Thursday, September 22, 2016

လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်အချို့ကို ထိရောက်စွာအရေးယူရန် အရေးကြီးအဆိုတင်


မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင်အချို့ကို ထိရောက်စွာအရေးယူရန် ပြည်သူ့လွှတ်ေ်တ်ာအမတ်ဖြစ်သူ ၈၈မျိုးဆက် ကျောင်းသားဟောင်း ဦးပြုံးချိုက ဒီကနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆို တင်သွင်းလိုက်ပါတယ်။

လူ့အခွင့်အရေးကို ကာကွယ်မပေးတဲ့ ကော်မရှင်အဖွဲ့ဝင်အချို့ကို ထိရောက်စွာ အရေးယူဖို့လိုတယ်လို့ ဦးပြုံးချိုက လွှတ်တော်မှာ ပြောပါတယ်။

အမျိုးသမီးငယ်နှစ်ဦးကို ညှဉ်းပမ်းနှိပ်စက်ခဲ့သည့် အင်းဝဆိုင်အပ်ချုပ်ဆိုင်အမှုကိစ္စအပေါ် ကော်မရှင်ရဲ့ လုပ်ဆောင်ချက်များအား ပြင်းပြင်းထန်ထန် ဝေဖန်မှုများထွက်ပေါ်လာပြီးနောက် အခုလိုအရေးကြီးအဆိုတစ်ရပ် တင်သွင်းလိုက်တာ ဖြစ်ပါတယ်။

ဦးဌေးဝင်းအောင်(ခ)ဦးပြုံးချို၏ အရေးကြီးအဆိုအပေါ် အလွတ်တန်းသတင်းထောက် ကိုပါကြီး၏ ဇနီးဖြစ်သူ အိမ်မဲမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါ်သန္တာက ထောက်ခံဆွေးနွေးခဲ့ပါတယ်။

ဒီအရေးကြီးအဆိုကို လက်ခံဆွေးနွေးဖို့ လွှတ်တော်အမတ်အားလုံးက သဘောတူတဲ့အတွက် လွှတ်တော်မှာဆက်လက်ဆွေးနွေးသွားမှာဖြစ်ပြီး အဆိုနဲ့ပတ်သက်ပြီးဆွေးနွေးလိုတဲ့အမတ်တွေအနေနဲ့ မနက်ဖြန်မှာ စာရင်းပေးကြဖို့ လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ကြေငြာလိုက်ပါတယ်။

Credit To >>> Mizzima Burmese

0 comments:

Post a Comment