ပြည်တွင်းကအိုင်တီပညာရှင်တွေအနေနဲ့ပြည်ပကိုသွားရောက်ပညာ
သင်ကြားဖို့မလိုပဲနိုင်ငံတကာပရိုဂရမ်တွေကိုပြည်တွင်းမှာသင်ကြားနိုင်
ဖို့နိုင်ငံတကာ တက္ကသိုလ်တွေကပညာရှင်တွေနဲ့ပူးပေါင်းပြီးဆောင်ရွက်နေ
ပြီဖြစ်တယ်လို့ Myanmar Computer Company (MCC) Training Institute ရဲ့အမှုဆောင် အရာရှိချုပ်ဦးငြိမ်းဦးကပြောပါတယ်။
အထူးသဖြင့်ပြည်တွင်းမှာရှိတဲ့ကွန်ပျူတာပညာရပ်ကိုစိတ်ပါဝင်စားသူတွေ
အနေနဲ့နိုင်ငံတကာကကွန်ပျူတာပညာရပ်တွေကိုကုန်ကျမှုနည်းပါးစွာနဲ့
ပြည်တွင်းမှာလေ့လာသင်ယူနိုင်ဖို့ဆောင်ရွက်ပေးနေတာဖြစ်တယ်လို့ ဦးငြိမ်းဦးကပြောပါတယ်။ကွန်ပျူတာပညာရပ်တွေအပြင်အခြားအိုင်တီ
နည်းပညာတွေကိုပြည်တွင်းမှာလေ့လာသင်ကြားပြီးတဲ့ကျောင်းသား
ကျောင်းသူတွေကိုနိုင်ငံတကာအသိအမှတ်ပြုဘွဲ့လွန်ဒီပလိုမာ၊ဘွဲ့ဒီဂရီတွေ
နဲ့ဒီပလိုမာလက်မှတ်တွေအပြင်ပညာသင်ဆုတွေကိုလည်းပေးအပ်သွား
မှာဖြစ်တယ်လို့ဦးငြိမ်းဦးကပြောပါတယ်။ကျောင်းသားကျောင်းသူတွေ
အနေနဲ့ပြည်တွင်းမှာတက်ရောက်ပညာကြားရတာဖြစ်ပေမယ့်နိုင်ငံတကာ
ရဲ့သင်ရိုးစံချိန်စံညွှန်းတွေနဲ့အညီသင်ကြားပေးတာဖြစ်တဲ့အတွက်အလုပ်
အကိုင်အခွင့်အလမ်းရရှိနိုင်ဖို့အာမခံချက်တွေရရှိမှာဖြစ်တယ်လို့ ဦးငြိမ်းဦး
ကပြောပါတယ်။သင်တန်းပြီးတဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့
ပြည်ပနိုင်ငံတွေမှာဘွဲ့လွန်ဒီပလိုမာ၊မာစတာနဲ့ဘွဲ့လွန်မဟာသိပ္ပံတွေ
သွားရောက်ပညာသင်ယူရာမှာအခြေခံကောင်းတွေရရှိနိုင်ပြီးလိုအပ်တဲ့
ထောက်ခံမှုတွေပြုလုပ်ပေးနေတယ်လို့ဦးငြိမ်းဦးကပြောပါတယ်။သင်ကြား
မှုအပိုင်းမှာနိုင်ငံတကာအဆင့်မီသင်ကြားပေးတာဖြစ်ပေမယ့်သင်ယူလို
သူတွေအနေနဲ့ကြိုးစားအားထုတ်နိုင်မှလိုအပ်တဲ့အခြေခံကောင်းတွေရရှိ
လာနိုင်မှာဖြစ်တယ်လို့စီးပွားရေးသတင်းအချက်အလက်နဲ့နည်းပညာဘွဲ့
ရရှိခဲ့တဲ့ကျောင်းသူတစ်ဦးကပြောပါတယ်။နိုင်ငံတကာကိုသွားရောက်
ပညာသင်ကြားဖို့အခက်အခဲရှိတဲ့ပြည်တွင်းက ကျောင်းသားကျောင်းသူတွေအနေနဲ့ပြည်တွင်းမှာအခြေခံကောင်းတဲ့နည်းပညာ တွေကိုရယူပြီးမျိုးဆက်
သစ်နည်းပညာရှင်တွေဖြစ်ဖို့လေ့လာသင်ယူခွင့်အခွင့်အလမ်းတွေရရှိ
မှာဖြစ်တယ်လို့သိရပါတယ်။ဒီသတင်းကို Central News Bureau က ကျော်နိုင်ထွန်းနဲ့အေးငြိမ်းအောင်တို့ကပေးပို့တာဖြစ်တယ်။
Credit To >>> Central News Bureau
Tuesday, March 15, 2016
အိုင်တီနည်းပညာရပ်များကို နိုင်ငံတကာနည်းတူပြည်တွင်းတွင်သင်ယူနိုင်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment