Tuesday, November 3, 2015

ရန်ကုန်မြို့သစ်စီမံကိန်းမှာလုပ်ငန်းကျယ်ပြန့်ခြင်းကြောင့် တင်ဒါအောင်မြင်သည့်ကုမ္ပဏီကို ကြေညာရန် အချိန်ကာလကြာမြင့်မည်ဟုဆို


ရန်ကုန်မြို့ သစ်စီမံကိန်းမှာ လုပ်ငန်းကျယ်ပြန့် သည့်အတွက် အဆိုပြုတင်ဒါတင် သွင်းသော ကုမ္ပဏီသုံးခုအား ယခု အချိန်ထိ စိစစ်နေဆဲဖြစ်ပြီး တင်ဒါ အောင်မြင်သည့် ကုမ္ပဏီအား ကြေ ညာရန် အချိန်ကာလကြာမြင့်မည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုး ရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြော သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ''ရန် ကုန်မြို့သစ်စီမံကိန်း လုပ်မယ့်နေရာ က ရန်ကုန်မြို့ရဲ့လေးပုံတစ်ပုံလောက် ရှိပါတယ်။ ရန်ကုန်မြို့သစ်စီမံကိန်းက လုပ်ငန်းကလည်းကျယ်ပြန့်တယ်။ ပမာဏလည်းကြီးမားတယ်။ စိစစ် မယ့်ကာလက အသေးစိတ်စိစစ်မှာ ဆိုတော့ အချိန်ကာလကကြာမြင့်ဦး မယ်။ အဲဒီအတွက် အချိန်အတိုင်းအ တာလည်း ပြောဖို့ခက်ပါတယ်။ ရန် ကုန်မြို့သစ်စီမံကိန်းအတွက် တင်ပြ ထားတဲ့ ကုမ္ပဏီသုံးခုထဲကပဲရွေးချယ် သွားမှာပါ။ စိစစ်ပြီးသွားရင် တင်ဒါ အောင်တဲ့ကုမ္ပဏီကို ကြေညာပေး သွားမှာပါ''ဟုပြောသည်။
ရန်ကုန်မြို့သစ်စီမံကိန်း Developer အဆိုပြု တင်ဒါတင်သွင်းသည့် ကုမ္ပဏီသုံးခုအား စိစစ်နေ သည်မှာ ယခုအခါ တစ်လကျော် ကြာမြင့်နေပြီဖြစ်သည်။
ရန်ကုန်မြို့သစ်စီမံကိန်းလုပ်ငန်း လုပ်ကိုင်ရန် အဆိုပြုသည့်ကုမ္ပဏီ သုံးခုမှာ (၁)ရန်ကုန်အနောက်တောင် ဒေသဖွံ့ဖြိုးရေး၊ အများနှင့်သက်ဆိုင်သော ကုမ္ပဏီမှ ရန်ကုန်မြို့သစ် စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမည့် ငွေကြေးပမာဏ မှာ အမေရိကန်ဒေါ် လာ ၁၅ ဘီလီယံဖြင့် အဆိုပြုထား ကြောင်း၊ (၂) Business Capital City Development Co.ltd မှရန်ကုန်မြို့ သစ်စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံ မည့်ငွေကြေးပမာဏမှာ ပြည်တွင်း၊ ပြည်ပ ဘဏ်များမှ ချေးငွေရယူခြင်း နှင့် ရှယ်ယာခေါ်ယူခြင်း/ ဒါရိုက် တာများပိုင်ဆိုင်သည့် ရင်းနှီးမြှုပ်နှံ မှုဖြင့် အဆိုပြုထားပြီး၊ (၃)ရွှေပုပ္ပား အပြည်ပြည်ဆိုင်ရာ ဆောက်လုပ် ရေးကုမ္ပဏီလီမိတက်မှ ရန်ကုန်မြို့ သစ်စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံ မည့် ငွေကြေးပမာဏမှာ မြန်မာငွေ ကျပ် ၅၀၀ ဘီလီယံနှင့် ပြည်တွင်း၊ ပြည်ပဘဏ်များမှ ချေးငွေရယူခြင်း ဖြင့် အဆိုပြုထားပြီး အဆိုပြုသည့် ကုမ္ပဏီသုံးခုစလုံး၏ အခြေခံအချက် များတင်ပြမှုမှာ ပြည့်စုံမှုရှိကြောင်း တင်ဒါခေါ်ယူရေးလုပ်ငန်းအဖွဲ့မှ သိရသည်။

Credit To >>> Democracy News 

0 comments:

Post a Comment