Monday, September 19, 2016

နယ်သာလန်ရဲ့ ဓါတ်ငွေ့အရင်းအမြစ်တွေ ခန်းခြောက်လာမှုက အီးယူအပေါ် ဂယက်ရိုက်

ဥရောပဒေသရဲ့ အကြီးဆုံးသော သဘာဝဓါတ်ငွေ့ထုတ်လုပ်တင်ပို့သူနိုင်ငံဖြစ်တဲ့ နယ်သာလန်ဟာ ယခုဆိုရင် ယင်းရဲ့ဓါတ်ငွေ့ရင်းမြစ်တွေ ကုန်ခန်းလုနီးပါး ဖြစ်လာနေတယ်လို့ သိရပါတယ်။

ဒေသတွင်း အကြီးဆုံးလောင်စာဆီ ကုန်သွယ်မှုအချက်အချာနိုင်ငံလည်းဖြစ်တဲ့ နယ်သာလန်ဟာဆိုရင် ယင်းရဲ့သဘာဝဓါတ်ငွေ့ အရင်းအမြစ် ၈၀ ရာခိုင်နှုန်းလောက်နီးပါးကို ထုတ်ယူသုံးစွဲထားပြီးဖြစ်ပါတယ်။

နိုင်ငံရဲ့ ဓါတ်ငွေ့ထုတ်လုပ်မှုတွေဟာ ပြီးခဲ့တဲ့နှစ်နှစ်လောက်ကတည်းက ၃၈ ရာခိုင်နှုန်းလောက် ကျဆင်းထားခဲ့တယ်လို့ ဒက်ခ်ျစာရင်းအင်းဌာန CBS က စက်တင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ပြော ဆိုသွားပါတယ်။

အလားတူ အစိုးရအနေနဲ့ လက်ရှိဓါတ်ငွေ့ထုတ်ယူမှုတွေကို ထပ် ပြီးကန့်သတ်ဖို့ လုပ်ဆောင်နေပြန်တာကြောင့် နိုင်ငရဲ့ထုတ်လုပ်မှု ထပ်မံလျော့ကျဖို့ရှိတယ်လို့ CBS ရဲ့အဆိုအရ သိရပတယ်။

အီးယူအဖွဲ့ရဲ့ အကြီးဆုံးဓါတ်ငွေ့သိုက်ရှိရာ နိုင်ငံရဲ့ Groningenဒေသမှာ ငလျုင်လှုပ်ခတ်မှုကြောင့် ယခုလို အစိုးရက ထတ်လုပ်မှုတွေ ထိန်းချုပ်ကန့်သတ်ဖို့လုပ်ဆောင်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

နယ်သာလန်ရဲ့ Groningen ဒေသမှာ ဓါတ်ငွေ့ထွက်ရှိမှုကျဆင်း လာခြင်းကြောင့်လည်း ဥရောပဒေသ ဓါတ်ငွေ့ဈေးကွက်အပေါ်အကြီးအကျယ် ဂယက်ရိုက်စေခဲ့တယ်လို့လည်း သိရပါတယ်။

အီးယူ ဓါတ်ငွေ့ဈေးကွက်မှာဆိုရင် ယင်းရဲ့ စွမ်းအင်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အါတွက် ပြင်ပနိုင်ငံတွေကိုပဲ ပိုမိုအား ထားလာနေရပြီဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်တုန်းကတော့ ဥရောပနဲ့ယူရေးရှန်းဒေသ နိုင်ငံတွေဟာ ဓါတ်ငွေ့သုံးစွဲမှု ကုဗမီတာ ၁ ထရီလီယံထိ ရှိခဲ့တယ်လို့ သိရပါတယ်။

ယခုလို နိုင်ငံမှာ သဘာဝဓါတ်ငွေ့ထုတ်လုပ်မှု ကန့်သတ်ဖို့လုပ်ဆောင်တာနဲ့အတူ ဈေးနှုန်းတွေ ကျဆင်းနေခဲ့တာကြောင့် အစိုးရရဲ့ အသုံးစရိတ်ဘက်ဂျက်ပိုင်းကို ထိခိုက်မှုတွေ ရှိနေခဲ့ပါတယ်။

ယင်းနိုင်ငံအတွက် သဘာဝဓါတ်ငွေ့ တင်ပို့ရောင်းချရမှုကယခင်နှစ်နှစ်လောက်တုန်းက စုစုပေါင်း ၀င်ငွေရဲ့ ၉ ရာခိုင်နှုန်း
ထိ ရှိခဲ့ရာကနေ ၂၀၁၅ မှာတော့ ၃ ရာခိုင်နှုန်းထိ ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment