Friday, July 8, 2016

ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ ပြောကြားချက် အစိုးရက တစ်ပတ်အတွင်း ဖြေရှင်းပေးရန် မဘသတောင်းဆို

မဘသအဖွဲ့မလိုအပ် ကြောင်း ပြောကြားခဲ့သော ရန် ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ပတ်သက်၍ အစိုးရ တာဝန်ရှိသူများက တစ် ပတ်အတွင်း (ဇူလိုင် ၁၄ ရက် နောက်ဆုံးထား၍) ဖြေရှင်းပေး ရန် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) က လေးနက်စွာ တောင်းဆိုကြောင်း သဘောထားထုတ်ပြန်သည်။

တစ်ပတ်အတွင်း မဖြေရှင်း ပေးပါက တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ဆန္ဒဖော်ထုတ်မည် ဖြစ်ပြီး လက်မှတ်ရေးထိုးကောက်  ခံမည့် လှုပ်ရှားမှုများပါ ပြုလုပ် မည်ဖြစ်ကြောင်း မဘသဦးဆောင် ဆရာတော် ဦးဝီရသူက မီဒီယာ များအား မိန့်ကြားသည်။
‘‘ပြောလို့ရတဲ့အကြောင်းအ ရာတွေက နံပါတ်(၁) ဆန္ဒထုတ် ဖော်သင့်ရင် ထုတ်ဖော်ရမယ်။ နံပါတ်(၂) Right to Recall အ တွက် လက်မှတ်ကောက်ခံသင့်ရင်ကောက်ခံရမယ်’’ဟု ဦးဝီရသူက မိန့်ကြားသည်။
အင်းစိန်မြို့နယ် ရွာမပရိ ယတ္တိ စာသင်တိုက်တွင် ဇူလိုင် ၇ ရက်က ပြုလုပ်ခဲ့သော မဘသ ဦး ဆောင်ဆရာတော်များ အထူး အစည်းအဝေးအပြီး၌ အချက် ခြောက်ချက်ပါသော ထုတ်ပြန် ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
‘မဘသအဖွဲ့ မလိုအပ်ပါ’ဟု ပြောကြားခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်ပတ်သက်၍ တာဝန်ယူဖြေရှင်းပေးရန် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ထံ မေတ္တာရပ်ခံလွှာပေးပို့မည်။ ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးထံသို့လည်း မေတ္တာရပ်ခံလွှာပေးပို့မည်ဟု ဆိုသည်။
နိုင်ငံတော်အစိုးရ တာဝန်ရှိ သူများက ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏  အ မျိုးဘာသာ သာသနာကိုကာကွယ် စောင့်ရှောက်နေသည့် မဘသ အဖွဲ့အစည်းအဝေးအပေါ် မလို မုန်းထား ရန်ငြိုးပွား၍ မတရားကြံ စည် အားထုတ်နေမှုများကိုဇူလိုင် ၁၄ ရက် နောက်ဆုံးထား၍ တာ ၀န်ယူ ဖြေရှင်းပေးရန် လေးနက် စွာ တောင်းဆိုကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
ဦးဖြိုးမင်းသိန်းက စင်ကာပူခရီးစဉ်အတွင်း ဇူလိုင် ၃ ရက်ကနိုင်ငံတော်တွင် တရာဝင်ဖွဲ့စည်းထားသော သံဃာမဟာနာယက(မဟန) ဖွဲ့စည်းထားပြီး အဆင့်ဆင့်သော သံဃအဖွဲ့အစည်းရှိကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ‘မဘသ’ အဖွဲ့ မလိုအပ်ကြောင်း ပြောကြားခဲ့သည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။ ထို့အပြင် ဇူ လိုင် ၆ ရက်ကရန်ကုန်လေဆိပ်၌ ၀န်ကြီးချုပ်၏ ပြောစကားနှင့် ပတ်သက်၍မကျေနပ်သူအချို့က ဆီးကြိုဆန္ဒပြခြင်းအပေါ် ဦးဖြိုးမင်းသိန်းအား သတင်းထောက်များက မေးမြန်းရာ ‘မဘသအဖွဲ့’ မလိုအပ်ကြောင်း ထပ်မံပြောကြားခဲ့သည်။
ဇူလိုင် ၇ ရက်တွင် ဦးဖြိုးမင်းသိန်းက နိုင်ငံတော် သံဃမဟာနာယက ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် အမှူးရှိသော အဖွဲ့ဝင်ဆရာတော်ကြီးများအား သွားရောက်ကြည်ညို သြ၀ါဒခံယူခဲ့ကြောင်း ၎င်း၏ ဖေ့စ်ဘွတ်ခ်တွင် ရေးသားထားသည်။
ထိုသို့ သြ၀ါဒခံယူရာတွင် ဆရာတော်ဘုရားကြီးများက ဗုဒ္ဓ သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးအတွက် ဆရာ၊ ဒကာ ညီညွတ်စွာ ဆောင်ရွက်ကြရန် လမ်းညွှန်သြ၀ါဒ မိန့်ကြားကြောင်း ဖော်ပြထားသည်။
‘မဘသအဖွဲ့’ သဘောထား ထုတ်ပြန်ချက်နှင့်ပတ်သက်၍ အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်အဖွဲ့၏ အ တွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန် သို့ ဆက်သွယ်မေးမြန်းရာ ‘‘ဘာ မှ မမြင်ရတဲ့အတွက် ဘာမှမပြော ချင်ပါဘူး’’ဟု ပြန်လည်ဖြေကြား သည်။
ရန်ကုန်တိုင်းဒေသကြီး ၀န် ကြီးချုပ်ထံသို့ ဆက်သွယ်မေးမြန်း ရာတွင်လည်း ယင်းကိစ္စနှင့်ပတ် သက်၍ တစ်စုံတစ်ရာ ပြောကြား ခွင့်မရှိကြောင်း တာဝန်ရှိသူတစ် ဦးက ဖြေကြားခဲ့သည်။
သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး သူရဦးအောင်ကိုထံသို့ ဆက် သွယ်ရာ တာဝန်ရှိသူတစ်ဦးက ဖြေကြားပိုင်ခွင့်မရှိ၍ ၀န်ကြီး၏ သတင်းနှင့် ပြန်ကြားရေးအဖွဲ့ထံ သို့သာ ဆက်သွယ်ရန်ပြောသည်။ သတင်းနှင့် ပြန်ကြားရေးအဖွဲ့ထံ သို့ ဆက်သွယ်ရာ ဖုန်း အဆက် အသွယ်မရခဲ့ပေ။
မဘသဟု လူသိများသည့် အမျိုးဘာသာ သာသနာစောင့် ရှောက်ရေးအဖွဲ့ကို ၂၀၁၃ ဇွန်လ ၂၇ ရက်က ပြုလုပ်သည့် အင်းစိန် သံဃာ့ညီလာခံတွင် ဒေသအသီး သီးမှ ကြွရောက်လာသည့် သံဃာ တော်အပါး ၁,၃၅၀ ကျော်တို့၏ သဘောတူ အတည်ပြုချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment