Monday, November 7, 2016

ဗြိတန် EU မထွက်ဖို့ အလားအလာရှိလာတာ၊ Trump ရွေးကောက် ပွဲနိုင်ချေများလာတာ ရယ်ကြောင့်ဗြိတိန်ပေါင် ငွေ ဈေး ပြန်တက်လာ


UK ဟာ ဥရောပသမ္မဂကနေ မထွက်ဖို့ ဖြစ်နိုင်ချေရှိတယ်ဆိုတဲ့ သုံးသပ်ချက်တွေထွက်လာခြင်း နဲ့ အမေရိကန်နိုင်ငံ ရွေးကောက်ပွဲနောက်ဆုံးအချိန်မှာ Donald Trump နိုင်သွားနိုင်တယ်ဆိုတာကြောင့် ပေါင်ဈေးဟာအမေရိကန်ဒေါ်လာနဲ့ ယှဉ်ရင်ပြန်တက်လာပါတယ်။

Hillary Clinton ကို ထောက်ခံတဲ့သူတွေ လျော့လာတယ်လို့ စစ်တမ်းတွေအရသိရပြီး ပြီးခဲ့တဲ့အပတ်တစ်ပတ်လုံး ဗြိတိန်ပေါင်ငွေ ဈေးကဆက်တိုင်ပြန်တက်နေတာဖြစ်ပါတယ်။

ဒါ့အပြင်ပြီးခဲ့တဲ့ ကြာသပတေးနေ့က အင်္ဂလန်နိုင်ငံ တရားရှုံးချုပ်က အစိုးရအနေနဲ့ EU ကနေထွက်ဖို့ ကို ပါလီမာန်ရဲ့ သဘောတူထောက်ခံချက်မရဘဲ လုပ်လို့မရဘူးဆိုတဲ့ အမိန့်တစ်ရပ် ချမှတ်လိုက်ပြီးတဲ့နောက်မှာပေါင်ဈေးတက်ဖို့တွန်းအားတစ်ခု ထပ်ဖြစ်စေခဲ့ပါတယ်။

စီးပွားရေးပညာရှင်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကတော့ အခုလိုငွေဈေး လှုပ်ခတ်မှုတွေကဆက်လက်ဖြစ်ပွားနေဦးမှာဖြစ်တယ်လို့သုံးသပ်ကြပါတယ်။ပေါင်ဈေး ဟာ ဒီ တစ်ပတ်အတွင်း၃ ရာခိုင်နှုန်းတက်ခဲ့ပြီးတော့အောက်တိုဘာ ၂၀၀၉ ခုနှစ်ကတည်းက တစ်ပတ်အတွင်း အများဆုံးမြင့်တက်တဲ့ပမာဏဖြစ်ပါတယ်။

ဗြိတိန်ပေါင် ငွေဈေးဟာ ၃ ရာခိုင်နှုန်းတက်လာတယ်ဆိုပေမယ့် EU ကထွက်မယ်လို့ ဆန္ဒခံယူပွဲမလုပ်ခင်ကထက်တော့ ၁၆ ရာခိုင်နှုန်းလျော့နည်းနေဆဲဖြစ်ပါတယ်။သောကြာနေ့ညနေ ဈေးနှုန်းတွေအရဗြိတိန်တစ်ပေါင်ဟာ အမေရိကန်ဒေါ်လာ ၁ဒသမ၂၅၅၈ ရှိပြီဖြစ်ပါတယ်။


Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment