ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲနိုင်ရန် ကြိုးစားအားထုတ်နေ သော မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းသည် ပြောင်းလဲဖွဲ့စည်းရေး ဦးဆောင်ကော်မတီကို ဖွဲ့စည်း ထားပြီး ကော်မတီအနေဖြင့် လို အပ်သောမူဝါဒနှင့် လုပ်ငန်းစဉ် များချမှတ်နိုင်ရန် ကြိုးစားနေသည် ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန် ထားသည်။
‘‘ပြိုင်ဆိုင်တဲ့နေရာမှာ အစိုး ရနဲ့၊ ပုဂ္ဂလိကနဲ့လုပ်ကိုင်ရတာချင်း မတူဘူး။ ပုဂ္ဂလိကက ပိုမိုလွယ် ကူပြီးတော့ လျင်မြန်တာလေးတွေ ရှိနိုင်တယ်’’ဟု မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ လက်ထောက်အ ထွေထွေမန်နေဂျာဦးဝင်းမြင့်က ပြောသည်။
ငွေကြေးဆိုင်ရာကိစ္စရပ်များ အပြင် လုပ်ငန်းဆောင်တာကိစ္စ ရပ်အသီးသီး၌ လွတ်လပ်စွာဆုံး ဖြတ်ပိုင်ခွင့်ရှိမှသာ မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း အနေဖြင့် အ ခြားသောဆက်သွယ်ရေးအော်ပ ရေတာများကို ထိထိရောက်ရောက် ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း ဆက်သွယ်ရေးဝန်ထမ်းတစ်ဦးက ဆို သည်။
မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းသည် ၂၀၁၄ ဇူလိုင်၌ ဂျပန် နိုင်ငံအခြေစိုက်ဆက်သွယ်ရေးကုမ္ပဏီဖြစ်သည့် KDDI, Sumitomo နှင့် အကျိုးတူပူးပေါင်းမှု သဘောတူညီခဲ့သည်။
မြန်မာအစိုးရသည် ပူးပေါင်းဆောင်ရွက်မှု၌ ယခင် ဆောင်ရွက်ခဲ့သည့် ဆက်သွယ်ရေး အခြေခံ အဆောက်အအုံနှင့် ခန့်အပ်ထားသောဝန်ထမ်းအင်အားကို အရင်းအနှီး ထည့်ဝင်ခဲ့ပြီး KDDI, Sumi tomo က အမေရိကန်ဒေါ်လာ ၂ ဘီလီယံထပ်မံရင်းနှီးမြှုပ်နှံခဲ့သည်။
ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းရေး ဦးဆောင် ကော်မတီတွင် စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရာ ထူးဝန်အဖွဲ့၊ ပြည်ထောင်စုရှေ့နေ ချုပ်ရုံးတို့က အဖွဲ့ဝင်များအဖြစ် ပါဝင်ထားပြီး ပြောင်းလဲဖွဲ့စည်းနိုင် ရေး တွေ့ဆုံဆွေးနွေးမှုကို သုံးကြိမ်တိုင် ပြုလုပ်ခဲ့သော်လည်း အမှန်တကယ်ပြောင်း လဲဖွဲ့စည်းနိုင်မည့်ကာလကို ခန့်မှန်းနိုင်ခြင်း မရှိပေ။
Credit To >>> 7 Day Daily
0 comments:
Post a Comment