Tuesday, March 15, 2016

ရန်ကုန်-ဒလမြစ်ကူးကြိုးတံတားစီမံကိန်းကြောင့် ဒလအိမ်ခြံမြေဈေး နှစ်ဆခန့် မြင့်တက်နိုင်


ရန်ကုန်- ဒလမြစ်ကူးကြိုးတံတားစီမံကိန်း ကြောင့် ဒလမြို့နယ်ရှိအိမ်ခြံမြေဈေး မှာ နှစ်ဆခန့်မြင့်တက်လာ နိုင်ကြောင်း မြန်မာ နိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအ သင်းမှ သိရှိရသည်။


ရန်ကုန်-ဒလမြစ်ကူးကြိုးတံတား ကို ရန်ကုန်မြို့ ဘုန်းကြီးလမ်း၊ ကမ်း နားလမ်းထိပ်နှင့် ဒလမြို့နယ် ဗိုလ်မင်း ရောင်လမ်းထိပ်အထိ ဆက်သွယ်တည် ဆောက်မည်ဖြစ်ကြောင်း သိရသည်။

''အခု တံတားထိုးမယ့် ဒလမြို့ ကျန်စစ်သားအိမ်ရာဘက်မှာတောင် ပေ ၅၀ ပတ်လည်ကို ကျပ်သိန်း ၂၀၀၀၊ ၂၅၀၀ ခေါ်နေတယ်။ လက်ရှိအခြေ အနေက တံတားကို ပြည်လမ်းမကြီးနဲ့ ဆက်မယ်ဆိုတော့ တံတားပြီးခါနီး အထိ နှစ်ဆလောက်တက်သွားမယ့် အခြေအနေမှာရှိနေတယ်။ အခု ဈေး တက်တာကလည်းအခြေခံပါ'' ဟု မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှု အသင်း ဒုဥက္ကဋ္ဌ ဦးသန်းဦးကပြော သည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေဈေးကွက်မှာအရောင်း အဝယ်အေးနေသော်လည်း ရန်ကုန်- ဒလ မြစ်ကူးကြိုးတံတားစီမံကိန်း သည် နှစ်နိုင်ငံသဘောတူလက်မှတ်ထိုးပြီး အခြေအနေဖြစ်ခြင်းကြောင့် အိမ်ခြံ မြေဈေးများ လှုပ်ခတ်နေခြင်းဖြစ် ကြောင်း သိရသည်။

''တံတားထိုးမယ့် အသံထွက်တာ ကတော့ကြာပြီ။ ၂၀၁၃ ခုနှစ်တုန်း ကဆို ကျန်စစ်သားလမ်းက အကွက် တွေတောင်ကျပ် သိန်း ၅၀၀၀ အထိ ဈေး တက်ခဲ့တယ်။ အခုတံတားဆောက် ဖို့က သေချာပြီ ဆိုတော့ ဈေးတွေ က လည်းတက်နေတာပါပဲ။ ကျွန်တော် ၂၀၀၀ ပြည့်နှစ်က တစ်သိန်းကျော်နဲ့ ဝယ်ထားတာ အခုရာကျော်ရနေ ပါပြီ'' ဟု ဒလမြို့နယ်နေ ဦးမျိုးအောင် ကပြောသည်။

ဒလမြို့နယ်နှင့် ရန်ကုန်မြို့ကို ဆက်သွယ်ပေးမည့် ရန်ကုန်-ဒလ မြစ်ကူးကြိုး တံတားကို မြန်မာ-ကိုးရီး ယားနှစ်နိုင်ငံဖက်စပ်လုပ်ကိုင်သွား မည်ဖြစ်၍ နှစ် နိုင်ငံ သဘောတူစာ ချုပ်ကို ၂၀၁၅ခုနှစ် နိုဝင်ဘာလတွင် လက်မှတ်ရေးထိုး ခဲ့ပြီး ၂၀၁၉ ခုနှစ် တွင် အပြီးတည်ဆောက်မည်ဖြစ် ကြောင်း သိရသည်။

အဆိုပါတံတားစီမံကိန်းသည် သင်္ဘောကြီးများသွားရောက်နိုင်ရန် အတွက် အမြင့်ပေ ၁၆၀ ကျော် တည်ဆောက်သွားမည်ဖြစ်ပြီး အမေ ရိကန်ဒေါ်လာ သန်း ၁၃ဝကျော် ရင်း နှီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

Credit To >>> Democracy Today

0 comments:

Post a Comment