Monday, November 21, 2016

နှစ်လယ် မြန်မာ့ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်းတွဲ ခြောက်ထောင်ခန့် ပြသရောင်းချ

၂၀၁၆ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တွင် ကျောက်စိမ်း အတွဲပေါင်း ၅,၉၈၈ တွဲ ပြသထားပြီး အခြေခံ ဈေးအမြင့်ဆုံးအဖြစ် ယူရိုရှစ်သန်းကျော်တန်ဖိုးရှိ ကျောက်စိမ်းတွဲ ပါဝင်ကြောင်း သတင်းရရှိသည်။

သယံဇာတနှင့်သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာ န၊ မြန်မာ့ကျောက်မျက်ရတနာပြ ပွဲဗဟိုကော်မတီမှ ကျင်းပပြုလုပ် သော ၂၀၁၆ နှစ်လယ် မြန်မာ့ ကျောက်မျက်ရတနာပြပွဲကို နေ ပြည်တော် မဏိရတနာကျောက် စိမ်းခန်းမတွင် နိုဝင်ဘာ ၂၀ ရက် က ကျင်းပပြုလုပ်ခဲ့ပြီး ဖွင့်ပွဲအ ခမ်းအနားသို့ ဒုတိယသမ္မတ ဦး ဟင်နရီဗန်ထီးယူတက်ရောက်ခဲ့ သည်။  ယခု ကျင်းပပြုလုပ်သည့် နှစ်လယ်ပြပွဲသို့ အမေရိကန်နှင့် ဥရောပနိုင်ငံများအပါအဝင် ၂၁ နိုင်ငံမှ ကျောက်မျက်ရတနာကုန် သည်များအား တက်ရောက်ရန် ဖိတ်ကြားထားသော်လည်း တ ရုတ်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့မှ ကုမ္ပဏီ ၇၀၀ ကျော်နှင့် လူပုဂ္ဂိုလ် ၁,၇၁၇ ဦးတက်ရောက်ရန် စာရင်း ပေးထားကြောင်း ကျင်းပရေး ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
‘‘ဒီပွဲမှာ ယူရိုရှစ်သန်းကျော် နဲ့ တင်တဲ့ကျောက်ကတော့ အ မြင့်ဆုံးဖြစ်ပါတယ်။ ဒီနေ့ကျင်းပ မယ့် ပြပွဲအတွက်ကိုလည်း လုပ် ငန်းရှင်အသင်းတွေနဲ့ ညှိနှိုင်းပါ တယ်။ တခြားနိုင်ငံတွေမှာ ကျင်း ပတဲ့ ပွဲတွေနဲ့ တိုက်ဆိုင်မှု မရှိ အောင် ရက်အချိန်ကာလတွေကို ရွေးချယ်ပါတယ်’’ဟု လုပ်ကွက် ချထားရေးဌာနမှ (ဌာနမှူး)ဒုတိ ယညွှန်ကြားရေးမှူး ဦးသက်ခိုင် က ပြောသည်။
ပြပွဲကို နိုဝင်ဘာ ၂၀ ရက်မှ ၂၉ ရက်အထိ ကျင်းပမည်ဖြစ်ကာ ကျောက်မျက်အတွဲပေါင်း ၄၃၉ တွဲနှင့် ကျောက်စိမ်းအတွဲပေါင်း ၅,၉၈၈ တွဲကို တင်ဒါနှင့် ဈေးပြိုင် စနစ်နှစ်မျိုးဖြင့် ရောင်းချမည်ဖြစ် သည်။ နိုဝင်ဘာ ၂၀ နှင့် ၂၁ ရက်များတွင် ကျောက်မျက်အတွဲများကို ကြည့်ရှုလေ့လာချိန်ပေးထား ပြီး နိုဝင်ဘာ ၂၂ ရက်မှစ၍ တင်ဒါနှင့်ဈေးပြိုင်စနစ်နှစ်မျိုးဖြင့် စတင်ရောင်းချပေးမည်ဖြစ်သည်။
ထို့အပြင် နိုဝင်ဘာ ၂၃ ရက် ၌ တင်ဒါစနစ်ဖြင့် ကျောက်စိမ်းတွဲ ၅,၉၂၂ တွဲကိုလည်းကောင်း၊ ဈေး ပြိုင်စနစ်ဖြင့် ၆၆ တွဲကိုလည်း ကောင်း ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၆ နှစ်လယ် မြန်မာ့ ကျောက်မျက်ရတနာပြပွဲသို့ တက်ရောက်ဝယ်ယူမည့် ရတနာကုန် သည်များသည် ဝယ်ယူလိုသည့် ကျောက်စိမ်းတွဲ အမျိုးအစားအ လိုက် အာမခံစပေါ်ငွေကို ကြိုတင်ပေးသွင်းရမည်ဟု ပြပွဲဗဟိုကော်မတီက ထုတ်ပြန်ထားသည်။
‘‘ဝယ်မယ့် ပုဂ္ဂိုလ်ကတော့ ယူရိုငွေနဲ့ ၅ ရာခိုင်နှုန်းစပေါ်တင် ရတယ်။ ကိုယ်တင်ထားတဲ့ ၅ ရာ ခိုင်နှုန်းအပေါ်မှာ အဆ ၂၀ ဝယ် လို့ ရပါတယ်’’ ဟု မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင် များအသင်းချုပ်မှ အတွင်းရေးမှူး ဦးထွန်းလှအောင်က ပြောသည်။
ပြည်တွင်း ကုန်သည်များအနေဖြင့် အာမခံ စပေါ်ငွေကို ကျောက်မျက်တွဲများဝယ်ယူမည် ဆိုပါက အနည်းဆုံး ယူရို တစ် သောင်းနှင့် ကျောက်စိမ်းတွဲများ ဝယ်ယူရန် ယူရိုငွေ နှစ်သောင်း စပေါ်ငွေ တင်သွင်းရမည်ဖြစ်ပြီး ပြည်ပ ကုန်သည်များ အနေဖြင့် ကျောက်မျက်တွဲများ ဝယ်ယူရန် အနည်းဆုံး ယူရိုတစ်သောင်းနှင့် ကျောက်စိမ်းတွဲများအတွက် ယူရိုငါးသောင်းပေးသွင်းရမည် ဖြစ် ကြောင်း မြန်မာ့ကျောက်မျက် ရတနာပြပွဲဗဟိုကော်မတီမှ သိရ သည်။
‘‘စီးပွားရေး ပိတ်ဆို့မှု ပွင့် လင်းသွားတယ်ဆိုတော့ အန် ကယ်တို့ ဝမ်းသာပါတယ်။ ကြို ဆိုပါတယ်။ အန်ကယ်တို့အနေနဲ့ ပထမဆုံးနေ့လည်းဖြစ်တယ်၊ ၂၁  နိုင်ငံဖိတ်ထားတယ်။ အခုဟာက စစချင်းဆိုတော့ တချို့လည်းပဲ လာချင်ကြပါတယ်။ သူတို့ဆီမှာ ရှိတဲ့ ပွဲတွေနဲ့သော်လည်းကောင်း အကြောင်းကြောင်းကြောင့် မလာ နိုင်တာဖြစ်မယ်’’ ဟု ဦးထွန်းလှ အောင်က ပြောသည်။
ယခုပြပွဲသို့ ပြည်တွင်း ရတနာကုန်သည် ၁,၃၈၆ ဦးနှင့် ကုမ္ပဏီ ၄၇၇ ခု စာရင်းပေးထားကြောင်း သိရသည်။
‘‘လာတဲ့ ဧည့်သည်တွေက တော့ အရင်အတိုင်းပါပဲ။ အရမ်း ကွာခြားမှုမရှိပါဘူး’’ဟု ဦးထွန်းလှ အောင်က ဆိုသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment