ပြင်ပ ဈေးကွက်တွင် အမေရိကန်ဒေါ်လာတန်ဖိုးသည် တစ်ရက်အတွင်း တစ်ဒေါ်လာလျှင်၂၂ ကျပ်ခန့်ဖြင့် ဈေးကစားမှုဖြစ်ပြီး အရောင်းအဝယ် ရပ်တန့်လုနီးပါး ဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။
ဩဂုတ် ၂၄ ရက်တွင် ပြင်ပ ဈေးကွက်၌ အမေရိကန်ဒေါ်လာ သည် နံနက်ဈေးဖွင့်ချိန်တွင် တစ် ဒေါ်လာလျှင် ၁,၂၃၁ ကျပ်ဖြင့် စတင်ခဲ့ပြီး ညနေဈေးပိတ်ချိန်တွင် ၁,၂၀၉ ကျပ်သို့ ပြန်လည်ကျဆင်းခဲ့သည်။
တစ်ရက်အတွင်း ဈေးနှုန်း အပြောင်းအလဲ ကြီးမားခြင်းကြောင့် ပြင်ပဈေးကွက်တွင် အရောင်းအဝယ် ရပ်တန့်သွားကြောင်း ပြင်ပငွေလဲဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။
‘‘တစ်ရက်အတွင်း အတက် အကျများတာက လူတစ်ဦး၊ အဖွဲ့အစည်းတစ်ခုရဲ့ ဈေးကစားမှု ကြောင့်ပါ၊ ဘယ်သူတွေဈေးက ကစားလဲဆိုတာကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက စိစစ်စစ်ဆေး ဖော်ထုတ်မှာပါ။ ဗဟိုဘဏ်အနေနဲ့ကတော့ ဈေးကွက်မှာ ရုတ် တရက်အပြောင်းအလဲဖြစ်တဲ့အ ပေါ် ထိန်းညှိမှုတွေလုပ်ဆောင် လေ့မရှိဘူး’’ဟု မြန်မာနိုင်ငံ ဗဟို ဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ဗဟိုဘဏ်အနေဖြင့် ငွေလဲ နှုန်းတည်ငြိမ်ရန် ပြင်ပဈေးကွက် ကိုလိုက်ပြီး ရည်ညွှန်းငွေလဲနှုန်း ဖြင့် ထိန်းညှိပေးနေသော်လည်း ထူးခြားသည့် လိုအပ်ချက်မျိုး မဟုတ်သဖြင့် ဈေးကွက်အတွင်း သို့ ဝင်ရောက်ထိန်းညှိမည်မဟုတ် ဟု ၎င်းက ပြောသည်။
သွင်းကုန်များပြီး ပို့ကုန်နည်း သဖြင့် ကုန်သွယ်မှုလိုငွေ ပြနေ ခြင်းကြောင့် အမေရိကန်ဒေါ်လာ ဈေးနှုန်း ဆက်လက် မြင့်တက် နိုင်သည်ဟု စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အစိုးရ၏ ရက် ၁၀၀ သတင်းစာရှင်းလင်းပွဲ ၌ ပြောသည်။
အမေရိကန်ဒေါ်လာတန်ဖိုး ရုတ်တရက်အပြောင်းအလဲသည် ကုန်သွယ်ရေးလုပ်ငန်းအတွက် ဆုံးရှုံးမှုများ ရှိလာမည်ကို ပို့ကုန် လုပ်ငန်းရှင်အချို့က စိုးရိမ်နေပြီး လက်ရှိ ပို့ကုန်လုပ်ငန်းများ ကျ ဆင်းနေသဖြင့် ငွေလဲနှုန်းမတည် ငြိမ်ပါက ဆုံးရှုံးမှုပိုများနိုင်ကြောင်း ပြည်ပပို့ကုန်လုပ်ငန်းရှင်အချို့က ဆိုသည်။
အမေရိကန်ဒေါ်လာ တန်ဖိုး မြင့်တက်ရခြင်းသည် မြန်မာနိုင်ငံ မှ ဝယ်ယူသော ကုန်ပစ္စည်းများကို ဖမ်းဆီးမှုများကြောင့် ထိုင်း၊ အိန္ဒိယနိုင်ငံတို့မှ တစ်ဆင့်ခံကုန် သွယ်ရေးဖြင့် တင်သွင်းထားသော သကြား၊ စက်သုံးဆီများအပါအ ဝင် ကုန်ပစ္စည်းများ တရုတ်နိုင်ငံ သို့ ရောင်းချမရဘဲ ပြည်တွင်း၌ ကျန်ရှိနေခြင်း၊ အိန္ဒိယနိုင်ငံက ပဲ မျိုးစုံဝယ်ယူမှုကို တစ်လကျော်ကြာ ရပ်နားထားခြင်းတို့ကြောင့် နိုင်ငံခြားငွေအဝင်မရှိသဖြင့် ငွေ ရှားပြီး ဒေါ်လာဈေးမြင့်တက်လာ ခြင်းဟု ကုန်သည်အချို့က ပြော ကြားသည်။
Credit To >>> 7 Day Daily
0 comments:
Post a Comment