မြန်မာနိုင်ငံမှာ မဘသက မျိုးစောင့်ဥပဒေ ပြဌာန်းနိုင်အောင်
ကြိုးစားနိုင်ပြီးတဲ့နောက် ထိုင်းနိုင်ငံက ဗုဒ္ဓဘာသာဝင် တချို့ကလည်း
ဗုဒ္ဓဘာသာကသာ ထိုင်းနိုင်ငံတော်ရဲ့ ဘာသာ ဆိုတာကို ပြဌာန်းနိုင်ဖို့
ကြိုးစားနေကြပါတယ်။
ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပိုက်လိုက်ပြီးနောက် ပြည်သူတွေ
ကြိုက်နှစ်သက်မှုနည်းပါးချိန်မှာပဲ မျက်နှာရလာအောင် ဘာသာရေးကို
အသုံးချပြီး လုပ်ဆောင်မှာကိုလည်း ကျွမ်းကျင်သူတွေက စိုးရိမ်နေကြပါတယ်။
ထိုင်းနိုင်ငံမှာ အခုလောလောဆယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲနေပြီး
အဲဒီအထဲမှာ ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာထည့်ဖို့ ဗုဒ္ဓဘာသာ တချို့က
လိုလားနေတာ ဖြစ်ပါတယ်။
မျိုးစောင့်ဥပဒေ ပြဌာန်းနိုင်ဖို့ မဘသက လက်မှတ်ထိုး ထောက်ခံမှု
တောင်းခဲ့သလို အခုလည်း ထိုင်းနိုင်ငံမှာ လက်မှတ်ထိုး
ထောက်ခံမှုတွေလုပ်ဖို့ လှုပ်ရှားနေကြပါတယ်။
မွတ်စလင်တွေဟာ ထိုင်းနိုင်ငံ အနှံ့မှာ မြေယာတွေ ဝယ်ပြီး ဗလီဆောက်ဖို့
စီစဉ်နေတဲ့အတွက် ဗုဒ္ဓဘာသာ မပျောက်ကွယ်သွားအောင် ကာကွယ်ကြလို့
သတင်းဖြန့်ပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ထိုင်းအစိုးရရဲ့ စာရင်းတွေအရ ထိုင်းနိုင်ငံမှာ ဗုဒ္ဓဘာသာ
ကိုးကွယ်တဲ့ ဦးရေ ကျဆင်းသွားတာမျိုး မရှိတဲ့အပြင် ဘုရား
ပုထိုးတည်ဆောက်မှုက ၁၅% တိုးလာပြီး ဘုန်းကြီးအပါးပေါင်း
သုံးသိန်းခွဲလောက် ရှိတယ်လို့ ပြသထားပါတယ်။
ဗုဒ္ဓဘာသာဝင်တချို့က ထိုင်းနိုင်ငံ တောင်းပိုင်းက ပြဿနာကို ဘာသာရေး ပြဿနာလို ရေးသားမှုတွေ ရှိတယ်လို့ သုံးသပ်ကြပါတယ်။
တောင်ပိုင်းမှာ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ဗုဒ္ဓဘာသာ ရဟန်းတွေ အသတ်ခံရတာတွေ ရှိပါတယ်။
အဲဒီမှာ ထိုင်းနိုင်ငံသား တစ်ယောက်က ဘုန်းကြီး တစ်ပါးသေဆုံးမှုအတွက်
ဗလီတစ်လုံးကို မီးရှို့ဖျက်ဆီးရမယ်လို့ ဖေ့စ်ဘွတ်မှာ ရေးထားတာကို
လူကြိုက်များခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအထဲမှာ ထိုင်းတစ်ယောက်ကတော့
အဲဒီလို အကြမ်းဖက်တဲ့ အတွေးအခေါ်ကို လက်မခံနိုင်တဲ့အကြောင်း ဒီလို
လုပ်ဆောင်ချက်ဟာ လောင်နေတဲ့ မီးပေါ်ကို လောင်စာတွေ ထပ်ဖြည့်ထည့်သလိုပဲ
ဖြစ်တယ်ဆိုပြီး မှတ်ချက်ပြုထားပါတယ်။
Credit To >>> Thit Htoo Lwin
Thursday, November 5, 2015
မဘသလုပ်ဆောင်ချက်မျိုး ထိုင်းမှာလည်း လုပ်ရှားနေ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment