Tuesday, November 15, 2016

ဆီသယ်ယာဉ်များ ပြည်တွင်း၌ ထပ်မံတပ်ဆင်မှုပြုပါက ယာဉ်မှတ်ပုံတင် ထုတ်ပေးမည်မဟုတ်

 ပြည်ပမှ တင်သွင်းသည့် ဆီသယ်ယာဉ်များ ပြည်တွင်း၌ ထပ်မံတပ်ဆင်မှုများ ပြုလုပ်ပါက ယာဉ်မှတ်ပုံတင် ထုတ်ပေးမည် မဟုတ်ကြောင်း ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန မှ သတင်းရရှိသည်။

ပြည်တွင်း၌ အသုံးပြုနေ သည့် အချို့သော ဆီသယ်ယာဉ် များသည် ပြန်လည်တပ်ဆင်ထား သည့် ပစ္စည်းများပါဝင်နေသော ကြောင့် မူရင်းကုမ္ပဏီထုတ်ကား ၏ အချက်အလက်နှင့် တိုက်ဆိုင် စစ်ဆေးကာ ပြန်လည်ပြင်ဆင် ထားသည့် ဆီသယ်ကားများကို ယာဉ်မှတ်ပုံတင် ထုတ်ပေးမည် မဟုတ်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ ဆီသယ်ယာဉ်အများစု သည် ဆီတင်သည့် ကန်(တန့်)ကို မြန်မာနိုင်ငံရောက်မှသာ တပ်ဆင်၍ လိုင်စင်ဝင်နေသောကြောင့် ယခုကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ် ကြောင်း သိရသည်။

မြန်မာနိုင်ငံရောက်မှသာ ဆီတင်ယာဉ် ကန်(တန့်)ကို တပ်ဆင်ပါက ယာဉ်ကြံ့ခိုင်မှု အားနည်း နိုင်ပြီး စိတ်ချလုံခြုံမှုအပိုင်းတွင် ချို့ယွင်းချက်များ ရှိနိုင်သဖြင့် ယာဉ်မှတ်ပုံတင်ထုတ်ပေးခြင်းကို ရပ်ဆိုင်းခြင်းဖြစ်သည်။
‘‘တချို့ကားတွေက ဒီမှာ တန့်ကို တပ်တယ်။ ပြည်ပက ကိုယ်ထည်သွင်းတယ်။ အဲဒီလို လုပ်နေကြတာ။ ဒါပေမဲ့ ပါမစ်ပါ အချက်အလက်နဲ့ တိုက်ဆိုင်စစ် ဆေးကြည့်ရင် သိနိုင်တယ်’’ဟု ကညနမှ အကြီးတန်းအရာရှိတစ် ဦးက ပြောကြားသည်။
နိုဝင်ဘာအတွင်း ကညန၌ ယာဉ်မှတ်ပုံတင်ရန် လျှောက်ထားသည့် ဆီသယ်ယာဉ် ၂၁ စီးရှိ သဖြင့် အဆိုပါကားများကို စတင် စစ်ဆေးမည်ဖြစ်သည်။ အဆိုပါ ၂၁ စီးကို သေချာစွာစိစစ်၍ မှန် ကန်သည့် ကားများကိုသာ မှတ် ပုံတင် ထုတ်ပေးမည်ဖြစ်သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment