
“ ခုချိန်မှာ Brexit လည်း ဖြစ်ခဲ့ပြီးပြီပေါ့နော်၊ ဒီနောက်ပိုင်းကျွန်တော်တို့ပြောရမယ့်အကြောင်းက ဒီ ဘဏ္ဍာရေးဆိုင်ရာနည်းပညာလုပ်ငန်းနယ်ပယ်ထဲက ကျွမ်းကျင်မှုတွေအကြောင်းပါ၊ဒီလိုလုပ်ငန်းကျွမ်းကျင်မှုမျိုး ဗြိတိန်ဆီကနေလွှဲပြောင်းရယူနိုင်ဖို့အကြောင်းပဲဖြစ်ပါတယ်” ဆိုပြီး စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့ အကြီးအကဲ Sopnendu Mohanty က ပြေပါတယ်။စင်ကာပူနိုင်ငံရဲ့ ပထမဆုံးသော ဘဏ္ဍာရေးနည်းပညာပွဲအခမ်းအနားမှာ ၎င်းကအထက်ပါအတိုင်း ပြောကြားသွားတာဖြစ်ပါတယ်။
“ သူတို့ (ဗြိတိန်) ဆီမှာ ဒီလုပ်ငန်းနဲ့ပတ်သက်လို့ ကျွမ်းကျင်ပါရမီတွေထူးထူးကဲကဲ ရှိထားတယ်ဆိုတာကျွန်တော်လက်ခံပါတယ်၊ ဒါပေမယ့်လည်း ခုလိုBrexit ဖြစ်ပြီးနောက်မှာတော့ သူတို့ဆီကနေ ဒီလိုမျိုး တစ်ခုခုကျွန်တော်တို့ ရလာနိုင်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။
ယင်းအခမ်းအနားကို တက်ရောက်လာတဲ့ဗြိတိန်ဘဏ္ဍာရေးလုပ်ငန်းနယ်ပယ်ကတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Simon Kirbyကလည်းယခုလက်ရှိအချိန်ထိတော့ လန်ဒန်ဟာ ကမ္ဘာ့ဦးဆောင်ဘဏ္ဍာရေးဗဟိုစင်တာအဖြစ်ဆက်လက်ရပ်တည်နေနိုင်လျက်ရှိနေပေမယ့် တစ်ချိန်ချိန်မှာ စင်ကာပူနိုင်ငံကယင်းဆီကနေ ကျွမ်းကျင်မှုတစ်ချို့ ယူဆောင်သွားနိုင်တယ်လို့ဝန်ခံပြောကြားသွားခဲ့ပါတယ်။
Credit To >>> SFJ Strategy First Journal
0 comments:
Post a Comment