
အဆိုပါ စသညအသသည တံတား အကြီးစားပြုပြင်ရန်အတွက် အောက် တိုဘာ ၂၅ ရက်မှ နိုဝင်ဘာ ၅ ရက် အထိ နေ့စဉ်နံနက် ၁၀ နာရီမှ ညနေ ၄ နာရီထိပိတ်ထားမည်ဖြစ်ပြီး နယ် စပ်ကုန်သွယ်ယာဉ်များကို ညနေ ၄ နာရီမှ နောက်နေ့ နံနက် ၁၀ နာရီ အထိ ဖြတ်သန်းသွားလာခွင့်ပြုမည် ဖြစ်သည်။
" ပြင်တယ်ဆိုတာက ဆိုးဆိုး ရွားရွားဖြစ်လို့ပြင်တာမဟုတ်ပါဘူး။ အန္တရာယ်ဖြစ်နိုင်ခြေရှိတဲ့နေရာတွေ ကို ကြိုတင်ပြင်ဆင်တဲ့ သဘောပါ။ ဖြစ်မှ ပြင်ရင်ရက်ကြာသွားပြီး ကုန် သွယ်မှုလမ်းကြောင်းမှာ သွားလာ နေတဲ့ ကုန်တင်ယာဉ်တွေအခက်အ ခဲဖြစ်သွားပါလိမ့်မယ်။ အခုပြင်နေ တဲ့ရက်တွေမှာလည်း မော်တော် ယာဉ်တွေဖြတ်သန်းသွားလာလို့ရ အောင် အချိန်ပိုင်းနဲ့ဆောင်ရွက်ပေး သွားမှာပါ။ သတ်မှတ်ပေးထားတဲ့ အချိန်တွေမှာ သွားလာလို့ရပါတယ်"
ဟု သစ်တောက် ငှက် ကုမ္ပဏီ မန်နေး ဂျင်းဒါရိုက်တာဦးတင်စိုးက အောက် တိုဘာ ၂၄ ရက်တွင် ပြောသည်။
အဆိုပါမြစ်ကူး (pontoon) တံတားတွင် ဘော ၂၅ လုံးရှိသည့် အနက် ရေစိမ့်ဝင်နေသော ဘော နံပါတ်(၁)(၉)(၁၉)(၂၁)(၂၄)(၂၅) ဘော ခြောက်လုံးနှင့်(၁၃)နှင့်(၁၄) ကြား ဂွိုင်းဆက်များအား အကြီးစား ပြင်ဆင်သွားမည်ဖြစ်ကြောင်း တာ ၀န်ရှိအင်ဂျင်နီယာတစ်ဦးက ပြော ကြားသည်။
မြ၀တီ-ကော့ကရိတ်-ဘားအံ- သထုံ-ရန်ကုန်လမ်းကြောင်းပေါ်ရှိ အဆိုပါ ဂျိုင်း(ကျုံဒိုး)မြစ်ကူးတံ တားမှာ ကြိုးတံတားဖြစ်ပြီး ၂၅ တန် သာခံနိုင်ဝန်ရှိသည့်အတွက် စသည- အသသည ဘောတံတားအဖြစ် "သစ် တောက်ငှက်" ကုမ္ပဏီမှ ၂၀၀၉ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် စတင် တည်ဆောက်ခဲ့ပြီး ၂၀၁၀ ခုနှစ် ဖေ ဖော်ဝါရီ ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့ သည်။
Credit To >>> Democracy Today
0 comments:
Post a Comment