Monday, November 7, 2016

ဗြိတိန် EU ကထွက်ဖို့ မသေချာတော့ဘူးလား

အင်္ဂလန်မှာ သြဇာအကြီးမားဆုံးဖြစ်တဲ့ လန်ဒန်ရဲ့ တရားရုံးချုပ် high court က ပါလီမန်အနေနဲ့ ၀န်ကြီးချုပ် Theresa May ကို Article 50 ကိုစတင်ဖို့ တရားဝင်ကန့် တားမြစ်နိုင်ခွင့်ကို ချပေးလိုက်ပါတယ်။

Article 50 ကိုစတင်ပြီဆိုရင် UK က EU မှ ၂နှစ်အတွင်းထွက်ဖို့ကိုဆွေးနွေး လုပ်ဆောင်ရမှာဖြစ်ပါတယ်။ယခုအချိန်မှာ ပါလီမန်အနေနဲ့ Brexit(UK- EU မှနှုတ်ထွက်ခြင်း)ကို လုံးဝကန့်ကွက်နိုင်တဲ့ အာဏာရှိနေပြီး တော့ UK ဟာ ဥရောပသမဂကမှာဆက်ရှိနေဖို့အလားအလား အနည်းငယ်ရှိနေပြီဖြစ်ပါတယ်။

High court ရဲ့ ထုတ်ပြန်ချက်အရ ၀န်ကြီးချုပ် Theresa May ဟာ UKအနေနဲ့ EU ကထွက်ဖို့အတွက် လုပ်ဆောင်ရန်လိုအပ်တဲ့ Article 50 ကိုပါလီမန်ရဲ့ သဘောတူညီချက်ရမှာသာ လုပ်ဆောင်ခွင့်ရမှာဖြစ်ပါတယ်။ Brexit ကိစ္စကို တရားရုံးချုပ် Supreme court ကိုဒီဇင်ဘာလမှာ လွှဲပြောင်းပေးရမှာ ဖြစ်တယ်လို့လည်းသိရပါတယ်။ Supreme Courtဟာ ၂၀၀၉ ခုနှစ်မှာ စတင်ဖွဲ့စည်းပြီးကတည်းက ပထမဆုံးအကြိမ်အသက်ဝင်ပြီး ဒီကိစ္စကိုကိုင်တွယ်မှာဖြစ်ပါတယ်။

Supreme Court က ကန့်ကွက်လိုက်ပြီဆိုရင် UK ဟာ European Courtof Justice ကိုပြန်လည်အယူခံတင်ခွင့်ရှိမှာဖြစ်ပါတယ်။အခုလို Article 50ကို ပါလီမန်ရဲ့ ခွင့်ပြုချက်နဲ့သာစတင်ခွင့်ရှိတော့မှာကြောင့် ဗြိတိန်အနေနဲ့မဲပေးထားတဲ့အတိုင်း လွတ်လွတ်လပ်လပ် ဥရောပသမ္မဂ ကထွက်လို့ရတော့မှာမဟုတ်ပါဘူး။

ဗြိတိန်ပြည်သူတွေဟာ ဇွန်လ ၂၃ ရက်နေတုန်း ဥရောပသမ္မဂ ကနေနှုတ်ထွက်ဖို့အတွက် ဆန္ဒမဲပေးခဲ့ပြီး ထွက်ခွာမဲက ၅၁ ဒသမ ၉ရာခိုင်နှုန်းရှိခဲ့တာကြောင့် ဥရောပသမ္မရကနေထွက်မယ်လို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ဆန္ဒမဲခံယူပွဲအပြီးမှာ ၀န်ကြီးချုပ် David Cameron လည်းနှုတ်ထွက်ခဲ့ပြီး ယခုလက်ရှိ ၀န်ကြီးချုပ် Theresa May ကတာဝန်လွှဲယူခဲ့ပါတယ်။

EU ကနေထွက်ဖို့ မဲဆွယ်စည်းရုံးခဲ့ကြတုန်းက ၊ campaign တွေကိဦးဆောင်ခဲ့ကြတဲ့သူတွေရဲ့ အလိမ်အညာစကားတွေလည်း အခုအခါမှာပေါ်လာပြီဖြစ်ပါတယ်။

ဒီအလိမ်အညာတွေထဲမှာ အထင်ရှားဆုံးကတော့ EU ကနေ ဗြိတိန်ထွက်လိုက်ပြီဆိုရင် EU ကို ငွေမပေးရတော့တာကြောင့်NHS(National Health Service)(နိုင်ငံတော်ကျန်းမာရေးစောင့်ရှောက်မှုဖွဲ့)ကို အပတ်စဉ် ပေါင် ၃၅၀ သန်း ဒေါ်လာ ၄၆၇သန်း ပေးသွားမှာဖြစ်တယ်ဆိုတာပဲဖြစ်ပါတယ်။ယခုလည်းဒီ ကိစ္စကဖြစ်မလာပါဘူး။

အခုဆိုရင် EU ကထွက်ဖို့ campaign ပြုလုပ်ခဲ့တဲ့သူတွေရဲ့အလိမ်အညာတွေကြောင့်ကို ပြည်သူတွေက တရားဆွဲ ဖို့တောင်တာဆူနေကြပါပြီ။




Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment