Monday, September 5, 2016

ငွေလွှဲရာတွင် ခက်ခဲခြင်းက အိန္ဒိယနှင့် စီးပွားရေး တိုးမြှင့်မှုကို အခက်တွေ့စေဟုဆို

အိန္ဒိယနှင့် စီးပွားရေး တိုးမြှင့် လုပ်ကိုင်ရန် ငွေကြေးလွှဲ ပြောင်းမှုနှင့် ပတ်သက်သော ယုံ ကြည်မှု တည်ဆောက်ရာတွင် အခက်အခဲဖြစ်နေကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း ချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ မျိုးသက်က ပြောကြားသည်။

အိန္ဒိယ စီးပွားရေးလုပ်ငန်း ရှင်များသည် မြန်မာနိုင်ငံနှင့် ကုန် စည်ကူးသန်းရောင်းဝယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့် လုပ် ကိုင်လိုသော်လည်း အမေရိကန် နိုင်ငံက စီးပွားရေးပိတ်ဆို့မှုကျန်ရှိ နေခြင်းကြောင့် ဘဏ်များသို့ငွေ လွှဲရာတွင် အခက်အခဲများရှိနေ သည်။
 နှစ်နိုင်ငံ ကုန်ပစ္စည်းများ ရောင်းဝယ်ခြင်း၊ ရင်းနှီးမြှုပ်နှံမှု များ ပြုလုပ်ခြင်းတို့အတွက် ငွေ ကြေးပေးချေရာတွင် အမေရိကန် ဒေါ်လာ တစ်မျိုးတည်းကိုသာ အဓိက အသုံးပြုသည်။ အမေရိကန်ဒေါ်လာကို လွှဲပြောင်းရာတွင် အမေရိ ကန်အစိုးရ၏ ငွေကြေးစိစစ်ရေး အဖွဲ့က စောင့်ကြည့် စစ်ဆေးပြီး စီးပွားရေးပိတ်ဆို့ ထားသည့် ကုမ္ပဏီများနှင့် အမည်တူများ ပါဝင်လာပါက အသေးစိတ် စိစစ်မှုများ ပြုလုပ်လေ့ရှိ၍ ငွေကြေးလွှဲပြောင်းမှုတွင် အချိန်ကြာမြင့်သည်။
 ထို့ကြောင့် ကုန်သည်များက ကြားခံ စင်ကာပူဘဏ်များမှသာ လွှဲပြောင်းနေရသဖြင့် နှစ်နိုင်ငံကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု များတိုးမြှင့်ရန် အခက်အခဲရှိနေ ကြောင်း စီးပွားရေး လုပ်ငန်းရှင် အချို့က ပြောကြားသည်။
‘‘အစိုးရခေါင်းဆောင်တွေ အနေနဲ့ ငွေကြေး လွှဲပြောင်းမှု ပြဿနာကို နှစ်နိုင်ငံ ညှိနှိုင်းနိုင်မှ စီးပွားရေးတိုးချဲ့လို့ ရနိုင်မယ်’’ဟု ဒေါက်တာမျိုးသက်က ဆိုသည်။
အစိုးရသစ်အပေါ် ယုံကြည် မှုကြောင့် အစိုးရချင်း သာမက ပုဂ္ဂလိက လုပ်ငန်းရှင်အချင်းချင်း လည်း စီးပွားရေး ပူးပေါင်းလုပ် ဆောင်ရန် အိန္ဒိယအစိုးရက ဆန္ဒ ရှိနေကြောင်း ပြီးခဲ့သည့် မေလက မြန်မာနိုင်ငံသို့ လာရောက်သော အိန္ဒိယအစိုးရ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး မစ္စနေမာလာစစ် သာရာမန်က ပြောကြားသည်။
အိန္ဒိယအစိုးရသည် မြန်မာ နိုင်ငံနှင့် စီးပွားရေးတိုးချဲ့ရန် ရည် ရွယ်ချက်ဖြင့် ပဲမျိုးစုံတန်ချိန် ငါး သောင်းကို အစိုးရချင်း သဘော တူညီမှုဖြင့် ဝယ်ယူရန် ကမ်းလှမ်း ထားသည်။
ပြီးခဲ့သည့် သြဂုတ်က နိုင်ငံ တော် သမ္မတ၏ အိန္ဒိယခရီးစဉ် တွင်လည်း အိန္ဒိယ၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံ ချိတ်ဆက်မည့် အဝေး ပြေးလမ်းစီမံကိန်း၌ တံတားချဉ်း ကပ်လမ်း တည်ဆောက်ရေးနှင့် အဆင်ြ့မှင့်တင်ရေး၊ တိုင်းရင်းဆေးကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးစသည့် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့သည်။
အိန္ဒိယ - မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးသည် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ် လာ ၁ ဒသမ ၇ ဘီလီယံကျော် ရှိပြီး တရုတ်နိုင်ငံက ၁၀ ဘီလီယံ ကျော်ရှိသည်။ မြန်မာနိုင်ငံ၌ အိန္ဒိ ယနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုပမာဏ သည် ယခုဘဏ္ဍာနှစ် ဇူလိုင်လကုန်အထိ အမေရိကန်ဒေါ်လာ ၇၂၃ သန်းကျော် ရှိသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment