လူမှုရေးတာဝန်ကျေမှု ဆန်းစစ်သည့် ယူအမ်ဂလိုဘယ် ကွန်းပတ် (United Nation Global Compact) အဖွဲ့တွင် မြန်မာနိုင်ငံ မှ ကုမ္ပဏီအရေအတွက် ၁,၀၀၀ အထိ တိုးမြှင့်နိုင်ရန် ဆောင်ရွက် မှုကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကြိုဆိုကြောင်း UNGC Network Myanmar အဖွဲ့မှ ဦးဆောင်သူ စီးပွားရေးပညာရှင် ဒေါက်တာအောင်ထွန်းသက်က ပြောသည်။
ကုလသမဂ္ဂအတွင်းရေးမှူး ချုပ် ဘန်ကီမွန်းနှင့် အဖွဲ့သည် သြဂုတ် ၃၁ ရက်တွင် ၂၁ ရာစုပင်လုံညီလာခံသို့ တက်ရောက်ပြီး နောက် UNGC Network Myan-mar ဒါရိုက်တာ ဘုတ်အဖွဲ့နှင့် Kempinski Hotel ၌ တွေ့ဆုံဆွေး နွေးပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
Global Compact အဖွဲ့၏ အဓိကရည်ရွယ်ချက်သည် နိုင်ငံ အတွင်းရှိ စီးပွားရေးလုပ်ငန်းတစ် ခုချင်းစီမှ ပါဝင်နေသူများနှင့်ပတ် သက်သည့် လူ့အခွင့်အရေး၊ ၀န် ထမ်းရေးရာတာဝန်ကျေမှု၊ ပတ် ၀န်းကျင်ထိန်းသိမ်းရေး အလေး ထားမှု၊ အဂတိလိုက်စားမှုတိုက် ဖျက်ရေးတို့ကို လုပ်ဆောင်ရန် ဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံတွင် Global Compact အဖွဲ့ဝင် ကုမ္ပဏီ၊ လုပ်ငန်းပေါင်း ၃၃၅ ခုရှိနေပြီး အာဆီယံတွင် အများဆုံးဖြစ်သည်။
ကမ္ဘာပေါ်တွင် ပြင်သစ်နိုင်ငံသည် Global Compact အဖွဲ့ဝင်အများဆုံးဖြစ်ပြီး ကုမ္ပဏီ၊ လုပ်ငန်းပေါင်း ၉၀၀ ကျော်ရှိကြောင်း ဒေါက်တာ အောင်ထွန်းသက်က ပြောသည်။
Credit To >>> 7 Day Daily
0 comments:
Post a Comment