Tuesday, August 30, 2016

အမေရိကန်နိုင်ငံရဲ့စီးပွားရေးကျနေတဲ့ ကိစ္စနောက်တက်လာမယ့် သမ္မတသစ်အနေနဲ့ စတင်ကိုင်တွယ်ရမယ်



နောင်တက်လာမယ့် အမေရိကန်သမ္မတသစ်အနေနဲ့ တာဝန်စယူယူချင်းပဲကွန်ဂရက်လွှတ်တော်နဲ့ အတူလက်တွဲပြီး ငွေကြေးပိုမိုသုံးစွဲဖို့အရေး ဦးစားပေးလုပ်ဆောင်သင့်တယ်လို့ ယင်းနိုင်ငံမှာတောင်းဆိုပြောဆိုမှုတွေထွက်ပေါ်နေလျက်ရှိပါတယ်။

ဗဟိုဘဏ်ဥက္ကဌ Janet Yellen လိုမျိုး စီးပွားရေးပညာရှင်တွေနဲ့ အခြားထိပ်သီး ရင်းနှီးမြှုပ်နှံသူတွေက ယင်းအတိုင်း ပြောဆိုနေကြုခင်းလည်းဖြစ်ပါတယ်။

“ ဘဏ္ဍာရေး မူဝါဒအရဆိုရင် တကယ်တမ်း နိုင်ငံတစ်နိုင်ငံမှာ စီးပွားရေး အကျဘက်ကို ရောက်နေပြီဆိုရင် ငွေကြေးစိုက်ထူသုံးစွဲတာက အစဉ်အလာအားဖြင့် အရေးပါတဲ့နေရာမှာ ရှိခဲ့တာပါ၊ အကျပ်အတည်းတစ်ခုဖြစ်လာပြီဆိုရင် အစိုးရရဲ့ ငွေကြေးစိုက်ထူသုံးစွဲမှုက အရေးကြီးတဲ့ကယ်ဆယ်ရေးအစီအစဉ်တစ်ခုဖြစ်တယ်ဆိုတာ လူတိုင်းလက်ခံပါတယ်” ဆိုပြီး ၎င်းက ပြောပါတယ်။

လက်ရှိ နိုင်ငံရဲ့ စီးပွားရေးဟာ အကောင်းဘက်မှာ ရှိနေတယ်ဆိုသော်ငြားလည်း အစိုးရရဲ့ ငွေကြေးသုံးစွဲမှုပိုင်းမှာတော့ တအားကို တင်းကျပ်ချုပ်ထိန်းမှုတွေ ရှိလွန်းနေတယ်လို့ အမျိုးသားစီးပွားရေးရာအဖွဲ့ရဲ့ စစ်တမ်းတစ်ရပ်မှာ စီးပွုားရေးကျွမ်းကျင်ပညာရှင် ၄၃ ရာခိုင်နှုန်းကပြောဆိုသွားကြပါတယ်။

တစ်ချိန်တည်းမှာပဲ ယင်းအကြံပြုစကားတွေအပေါ် လက်ရှိ သမ္မတလောင်းနှစ်ဦးလုံးက လက်သင့်ခံမှုရှိတယ်လို့ သိရပါတယ်။ ဒီမိုကရက်တစ်ဘက်ကဟီလာရီကလင်တန်ဟာဆိုရင်လည်း သူမသာ အနိုင်ရခဲ့မယ်ဆိုရင်ပထမသက်တမ်းမှာ နိုင်ငရဲ့ လမ်း၊တံတားတွေ တိုးတက်စေဖို့အတွက်ဒေါ်လာ ၂၇၅ ဘီလီယံ ရင်းနှီးမြှုပ်နှံလိုတယ်လို့ သိရပါတယ်။ အလားတူထရန့်ကလည်း သူသာ အရွေးခံရမယ်ဆိုရင် ဟီလာရီပြောတဲ့ပမာဏရဲ့ နှစ်ဆ ရင်းနှီးမြှုပ်နှံမယ်လို့ ပြောထားပါတယ်။

လက်ရှိ ယင်းနိုင်ငံအတွက် အခြေခံအဆောက်အအုံပိုင်းဆိုင်ရာမှာတော့ဒေါ်လာ ၃ ဘီလီယံနဲ့ ၄ ဘီလီယံကြား ရင်းနှီးမြှုပ်နှံမှုတွေလိုအပ်နေတယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။

Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment