည့်မီးရထားလမ်း ဖောက်လုပ်ရေးလုပ်ငန်းမှာလည်း ပျက်ပြယ်သွားခဲ့ရကြောင်း The Wall Street Journal က ဆိုထားသည်။ မြန်မာနိုင်ငံ ဆက်သွယ်ရေးလုပ်ငန်းတွင် အကျိုးတူ ပူးပေါင်းလုပ်ဆောင်ရန် စီစဉ်နေသည့် တရုတ် China Moblie နှင့် ဗြိတိန် Vodafone Group တို့ သည် မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်ပြီး ခိုင်မာသော ဥပဒေမရှိဟူသည့် အကြောင်းပြချက်ဖြင့် လိုင်စင်လျှောက်ထား ရာမှ နုတ်ထွက်သွားခဲ့သည်။

Tuesday, May 21, 2013

အမေရိကန် ဒေါ်လာ ဈေး တရိပ်ရိပ် တက်

အမေရိကန် ဒေါ်လာ ဈေး တရိပ်ရိပ် တက်
 
မေလ ဆန်း ကတည်း က ဈေးကွက် တွင် အ၀ယ် လိုက်မှု ကြောင့် နှစ် အတန်| ကြာ ကျ ဆင်း နေရာ မှ ပြန် လည် တက် ခဲ့ သည် အမေရိကန် ဒေါ်လာ ဈေး သည် ယနေ့ တနင်္လာ နေ့  နံနက် ဈေး ဖွင့် ချိန် တွင် ကျပ်ငွေ ၉၄၂ ထိ ဈေး ပေါက် | သည် ဟု သိရသည်။

အစိုးရ က ၀န်ထမ်း လစာ တိုး မြှင့် ပေး ပြီး နောက် ဒေါ်လာ ဈေးတက် လာ ခြင်း ဖြစ်သည်။

လွန် ခဲ့ သည့် နှစ် အနည်း ငယ် က နိုင်ငံခြား ငွေ များ မြန်မာ နိုင်ငံ တွင်း ၀င် ရောက် မှု များ လာခြင်း ကြောင့် သည် ဒေါ်လာ ဈေး မှ ၈၀၀ ကျပ် အောက် သို့  ပင် ကျ ဆင်း သွား ခဲ့ ရသည်။

ဧပြီလ အတွင်း က ၈၆၀ ကျပ်သာ ရှိ ခဲ့ သည့် အမေရိကန် ဒေါ်လာ ဈေး သည် ပြည်တွင်း နိုင်ငံ ခြား ငွေ ကစား သူများ ကြောင့် တက် လာ ရသည်ဟု စီးပွား ရေး လုပ် ငန်း ရှင် တစ်ဦး က FNG ကို ပြောသည်။

ဒေါ်လာ ဈေး တက် မှု ကြောင့် အခြား ကုန် ပစ္စည်းများ လည်း လိုက်လံဈေးတက် လျှက် ရှိ သည်။

အမေရိကန် တစ်ဒေါ်လာ ပေါက် ဈေးသည် တစ်ထောင် ကျပ် အထိ ရောက် နိုင် သည် ဟု ဒေါ်လာ ၀န် ဆောင်မှု ကျွမ်းကျင်သူ များ က ခန့် မှန်း ကြသည်။

Friday, April 26, 2013

ကုန်းတွင်း ရေနံ လုပ်ကွက် ၁၈ ကွက် လုပ်ကိုင်ခွင့် ပဏာမ ရွေးချယ်

ကုန်းတွင်း ရေနံ လုပ်ကွက် ၁၈ ကွက် လုပ်ကိုင်ခွင့် ပဏာမ ရွေးချယ်ရာတွင် သြစတြေးလျ ကုမ္ပဏီများ အများဆုံး ပါဝင်ကြောင်း သတင်း ရရှိသည်။ လျှောက်ထားသော နိုင်ငံများ အနက် သြစတြေးလျ နိုင်ငံက စုစုပေါင်း ကုမ္ပဏီ ၁၂ ခုဖြင့် ပထမ အများဆုံးဖြစ်ပြီး အိန္ဒိယ၊ ဗြိတိန် နိုင်ငံတို့က ပဏာမ ရွေးချယ်သည့် စာရင်းတွင် အခြား နိုင်ငံများထက် အရေအတွက် ပိုများသည်။

တင်ဒါ ခေါ်ယူမှုကို မတ်လ ၁၆ ရက်က စာရင်း ပိတ်ခဲ့ပြီး နိုင်ငံတကာ ကုမ္ပဏီပေါင်း ၉၀ လျှောက်ထား ခဲ့ရာမှ ၅၉ ခုကို ပဏာမ ရွေးချယ်ခဲ့ကြောင်း၊ ၅၉ ခုအနက် နည်းပညာ မြင့်မားပြီး ငွေကြေး အင်အား တောင့်တင်းခြင်းနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး လိုက်နာသော ကုမ္ပဏီများကို ထပ်မံ ရွေးချယ်သွားမည်ဖြစ်ကြောင်း စွမ်းအင် ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ကုမ္ပဏီ တစ်ခုကို လုပ်ကွက် သုံးခု လျှောက်လို့ရတယ်။ လုပ်ကွက်က နည်းပြီး လျှောက်ထားတဲ့ ကုမ္ပဏီကများတော့ နောက်တစ်ကြိမ် ထပ် ရွေးဦးမယ်” ဟု အထက်ပါ ပုဂိုလ်က ပြောသည်။ ကုန်းတွင်း ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ကွက် (၁၈) ကွက်တွင် သုံးကွက်မှာ ထုတ်ယူနေဆဲ လုပ်ကွက်ဖြစ်ပြီး ယင်းလုပ်ကွက် သုံးကွက်ကို လုပ်ကိုင်မည့် ကုမ္ပဏီနှင့် ချုပ်ဆိုရာတွင် ထုတ်လုပ်မှု တိုးမြှင့်သည့် ခွဲဝေရေး စာချုပ် ပုံစံဖြင့် ချုပ်ဆိုရမည် ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

“ရွေးချယ် ခံထားရတဲ့ ကုမ္ပဏီက မြန်မာ ကုမ္ပဏီတွေနဲ့ တွဲလုပ်ရမယ်။ တွဲရမယ့် ကုမ္ပဏီတွေကို သူတို့ ရွေးချယ်ခွင့် ရှိပါတယ်” ဟု စွမ်းအင် ၀န်ကြီးဌာန၊ မြန်မာ ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကုန်းတွင်း ရေနံလုပ်ကွက် (၁၈) ကွက်အနက်မှ ပြည်တောင်တန်း၊ မြန်အောင်၊ ရွှေပြည်သာ လုပ်ကွက်များသည် အဟောင်းများဖြစ်ပြီး ကျန် (၁၅) လုပ်ကွက်သည် အသစ်ဖြစ်ကာ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ထွက်ရှိမည့် လုပ်ကွက်များကို မကွေး တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ မန္တလေး တိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးတို့တွင် စမ်းသပ် ရှာဖွေရမည် ဖြစ်သည်။

Wednesday, April 24, 2013

အိမ်ဖြူတော်အကြောင်း လုပ်ကြံသတင်းကြောင့် Stock ဈေးထိုးကျ

အမေရိကန် သမ္မတ အိမ်ဖြူတော်မှာ ဗုံးကွဲပြီး သမ္မတ အိုဘားမား ထိခိုက်ဒဏ်ရာ ရတယ်ဆိုတဲ့ လုပ်ကြံ သတင်းမှားကြောင့် အင်္ဂါနေ့က အမေရိကန် Stock ဈေးကွက်တွေ ထိုးကျသွားပါတယ်။ နောက် ပိုင်းတော့ ဈေးတွေ ပြန်ကောင်း လာခဲ့ပါတယ်။

ဟက်ကာ အင်တာနက် ခိုးဖောက်ဝင်သူတွေဟာ AP Twitter အကောင့်ထဲကို ၀င်ရောက်ပြီး၊ နောက်ဆုံးရ သတင်း - အိမ်ဖြူတော်မှာ ဗုံး နှစ်လုံးပေါက်ကွဲပြီး သမ္မတ အိုဘားမား ဒဏ်ရာရတယ် ဆိုပြီး ရေးသား ခဲ့ကြပါတယ်။

အဲ့ဒီမိနစ်ပိုင်းအတွင်းမှာပဲ အမေရိကန် Stock ဈေးတွေ အထူးသဖြင့် ဒီ Dow Stock ဈေးကွက်ဟာဆိုရင် အမှတ် ၁၃၀ မှတ်အထိ တနေ့လုံး အရှိန်ကောင်းတဲ့ ဈေးကွက်မှာ ကျဆင်းသွားခဲ့ရပါတယ်။ နောက်ဆုံးမှာ သတင်းမှားတယ်ဆိုတာ သိပြီးနောက် Dow Stock တွေ အလျင်အမြန် ပြန်တက်လာခဲ့ပါတယ်။

Syrian Electronic Army ဆိုတဲ့ အုပ်စုကတော့ ဒီ ဆိုက်ဘာ တိုက်ခိုက်မှုကို သူတို့ လုပ်တာဆိုပြီး ကြေညာပါတယ်။ ဒါပေမဲ့ ဟုတ် မဟုတ်ဆိုတာ သီးခြား အတည်ပြုလို့တော့ မရပါဘူး။ ဒီအဖွဲ့ဟာ တခြား သတင်းအေဂျင်စီတွေကိုလည်း အရင်တုန်းက သူတို့ တိုက်ခိုက်ခဲ့တယ် ဆိုပြီး ကြေညာခဲ့ဖူးပါတယ်။

Tuesday, April 9, 2013

မြန်မာ့စီးပွားရေးကဏ္ဍသစ်အတွက် ဂျပန်အစိုးရ တွန်းအားပေး

ဂျပန်နိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီးသစ် ဖြစ်လာပြီးနောက် မစ္စတာကာရိုအာဆို သည် ပြည်တွင်း အရေးကြီး ကိစ္စများကို ဘေးချ၍ မြန်မာနိုင်ငံသို့ ခရီးထွက်ကာ အထူးစီးပွားရေးဇုန်တည်ဆောက်မည့် ဒေသတစ်ခုအား လည်ပတ်ရင်း မြန်မာနိုင်ငံ အတွက် ဘဏ္ဍာရေးအကူအညီများ ထပ်မံပေးအပ်ရန် အတည်ပြုပြောကြား သည်။ ယင်းမှာ ဂျပန်နိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်သူ မစ္စတာတာရိုအာဆို၏ ပထမဦး ဆုံး နိုင်ငံခြားခရီးစဉ်လည်း ဖြစ်သည်။ မြန်မာနိုင်ငံသို့ သုံးရက်ကြာ အလည်အပတ်ခရီးစဉ်အတွင်း အသက် ၇၂ အရွယ် မစ္စတာတာရိုအာဆိုသည် သမ္မတဦးသိန်းစိန်အပါအဝင် အစိုးရအဖွဲ့တွင် အရေးပါသော ဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ဂျပန်နိုင်ငံက ကြွေးမြီယန်းငွေ ၅၀ဝ ဘီလီယံ(ကန်ဒေါ်လာ ၆ ဘီလီယံ) လျှော့ပေါ့ပေးမည်ဖြစ်ပြီး နောက်ထပ်ကြွေးမြီသစ် ယန်းငွေ ၅၀ ဘီလီယံ ပေးအပ်မည်ဟုလည်း သမ္မတဦးသိန်းစိန်အား အတည်ပြုပြောကြားခဲ့သည်။ ယင်းမှာ ယခင်ဂျပန်အစိုးရ၏ ကတိကဝတ်အပေါ် ထပ်မံအတည်ပြုခြင်း ဖြစ်သည်။ “ပြည်ပကြွေးမြီပြဿနာ ဖြေရှင်းရာမှာ ဂျပန်နိုင်ငံရဲ့ အခန်းကဏ္ဍအတွက် မြန်မာနိုင်ငံက အရမ်းကို ကျေးဇူးတင်နေပါတယ်။ ကျွန်တော်ကျေနပ်ပါတယ်” ဟု မစ္စတာတာရိုအာဆိုက သတင်းထောက်များအား ပြောကြားသည်။ “မြန်မာနိုင်ငံမှာ ကြီးမားတဲ့ အလားအလာရှိတယ်လို့ ကျွန်တော်ခံစားရပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ပုဂ္ဂလိကနဲ့ အစိုးရ ပူးပေါင်းဆောင်ရွက်မှုကို ဖွံ့ဖြိုးတိုးတက်အောင် ထောက်ပံ့ပေးဖို့ ဖြစ်ပါတယ်”ဟု သီလဝါဆိပ်ကမ်းသို့ လည်ပတ်စဉ် ဂျပန်ဘဏ္ဍာရေးဝန်ကြီးတာရိုအာဆိုက ပြောကြားသည်။ ကန်ဒေါ်လာ ၁၂ ဒသမ ၆ ဘီလီယံ အကုန်အကျခံ တည်ဆောက်မည့် ၂၄၀ဝ ဟက်တာ (ဧက ၅၉၀ဝ ကျော်) ကျယ်ဝန်းသော အထူးစီးပွားရေးဇုန်မှာ ဂျပန်-မြန်မာ ဆက်ဆံရေး၏ အဓိကအစိတ်အပိုင်းလည်း ဖြစ်သည်။ မြန်မာနိုင်ငံသည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဥပဒေအား ယမန်နှစ်အတွင်း ပြဋ္ဌာန်းပြီးနောက် အထူးစီးပွားရေးဇုန်များနှင့်ပတ်သက်၍ ဥပဒေများကို ပြန်လည်ပြင်ဆင်နေဆဲဖြစ်သည်။ သီလဝါဆိပ်ကမ်းကြောင့် အလုပ်အကိုင်ရှားပါေးသာ နိုင်ငံတွင် အလုပ်အကိုင်အခွင့်အရေးများ ရရှိလာမည်ဟု မြန်မာနိုင်ငံမှအရာရှိများက မျှော်လင့်ထားသည်။ ဂျပန်-မြန်မာ အစည်းအရုံး၏ စီနီယာအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ မစ္စတာတာရိုအာဆိုက နောက်ပိုင်းတွင် ၎င်းနှင့်အတူ ခရီးသွားနေသော သတင်းထောက်များအား “ငါတို့ ကားနဲ့လျှောက်မောင်းနေတာ ကောင်းကင်မှာ မဟာဓာတ်အားလိုင်းတွေ မင်းတို့တွေ့မိလား။ ငါတော့ မတွေ့မိဘူး။ ဒီနိုင်ငံမှာ လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက်မရှိဘူး။ တည်ငြိမ်တဲ့ ဓာတ်အားပေးပို့မှုဆိုတာ ဘယ်စီးပွားရေးလုပ်ငန်းအတွက်မဆို အရေးကြီးတယ်”ဟု ပြောသည်။ မြန်မာနိုင်ငံ၏ ကောင်းကွက်လေးများလည်း ၎င်းကရှာတွေ့ခဲ့သည်။ ရန်ကုန်မှာ ညအခါမှာပင် ဘေးကင်းလုံခြုံသည်။ ဂျပန်နိုင်ငံကဲ့သို့ပင် ဖြစ်သည်။ အရာရှိများက အစည်းအဝေးများအတွက် အချိန်ကိုက်ရောက်ရှိကြသည်။ ဂျပန်လူ့အဖွဲ့အစည်းအတွက် အရေးကြီးသော နောက်တစ်ချက်ဖြစ်သည်။ 

တစ်ချိန်တုန်းက ညီအစ်ကိုဖြစ်သော Puma နှင့် Adidas

ကမ္ဘာ့ထိပ်တန်း အားကစား ပစ္စည်းထုတ်လုပ်တဲ့ Puma နဲ့ Adidas ကို တော်တော်များများ သိကြပါတယ်။ ယင်း ကုမ္မဏီနှစ်ခုကို တည်ထောင်သူများက ညီအစ်ကို နှစ်ဦး ဖြစ်ပါတယ်။
ဂျာမနီ နိုင်ငံသားများ ဖြစ်ပြီး Adidas တည်ထောင်သူက ညီငယ် Rudolf Dassler, Puma တည်ထောင်သူက Adolf Dassler ဖြစ်ပါတယ်။ ညီငယ် Rudolf က ၁၉၂၄ ခုနှစ်ကလို့ အားကစားပစ္စည်း ထုတ်လုပ်တဲ့ ကုမ္မဏီကို စတင်တာ ဖြစ်ပါတယ်။ ၁၉၂၈ နယ်သာလန် အိုလံပစ်အထိတောင် သွားရောက် ရောင်းချခဲ့ပါတယ်။ ၁၉၃၆ခု ဘာလင် အိုလံပစ်ကျတော့ အမေရိကန် အသင်းတစ်ခုအတွက် ဖိနပ်များ စပွန်ဆာပေးနိုင်ခဲ့ပါတယ်။
ဒီလိုနဲ့ အတူတူလုပ်ကိုင်ရင်း ဂျာမနီမှာ နာဇီစစ်အင်အားကြီးမားလာပါတယ်။ စစ်ဖြစ်ကြချိန်မှာတော့ ညီအစ်ကိုနှစ်ယောက်လုံး နာဇီပါတီဝင်ပြီး ရှေ့ တန်း ထွက်ရပါတယ်။ စစ်ပြီးချိန်မှာတော့ ကုမ္မဏီကို ဆက်လက်လုပ်ကိုင်ပြီး Adi အမည်နဲ့ လုပ်ကိုင်လာရာမှ Adidas သို့ပြောင်းလဲလိုက်ပါတယ်။ Adolf (Adi) Dassler ဆိုတဲ့ သူ့ရဲ့ အမည်ကနေ ထုတ်ယူထားတဲ့ နာမည် ဖြစ်ပါတယ်။ အစ်ကိုဖြစ်သူနဲ့ စိတ်သဘောထားခြင်း မတိုက်ဆိုင်တော့ပါဘူး။
ဒါကြောင့် အစ်ကိုဖြစ်သူ Rudolf Dassler လည်း ၁၉၄၈ ခုနှစ်ကစလို့ ကိုယ်ပိုင် အားကစား ပစ္စည်း ကုမ္မဏီစထောင်ပါတယ်။ အမည်ကို Puma လို့ပေးပြီး ဂျာမနီဝေါဟာရ အရ တောင်ကြောင် (တောင်ခြေင်္သေ့) ဖြစ်ပါတယ်။ တစ်ချိန်တုန်းက အရမ်းချစ်ကြတဲ့ ညီအစ်ကိုတွေ ဖြစ်ပေမယ့် သဘောထား ကွဲပြားမှုများကြောင့် လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် Puma နဲ့ Adidas ဟာ ခေတ်အဆက်ဆက် ပြိုင်ဘက်တွေ ဖြစ်ခဲ့ပါတယ်။
Puma နဲ့ Adidas နှစ်ခုလုံးဟာ ကမ္ဘာ့အားကစားပစ္စည်း ဈေးကွက်မှာ ကိုယ်စီ ဈေးကွက်ပိုင်ဆိုင်ထားပါတယ်။ Profit ကတော့ Adidas က ပိုများတဲ့ အနေအထားမှာ ရှိပါတယ်။ Puma ကျတော့ ၂၀၀၇ ခုနှစ်မှာ ပြင်သစ် PPR ကုမ္မဏီရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်သွားပြီး ထုတ်လုပ်မှုများ ပုံမှန်ပြုလုပ်နေဆဲ ဖြစ်ပါတယ်။ အမေရိကန်မှာ Nike က ထိပ်တန်း ကုမ္မဏီ ဖြစ်သလို ဥရောပမှာ Puma နဲ့ Adidas က ထိပ်တန်း ကုမ္မဏီ ဖြစ်ပါတယ်။ သို့ပေမယ့် Nike ကိုမကျော်နိုင်ပါဘူး။ Nike က ကမ္ဘာ့ နံပါတ် ၁ အားကစားပစ္စည်း ကုမ္မဏီဖြစ်ပါတယ်။ ဝင်ငွေအရရော၊ ထုတ်လုပ်မှု အရရော နံပါတ် ၁ ဖြစ်ပါတယ်။
အကယ်၍ ညီငယ် Rudolf နဲ့ အစ်ကို Rudolf နှစ်ဦးသာ သဘောထား တိုက်ဆိုင်မယ်၊ ချစ်ချစ်ခင်ခင် လုပ်ကိုင်ခဲ့မယ်ဆိုရင် ယနေ့မှာ ကမ္ဘာ့ နံပါတ် ၁ က Adi ဖြစ်မယ်လို့ လူတိုင်း ယုံကြည်ကြပါတယ်။ ယခုတော့ စိတ်ဝန်းကွဲမှုကြောင့် ကမ္ဘာ့နံပါတ် တစ် ဖြစ်မလာပဲ Nike ကိုကျော်ဖို့ထက် အခြား အာရှ၊ ဥရောပ အားကစား ကုမ္မဏီငယ်များ ကျော်တက်တာ မခံရအောင် ကြိုးစားနေကြရပါတယ်။ ဥရောပ စီးပွားရေး ကျဆင်းမှု ဒဏ်က ကြိုးစား ရုန်းထွက်နေကြပါတယ်။ ကုမ္မဏီနှစ်ခုလုံးကတော့ အခြေအနေ ပြန်လည် ကောင်းမွန်နေပြီ ဖြစ်ပါတယ်။ မိသားစု နှစ်ခု ဆွေမျိုး ဖြစ်ပေမယ့် စီးပွားရေး အရ ရန်သူတွေ ဖြစ်နေကြ ပါပြီ။
ဒါကြောင့် Puma နဲ့ Adidas ကို တစ်နေ့နေ့ တစ်ချိန်ချိန် ပြန်လည်ပေါင်းစည်း ဖို့ ဂျာမနီ ပြည်သူတွေ မျော်လင့်လျက် ရှိတယ်လို့ သိရပါတယ်။