Monday, September 5, 2016

ပါတီအကြောင်း ဖေ့စ်ဘွတ်ခ်တွင် ဝေဖန်ရေးသားခဲ့သော တောင်ကြီးခရိုင်ဒီချုပ်ဥက္ကဋ္ဌကို ပါတီမှ ထုတ်ပယ်


 တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်မောင်တိုးကို ခရိုင် ဥက္ကဋ္ဌရာထူးမှ စက်တင်ဘာ ၄ ရက်တွင် ထုတ်ပယ်လိုက်ကြောင်း သတင်းရရှိသည်။

ဦးတင်မောင်တိုးက ‘‘ နိုင်ငံရေးမှာ  CEC မရှိဘူး ၊ သမိုင်းပဲ ရှိတယ်။ CEC ကဝယ်လို့ရတယ်။ နိုင်ငံရေး သမိုင်းကဝယ်လို့ မရဘူး။ ဒီလောက်ပဲ ပြောပါရစေ’’ ဟု ဖေ့စ်ဘွတ်ခ်တွင် ရေးသားခဲ့သည်။ထို့ကြောင့် ပါတီကိုတိုက်ခိုက်သည်ဆိုကာ ဒီချုပ်ဗဟိုအလုပ်အမှုဆောင်အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်ကနှုတ်မိန့်ဖြင့် ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်ဟု ဦးတင်မောင်တိုးက ပြောသည်။
 ပါတီဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ဦးဝင်းထိန်သည် ရှမ်းပြည်နယ် အလုပ်အမှုဆောင် အဖွဲ့ အသစ်ပြန်လည်ရွေးချယ်ပေးရန် တောင်ကြီးမြို့သို့ စက်တင်ဘာ ၃ ရက်က ရောက်ရှိ လာခြင်းဖြစ်သည်။ ရှမ်းပြည်နယ် အလုပ်အမှု ဆောင်များက ၂၀၁၅ရွေးကောက် ပွဲတွင် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိ၍ ပြန်လည်ဖွဲ့စည်းရန်စီစဉ်နေခြင်းဖြစ်ကြောင်း ဦးဝင်းထိန်က စက်တင်ဘာ ၄ ရက် နံနက် ၉ နာရီတွင် တောင်ကြီးမြို့နယ် ဒီချုပ်ရုံး၌ပြုလုပ်သော ပြည်နယ်အလုပ်အမှုဆောင် အစည်းအဝေး၌ ပြောကြားသည်။

သို့သော် ပြည်နယ်ဗဟိုအလုပ်အမှုဆောင်ပြန်လည်ဖွဲ့စည်းမည့်အပေါ် CECအချို့က ကျေနပ်မှုမရှိဟု ဆိုသည်။ ‘‘ပါတီမှာ လစ်လပ်နေတဲ့ နေရာတွေပဲ ပြန်ရွေးချယ်ဖို့ ပြောထားတာရှိတယ်။ ဒါကို အသစ်ပြန်ဖွဲ့ဖို့ လုပ်နေတာကို ကျွန်တော်က ကန့်ကွက်ပြောဆိုလို့ ထုတ်ပယ်လိုက်တာ’’ဟု ဦးတင်မောင်တိုးက ပြောသည်။
ဦးတင်မောင်တိုးကို ထုတ်ပယ်ခဲ့ခြင်းသည် စည်းကမ်းမရှိသဖြင့် ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်ဟု ဒီချုပ်ဗဟိုကော်မတီဝင် ဦးဝင်းထိန်က ပြောသည်။
‘‘သူ့ဖေ့စ်ဘွတ်ခ်မှာ ပိုက်ဆံ ရှိရင် CEC (အလုပ်အမှုဆောင်) လုပ်လို့ရတယ်ဆိုပြီး တင်ထား တယ်။ အစည်းအဝေးမှာ လွတ် လွတ်လပ်လပ်ပြောလို့ရတယ်။ အဲဒါကို မပြောဘဲ ဖေ့စ်ဘွတ်ခ်တင်တဲ့အခါမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြတ်ပြတ်သားသားလုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ဆီက အမိန့် ရပြီးသား၊ ဒါကြောင့်မို့လို့ လုပ် လိုက်တာ’’ဟု ဦးဝင်းထိန်က ပြောသည်။
တောင်ကြီးခရိုင်ဒီချုပ်ဥက္ကဋ္ဌကို ထုတ်ပယ်လိုက်ခြင်းနှင့် ပတ်သက်၍ သဘောမတူသည့်အပြင်လုပ်ထုံးလုပ်နည်းမမှန်သဖြင့် ကန့်ကွက်လက်မှတ်များကောက်ခံပြီး ဗဟိုဌာနချုပ်သို့ တင်ပြသွားမည်ဟု တောင်ကြီးမြို့နယ်ဒီချုပ် ဥက္ကဋ္ဌဦးခွန်သန်းလွင်က ပြောသည်။
ဦးတင်မောင်တိုးသည် ၈၈ အရေးတော်ပုံကာလကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကို ၀န်းရံကူညီပေးခဲ့သည့် တောင် ကြီးမြို့မှ ၈၈ မျိုးဆက်ကျောင်း သားဟောင်းတစ်ဦးဖြစ်ပြီး နိုင်ငံ ရေးပုဒ်မများဖြင့် ထောင်ဒဏ် ၁၀ နှစ်ကျော်ကျခံခဲ့ရသူ တစ်ဦးဖြစ်သည်။
‘‘ဦးတိုးက လူကောင်းတစ် ယောက်ပါ။ ဒေသခံတွေဘက်က နေ မားမားမတ်မတ်ရပ်တည်ပြီး ကူညီပေးနေသူပါ။ ဘယ်သူ့မျက် နှာမှ ကြည့်သူမဟုတ်ပါဘူး။ ဒီလို လူကောင်းတစ်ယောက်ကို ပါတီ ကထုတ်ပယ်လိုက်တာ ဒေသအ တွက် နစ်နာစေမှာ’’ဟု တောင်ကြီးဒေသခံ ခွန်သန်းဦးက ပြောသည်။
‘‘ပါတီအတွက် ဘယ်သူတွေအလုပ်လုပ်နေတယ်ဆိုတာ ရှမ်း ပြည်တစ်နယ်လုံး သိပါတယ်။ ကျွန်တော့်ကို ထုတ်လိုက်လည်း ဘာမှမဖြစ်ပါဘူး။ ရှမ်းပြည်နယ် က ပြည်သူတွေအတွက် ဆက် လက်ရပ်တည်သွားမှာပါ။ ပြည်သူ တွေအတွက် လုပ်မှာလား၊ နေရာ ရရှိရေးအတွက် လုပ်မှာလားဆို တာ မေးခွန်းထုတ်စရာပါ’’ဟု ဦးတင်မောင်တိုးက ဆိုသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment