Thursday, November 17, 2016

နိုင်ငံရေးဆွေးနွေးပွဲများ အမြန်ဆုံးစတင်နိုင်ရေး အင်တိုက်အားတိုက် အစိုးရ လုပ်ဆောင်ရန် တိုက်တွန်း

အမျိုးသားအဆင့် နိုင်ငံ ရေးဆွေးနွေးပွဲများ အမြန်ဆုံး ဆောင်ရွက်နိုင်ရန် လုပ်ငန်းများ အကောင်အထည်ဖော်မှုအား နည်းနေ၍ အစိုးရဘက်က အင် တိုက်အားတိုက် ဆောင်ရွက်ရန် လိုအပ်သည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲ ကော်မတီ(UPDJC)နိုင်ငံရေးပါ တီအစုအဖွဲ့ အတွင်းရေးမှူး စိုင်း ကျော်ညွန့်က ပြောသည်။

အောက်တိုဘာက ကျင်းပခဲ့ သည့် UPDJC အစည်းအဝေးတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေး နွေးပွဲများလုပ်ဆောင်နိုင်ရန် လမ်း ညွှန်ချက်များကို အတည်ပြုခဲ့နိုင် ခဲ့သော်လည်း ယင်းအချက်များကို ဖော်ဆောင်ရန် တာဝန်ပေးအပ်မှု အပိုင်းတွင် အစိုးရဘက်၌ အား နည်းမှုရှိသည်ဟု စိုင်းကျော်ညွန့် က ဆိုသည်။

‘‘တိုင်းရင်းသားလက်နက် ကိုင်ဖြစ်စေ၊ ပါတီဖြစ်စေ စတင် ပြီးတော့ ဦးဆောင်ဖို့ဆိုတာ နည်း နည်းတော့ ခက်တာပေါ့။ နိုင်ငံ တစ်နိုင်ငံမှာ အရေးကြီးဆုံးက အစိုးရအဖွဲ့အစည်းပေါ့ဗျာ။ အစိုး ရကသာ အင်တိုက်အားတိုက်နဲ့ စတင်အကောင်အထည်ဖော် မယ်။ စတင်ဦးဆောင်ပြီးလုပ်မယ် ဆိုရင် အကောင်းဆုံးပဲဖြစ်မယ်’’ ဟု ၎င်းက ဆိုသည်။

အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို အဆင်သင့်ဖြစ် သည့် ဒေသများ၌ အဆင်သင့်ဖြစ် သည့် အဖွဲ့အစည်းများက စတင် ၍ အမြန်ဆုံးကျင်းပရန် UPDJC အစည်းအဝေးက ဆုံးဖြတ်ခဲ့သော် လည်း ဆွေးနွေးပွဲများ ကျင်းပရန် အဓိကလိုအပ်သော ကြီးကြပ် ကော်မတီများကို လက်ရှိအချိန်ထိ စတင် ဖွဲ့စည်းနိုင်ခြင်း မရှိသေး ပေ။

‘‘ဘယ်လိုဖွဲ့ရမယ်ဆိုတဲ့အ ပိုင်းကိုလည်း တာဝန်ကတော့ UPDJC ပေါ့လေ။ ဒါပေမဲ့ ဒီလုပ် ငန်းကို လုပ်ဆောင်ဖို့အတွက် ဘယ်သူ့ ဘယ်သူ့ကို တာဝန်ပေး ပြီးတော့ ဟိုပြည်နယ်၊ ဒီပြည်နယ် လိုက်ပြီး ကြီးကြပ်မှုကော်မတီတွေဖွဲ့ပါ။ အမျိုးသားအဆင့်ဖြစ် အောင် လုပ်ပါဆိုတာ ခိုင်းထား တာတော့ မရှိဘူး။ မရှိတော့ အစိုး ရပဲ စရမလား၊ လက်နက်ကိုင်က ပဲ စရမလား၊ နိုင်ငံရေးပါတီကပဲ စလုပ်ရမလားဆိုတဲ့အပေါ်မှာ ဝိဒါဒနည်းနည်းလေးကွဲတာတော့ ရှိတာပေါ့။ အဲဒါကလည်း အား နည်ချက်လို့ သွားမြင်တယ်’’ဟု စိုင်းကျော်ညွန့်က ပြောသည်။

အစိုးရ၊ လွှတ်တော်၊ တပ် မတော်အစုအဖွဲ့ကိုယ်စားလှယ် ၁၆ ဦး၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)လက်မှတ်ရေးထိုးထား သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များမှ ၁၆ ဦး၊ နိုင်ငံရေး ပါတီအစုအဖွဲ့မှ ၁၆ ဦး၊ ၄၈ ဦးဖြင့်ဖွဲ့စည်းထားသည့် UPDJC ၏ပုံမှန်အစည်းအဝေးကို နှစ်လလျှင် တစ်ကြိမ်ကျင်းပရန် သတ်မှတ်ထား သည်။

နိုင်ငံရေးဆွေးနွေးပွဲများကို ဦးဆောင်ကျင်းပရမည့် တာဝန်ရှိ UPDJC ဥက္ကဋ္ဌသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ဖြစ်ပြီး ဒုတိယဥက္ကဋ္ဌ များအဖြစ် အစိုးရကိုယ်စားလှယ် တစ်ဦး၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ကိုယ်စားလှယ်တစ်ဦး၊ နိုင်ငံရေးပါတီကိုယ်စားလှယ် တစ် ဦးတို့ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။



Credit To >> 7 Day Daily

0 comments:

Post a Comment