Wednesday, April 27, 2016

အပစ်ရပ်ရေးအတွက် ယခင်ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် မတွေ့ဆုံလိုကြောင်း လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့စုပေါင်းကြေညာချက်ထုတ်

အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးဆွေးနွေးရေး အလွတ်သဘောတွေ့ဆုံရန် ကမ်းလှမ်းလာမှုနှင့် ပတ်သက်၍ မြန်မာ့တပ်မတော်ဘက်မှ ငြိမ်းချမ်းရေးဆွေးနွေးရန် တာဝန်ပေးထား သည့် အငြိမ်းစားဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦးအပါအ၀င် ယခင်မြန် မာ့ငြိမ်းချမ်းရေးဖော်ဆောင်သည့် ကိုယ်စားလှယ်များနှင့် မတွေ့ဆုံ လိုကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးဖွဲ့က စုပေါင်း ကြေညာချက်ထုတ်ပြန်သည်။

မြန်မာနိုင်ငံအမှန်တရားနှင့် မျှတမှုအမျိုးသားပါတီ၊ မြန်မာအ မျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNTJP/MNDAA)၊ ပလောင်ပြည်နယ် လွတ်မြောက် ရေးတပ်ဦး၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) နှင့် ရက္ခိုင်အမျိုး သားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်မတော် (ULA/AA) တို့ စုပေါင်းကာ ဧပြီ ၂၆ ရက်စွဲဖြင့် ကြေညာချက်တစ် စောင်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
 အဆိုပါကြေညာချက်တွင် ဒုဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ဇော်ဦး အပါအ၀င် ယခင်မြန်မာ့ငြိမ်းချမ်း ရေးကိုယ်စားလှယ်များက အလွတ်သဘောတွေ့ဆုံရန် ဆက်သွယ်ညှိနှိုင်းခဲ့သည့်အပေါ် မိမိတို့ ကိုးကန့်တပ်မတော်၊ တအာင်းတပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့က မတွေ့ဆုံနိုင်ကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်ဟု ဖော်ပြထားသည်။
‘‘UNFC ကဦးနိုင်ဟံသာတို့ က ကြားဝင်စေ့စပ်ပြီးတော့ လုပ် နေတဲ့ဟာရှိတယ်။ အဲဒီကိစ္စကို ကျွန်တော်တို့က မတွေ့ဘူးဆိုပြီး တော့ အခုတရားဝင်ထုတ်ပြန် တာ’’ဟု ရက္ခိုင်အမျိုးသားအဖွဲ့ ချုပ်၊ ရက္ခိုင့်တပ်မတော် (ULA/AA)၏ ပြန်ကြားရေးတာဝန်ခံ ခိုင် သုခက ပြောသည်။
ပြီးခဲ့သည့် အစိုးရလက်ထက် က NCA (တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး) လက်မှတ်ထိုးနိုင်ခြင်းမရှိခဲ့သလို အပစ်ရပ်ဆွေးနွေးပွဲများတွင် ပါဝင်နိုင်ခြင်းမရှိခဲ့သည့် အထက်ပါတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့နှင့် မြန်မာ့တပ်မတော်က ငြိမ်းချမ်းရေးဆွေးနွေးရန် တာဝန်ပေးထားသည့် အငြိမ်းစားဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ ယခင် UPWC ကိုယ်စား လှယ်များကြား လာမည့်မေလ ပထမပတ်အတွင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်  အလွတ်သဘော တွေ့ဆုံရန် UNFC တာဝန်ရှိသူ များ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။
‘‘မတွေ့ဘူးဆိုတာက ဒီလို ပါ။ အခုလောလောဆယ်မှာတော့ ကျွန်တော်တို့ တိုင်းရင်းသားညီ အစ်ကိုတွေရဲ့ ဒေသတွေ တော် တော်များများမှာ ထိုးစစ်တွေဆင် နေတယ်။ နောက်ပြီးတော့ အခု ကျွန်တော်တို့ ရခိုင်ဒေသမှာဆိုရင် လည်း ရက္ခိုင့်တပ်မတော်တွေကို သူတို့က အပြတ်တိုက်ရေးဆိုပြီး ကြွေးကြော်ပြီးတော့ ထိုးစစ်အကြီး အကျယ်ဆင်နေတယ်။
အဲဒါကြောင့်မို့ ထိုးစစ်ဆင် နေတဲ့ ကာလမျိုးမှာ ကျွန်တော်တို့ က မတွေ့သင့်ဘူးဆိုပြီးတော့ ဆုံး ဖြတ်တဲ့အတွက် ဒါကို ထုတ်ပြန် တာ ဖြစ်ပါတယ်’’ဟု ခိုင်သုခက ဆက်လက်ပြောကြားသည်။
မိမိတို့သုံးဖွဲ့သည် တိုင်းရင်း သားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများနှင့်အတူ NCCT/SD တို့တွင် တက်ကြွစွာပါဝင်ခဲ့ပြီး အားလုံးဆွေးနွေးသဘောတူထားသည့် တစ်နိုင်ငံလုံးဆိုင်ရာအပစ်ရပ်စဲရေးစာချုပ်(NCA)ကို  အားလုံး အတူတကွပါဝင်လက်မှတ်ရေးထိုးလိုသော်လည်း မြန်မာ့တပ်မတော်နှင့် UPWC တို့က သဘောမတူခဲ့ပါ’’ဟုလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့သုံးဖွဲ့မှ စု ပေါင်းထုတ်ပြန်သည့် ကြေညာ ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ကချင်၊ ရှမ်း၊ တအာင်း၊ ကိုးကန့်၊ ရခိုင်အစရှိသည့် တိုင်းရင်းသားဒေသအသီးသီးတို့တွင် မြန်မာ့တပ်မတော်၏ တိုက်ခိုက်ရေးတပ်ဖွဲ့များမှာ ယခုထိ အများအပြားတပ်စွဲနေရာချထားလျက်ရှိသည်။
 မြန်မာ့တပ်မတော်က အကြောင်းပြချက်အမျိုးမျိုးဖြင့် တိုက်ပွဲအရှိန်မြှင့်ရန် ဆောင်ရွက်နေခြင်း၊ လတ်တလောအခြေအနေ၌မြန်မာ့တပ်မတော်ပိုင်မြ၀တီသတင်းစာတွင် ဖော်ပြထားသည့်အတိုင်း ရခိုင်ဒေသ၌ မြန်မာ့တပ်မတော်က ရက္ခိုင့်တပ်မတော်အား အမြစ်ပြတ်ထိုးစစ်ဆင် တိုက်ခိုက်နေမှုများကို ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
Credit To >>> 7Day Daily

0 comments:

Post a Comment