Monday, March 14, 2016

ဒုတိယသမ္မတ သုံးဦးစလုံး နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိကြောင်း ဆုံးဖြတ်


ပြည်ထောင်စု လွှတ်တော်၌ ယနေ့ ( မတ်လ ၁၄ ရက် ) တွင် ကျင်းပခဲ့သည့် နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက်နှင့် ကိုက်ညီမှု ရှိ/ မရှိ အဖြစ် ပြည်သူ့လွှတ်တော်မှ ရွေးချယ်ထားသော ဒုတိယ သမ္မတ ဦးထင်ကျော်၊ အမျိုးသားလွှတ်တော်က ရွေးချယ်ထားသော ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ နှင့် တပ်မတော်က ရွေးချယ်ထားသော ဒုတိယသမ္မတ ဦးမြင့်ဆွေ တို့ကို နိုင်ငံတော်သမ္မတ အရည်အချင်းများနှင့် ပြည့်စုံမှု ရှိ မရှိ စိစစ်ရေး အဖွဲ့မှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားသည့် အခန်း(၃) ပါ နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ အရည်အချင်း သတ်မှတ်ချက်များအတိုင်း ကိုက်ညီမှု ရှိ/ မရှိ စိစစ်ရာတွင် ဦးထင်ကျော်၊ ဦးဟန်နရီ ဗန်ထီးယူနှင့် ဦးမြင့်ဆွေ တို့ကို နိုင်ငံတော်သမ္မတ အရည်အချင်းများနှင့် ပြည့်စုံသူများ ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပါသည်။


ပြည်သူ့လွှတ်တော်မှ ရွေးချယ်ထားသော ဒုတိယသမ္မတ ဦးထင်ကျော်၊ အမျိုးသား လွှတ်တော်မှ ရွေးချယ်ထားသော ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူနှင့် တပ်မတော်မှ ရွေးချယ်ထားသော ဒုတိယသမ္မတ ဦးမြင့်ဆွေ သုံးဦးမှ တစ်ဦးကို မတ်လ ၁၅ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်၌ သမ္မတအဖြစ် မဲခွဲဆုံးဖြတ် ရွေးချယ်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ကြေညာခဲ့ပါသည်။
Credit To >>> Eleven Media Group 

0 comments:

Post a Comment